သတုိ႔သမီးနဲ႔ရည္းစားေဟာင္းတို႔ခ်ံဳးပြဲခ်ငိုခဲ့လို႔ သတို႔သားရပ္ၾကည့္ခဲ့ရတဲ့မဂၤလာပြဲ


Zawgyiျဖင့္ဖတ္ရန္

ခင္ဗ်ားသာဆိုရင္ ရည္းစားေဟာင္းရဲ႕မဂၤလာပြဲကို သြားတက္မွာလား။ ေတာ္ေတာ္မ်ားမ်ားကေတာ့ သိပ္ခ်စ္ရတဲ့ခ်စ္သူရဲ႕မဂၤလာပြဲကို မတက္ခ်င္ၾကပါဘူး။ မ်က္ႏွာပူတာတုိ႔၊ သူနဲ႔ပတ္သက္တဲ့ခံစားခ်က္ေတြ ရင္ထဲအျပည့္ရွိေနဆဲမလို႔ တျခားလူတစ္ေယာက္နဲ႔ လက္ထပ္သြားတာ မၾကည့္ရဲတာမ်ိဳးတို႔ေၾကာင့္ပါ။ ဒါေပမဲ့ RachFeed မွာ ေဖာ္ျပထားတဲ့ သတင္းတစ္ပုဒ္မွာေတာ့ အဲဒီလိုမဟုတ္ခဲ့ပါဘူး။

မဂၤလာပြဲႀကီးမွာ သတုိ႔သမီးရဲ႕သူမရည္းစားေဟာင္းတို႔ ခ်ံဳးပြဲခ်ငိုပြဲဆင္ခဲ့ပါတယ္ဆုိၿပီး ဗီဒီယိုတစ္ခုတင္ထားခဲ့တာပါ။ မူရင္းကေတာ့ AkocAne Kulitz FUN PAGE ဆိုတဲ့ Facebook page တစ္ခုမွျဖစ္ပါတယ္။ ဗီဒီယိုထဲမွာေတာ့ ပြဲက်င္းပေနတဲ့ စတိတ္စင္ေပၚဝယ္ မဂၤလာသတုိ႔သားနဲ႔သတို႔သမီးတို႔ မတ္တပ္ရပ္ေနခဲ့ၿပီး ေဘးမွာေတာ့ ေရႊဝါေရာင္ကုတ္အက်ႌဝတ္ထားတဲ့ အမ်ိဳးသားတစ္ေယာက္လည္း ရွိေနခဲ့ပါတယ္။

ၾကည့္ရတာ အဲဒီကုတ္အက်ႌေရႊဝါေရာင္ဝတ္ထားတဲ့အမ်ိဳးသားဟာ ငိုေနပံုမေပါက္ေနဘူးလား။ တကယ္လည္း ငိုေနခဲ့တာပါတဲ့ေလ။ Rach Feed ရဲ႕ေဖာ္ျပခ်က္အရ အဲဒီအမ်ိဳးသားဟာ သတို႔သမီးရဲ႕ ရည္းစားေဟာင္းတစ္ေယာက္ျဖစ္ၿပီး မဂၤလာပြဲကိုတက္ေရာက္လာခဲ့တာပါတဲ့။ ေနာက္ေတာ့ ဧည့္သည္ေတြမဂၤလာေမာင္ႏွံကို ဂုဏ္ျပဳစကားေျပာတဲ့အစီအစဥ္မွာ ရည္းစားေဟာင္းကစင္ေပၚတက္လာကာ စကားေျပာ၊ မဂၤလာလက္ဖြဲ႕ကိုလည္းေပးအပ္ခဲ့ရင္း ရုတ္တရင္သတို႔သမီးကို ဖက္လိုက္ပါေတာ့တယ္။

ဖက္ဖက္ၿပီးခ်င္းပဲ ခံစားခ်က္ေတြထိန္းမႏုိင္လို႔ ငိုခ်မိလိုက္တဲ့ပံုပါပဲ။ ခ်စ္ခဲ့ရသူတစ္ေယာက္လံုး ကိုယ့္အေရွ႕မွာ စကားေတြျေပာရင္းငိုေနတာကိုေတြ႕ေတာ့ သတို႔သမီးကလည္း ေရာေယာင္ကာ လိုက္ငိုရင္း ပြဲကေတာ့ ေတာ္ေတာ္ေလးကိုစီသြားခဲ့ပါေတာ့တယ္။ တကယ္တမ္းေၾကာင္အမ္းအမ္းျဖစ္ခဲ့ရသူကေတာ့ သတုိ႔သားရယ္ပါ။ ကုိယ့္ရဲ႕သတို႔သမီးေလးကို ရည္းစားေဟာင္းက လူတုိင္းဝုိင္းၾကည့္ေနတဲ့စင္ေပၚႀကီးမွာ ဖက္ခ်လိုက္တဲ့အတြက္ေၾကာင့္ သူ႕ခင္ဗ်ာလည္း ဘာလုပ္လိုု႔လုပ္ရမွန္းမသိတဲ့ပံုပါပဲ။ ဒါေပမဲ့လည္း စိတ္သေဘာထားႀကီးစြာနဲ႔ လူႀကီးလူေကာင္းပီပီ ရည္းစားေဟာင္းအမ်ိဳးသားကို လက္ဆြဲေတာင္ ႏႈတ္ဆက္ခဲ့ပါေသးတယ္။

ဗီဒီယိုကိုၾကည့္ၿပီး လူေတြကေတာ့ သတို႔သားေနာက္ကြယ္မွာ သတို႔သမီးနဲ႔ရည္းစားေဟာင္းတို႔ အေနအထုိင္ကင္းရွင္းပါေစဆိုၿပီး ဆုေတာင္းေနၾကပါေတာ့တယ္။ ဗီဒီယိုဖုိင္ေလးကို ၾကည့္လိုက္ၾကပါဦး။

Penny

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

သတို့သမီးနဲ့ရည်းစားဟောင်းတို့ချုံးပွဲချငိုခဲ့လို့ သတို့သားရပ်ကြည့်ခဲ့ရတဲ့မင်္ဂလာပွဲ

ခင်ဗျားသာဆိုရင် ရည်းစားဟောင်းရဲ့မင်္ဂလာပွဲကို သွားတက်မှာလား။ တော်တော်များများကတော့ သိပ်ချစ်ရတဲ့ချစ်သူရဲ့မင်္ဂလာပွဲကို မတက်ချင်ကြပါဘူး။ မျက်နှာပူတာတို့၊ သူနဲ့ပတ်သက်တဲ့ခံစားချက်တွေ ရင်ထဲအပြည့်ရှိနေဆဲမလို့ တခြားလူတစ်ယောက်နဲ့ လက်ထပ်သွားတာ မကြည့်ရဲတာမျိုးတို့ကြောင့်ပါ။ ဒါပေမဲ့ RachFeed မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။

မင်္ဂလာပွဲကြီးမှာ သတို့သမီးရဲ့သူမရည်းစားဟောင်းတို့ ချုံးပွဲချငိုပွဲဆင်ခဲ့ပါတယ်ဆိုပြီး ဗီဒီယိုတစ်ခုတင်ထားခဲ့တာပါ။ မူရင်းကတော့ AkocAne Kulitz FUN PAGE ဆိုတဲ့ Facebook page တစ်ခုမှဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ပွဲကျင်းပနေတဲ့ စတိတ်စင်ပေါ်ဝယ် မင်္ဂလာသတို့သားနဲ့သတို့သမီးတို့ မတ်တပ်ရပ်နေခဲ့ပြီး ဘေးမှာတော့ ရွှေဝါရောင်ကုတ်အင်္ကျီဝတ်ထားတဲ့ အမျိုးသားတစ်ယောက်လည်း ရှိနေခဲ့ပါတယ်။

ကြည့်ရတာ အဲဒီကုတ်အင်္ကျီရွှေဝါရောင်ဝတ်ထားတဲ့အမျိုးသားဟာ ငိုနေပုံမပေါက်နေဘူးလား။ တကယ်လည်း ငိုနေခဲ့တာပါတဲ့လေ။ Rach Feed ရဲ့ဖော်ပြချက်အရ အဲဒီအမျိုးသားဟာ သတို့သမီးရဲ့ ရည်းစားဟောင်းတစ်ယောက်ဖြစ်ပြီး မင်္ဂလာပွဲကိုတက်ရောက်လာခဲ့တာပါတဲ့။ နောက်တော့ ဧည့်သည်တွေမင်္ဂလာမောင်နှံကို ဂုဏ်ပြုစကားပြောတဲ့အစီအစဉ်မှာ ရည်းစားဟောင်းကစင်ပေါ်တက်လာကာ စကားပြော၊ မင်္ဂလာလက်ဖွဲ့ကိုလည်းပေးအပ်ခဲ့ရင်း ရုတ်တရင်သတို့သမီးကို ဖက်လိုက်ပါတော့တယ်။

ဖက်ဖက်ပြီးချင်းပဲ ခံစားချက်တွေထိန်းမနိုင်လို့ ငိုချမိလိုက်တဲ့ပုံပါပဲ။ ချစ်ခဲ့ရသူတစ်ယောက်လုံး ကိုယ့်အရှေ့မှာ စကားတွြေပောရင်းငိုနေတာကိုတွေ့တော့ သတို့သမီးကလည်း ရောယောင်ကာ လိုက်ငိုရင်း ပွဲကတော့ တော်တော်လေးကိုစီသွားခဲ့ပါတော့တယ်။ တကယ်တမ်းကြောင်အမ်းအမ်းဖြစ်ခဲ့ရသူကတော့ သတို့သားရယ်ပါ။ ကိုယ့်ရဲ့သတို့သမီးလေးကို ရည်းစားဟောင်းက လူတိုင်းဝိုင်းကြည့်နေတဲ့စင်ပေါ်ကြီးမှာ ဖက်ချလိုက်တဲ့အတွက်ကြောင့် သူ့ခင်ဗျာလည်း ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ပုံပါပဲ။ ဒါပေမဲ့လည်း စိတ်သဘောထားကြီးစွာနဲ့ လူကြီးလူကောင်းပီပီ ရည်းစားဟောင်းအမျိုးသားကို လက်ဆွဲတောင် နှုတ်ဆက်ခဲ့ပါသေးတယ်။

ဗီဒီယိုကိုကြည့်ပြီး လူတွေကတော့ သတို့သားနောက်ကွယ်မှာ သတို့သမီးနဲ့ရည်းစားဟောင်းတို့ အနေအထိုင်ကင်းရှင်းပါစေဆိုပြီး ဆုတောင်းနေကြပါတော့တယ်။ ဗီဒီယိုဖိုင်လေးကို ကြည့်လိုက်ကြပါဦး။

Penny

Credit:Shwemom

မှတ်ချက်များ