Zawgyi ျဖင့္ဖတ္ရန္
သိန္းတစ္ေထာင္ဆုေပါက္ခဲ့သည့္ ထီလက္မွတ္အား ေရာင္းခ်သူမွ ထီထိုးထားသူထံ ေပးအပ္ျခင္းမျပဳပဲ ရယူထားမႈႏွင့္ ပတ္သက္၍ ထီေရာင္းခ်ခဲ့သူကို က်ပ္သိန္းႏွစ္ေထာင္ ရလိုမူျဖင့္ ထပ္မံအမူဖြင့္ထားေၾကာင္း အဆိုပါအမႈကို လိုက္ပါေဆာင္႐ြက္ေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာၾကားသည္။ရွစ္ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲတြင္ က်ပ္သိန္း တစ္ေထာင္ဆု ေပါက္ခဲ့သည့္ ထီလက္မွတ္အား ထီထိုးထားသူထံ ေပးအပ္ျခင္းမျပဳဘဲ ရယူထားသျဖင့္ ထီထိုးထားသူက ေရာင္းခ်သူကို အမႈဖြင့္ထားျခင္း ျဖစ္သည္။ ျဖစ္စဥ္မွာ စစ္ကိုင္းၿမိဳ႕နယ္ မင္းကြန္းတိုက္နယ္ ျမသိန္းတန္ေစတီအနီးရွိ ထီဆိုင္မွ ထိုးထားသည့္ ထီနံပါတ္ ကခ-၁၂၃၅၉၃ မွာ က်ပ္သိန္း တစ္ေထာင္ဆု ေပါက္ခဲ့သျဖင့္ ယင္းထီလက္မွတ္ကို ထီဆိုင္ ကိုယ္စားလွယ္ထံမွ ေတာင္းယူရာ မေပးခဲ့ေၾကာင္း၊ ေအာက္တိုဘာ ၃ ရက္တြင္ ထီထိုးထားသူ မဇင္ဇင္က မင္းကြန္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ထီဆိုင္ပိုင္ရွင္၏ အစ္မႏွင့္ ညႇိႏႈိင္းခဲ့ေသာ္လည္း ထီလက္မွတ္ကို မေပးႏိုင္ေၾကာင္း ေျပာဆိုခဲ့သျဖင့္ ေအာက္တိုဘာ ၇ ရက္တြင္ ထီထိုးခဲ့သူ မဇင္ေမထြန္းက မင္းကြန္းတိုက္နယ္ရဲစခန္းတြင္ ယုံၾကည္မႈကို အလြဲသုံးစားမႈျဖင့္ ကနဦးအမႈဖြင့္ခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ႏိုဝင္ဘာ ၁၃ ရက္တြင္ တရားမမႈျဖင့္ ထပ္မံအမႈဖြင့္ခဲ့ၿပီး ယင္းအမႈႏွင့္ ပတ္သက္ၿပီး ႏိုဝင္ဘာ ၂၈ ရက္တြင္ ႐ုံးခ်ိန္းေခၚယူထားၿပီး စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။” တရားမအမႈ လာတင္တာပါ။ ျပစ္မူအေနနဲ႔က အမူဖြင့္ထားၿပီးပါၿပီ။ တရားမမႈက ၈ ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲမွာ သိန္းတစ္ေထာင္တန္ ေပါက္မဲလက္မွတ္ ပိုင္ရွင္အစစ္က မဇင္ဇင္ ျဖစ္ေၾကာင္းနဲ႔ လိမ္လည္ထုတ္သြားတဲ့ ေပါက္မဲဆု သိန္းတစ္ေထာင္နဲ႔ နစ္နာေၾကး သိန္းတစ္ေထာင္ စုစုေပါင္း သိန္းနစ္ေထာင္ ရလိုမႈနဲ႔ ဒီေန႔စတင္စြဲတာပါ” ဟု တရားလြတ္ေတာ္ေရွ႕ေန ဦးသိနိးသန္းဦးက ေျပာၾကားသည္။
ထို႔ျပင္ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသိန္းဦးက “ထီလက္မွတ္က ေအာင္ဘာေလသိန္းဆုဌာန စည္းမ်ဥ္းအရ ထီလက္မွတ္ျပတဲ့သူက ပိုင္ရွင္ ဒါက မွန္တယ္။ ေကာက္ရတဲ့သူက ပိုင္ရွင္ ဒါဆိုရင္ ဓားျပတိုက္ၿပီး ထီလက္မွတ္ထုတ္ၿပီး ေပးလိုက္မွာလား။ သူခိုးက ခိုးၿပီး ထုတ္လိုက္ရင္ ေပးလိုက္မွာလား ဆိုတဲ့ ဥပေဒျပသာနာ ရွိတယ္။ ဒါေတြကို ရွင္းဖို႔အခ်ိန္တန္ၿပီး တရားမွ်တမူအတြက္ ဒီအမႈကို ကြၽန္ေတာ္တို႔ လိုက္ပါေဆာင္႐ြက္ေပးျခင္း ျဖစ္တယ္။ ထီလက္မွတ္ ေပ်ာက္သြားရင္ တရားစြဲလို႔ရတယ္။ ကိုယ္က ထီထိုးထားၿပီး ထီလက္မွတ္ ေပ်ာက္သြားၿပီး ဘယ္သူလက္ထဲမွ ေရာက္မသြားဘူးဆိုရင္ ေအာင္ဘာေလ သိန္းဆုဌာန ၫြန္ၾကားေရးမႉးကို တရားၿပိဳင္အျဖစ္ထားၿပီး မိမိ ေပါက္မဲလက္မွတ္ ဒီေလာက္ ဒီေလာက္ ပိုင္ရွင္ျဖစ္ေၾကာင္းကို တရား႐ုံးကေန ေတာင္းရမယ္။ အဲဒီ ဒီဂရီရရင္ ေအာင္ဘာေလ သိန္းဆုဌာနမွာ ထုတ္ခြင့္ရွိပါတယ္။ အခုျဖစ္စဥ္က မခံႏိုင္စရာမို႔ ကြၽန္ေတာ္တို႔က ဝင္ပါရတယ္” ဟု ဆက္လက္ေျပာၾကားသည္။
ထိုသို႔ ထီလက္မွတ္ဖိုး ေငြေပးေခ်၍ ထီထိုးခဲ့ၿပီး အဆိုပါထီမွ က်ပ္သိန္းတစ္ေထာင္ဆု ေပါက္ခဲ့ေသာ္လည္း ထီဆိုင္ပိုင္ရွင္က ထီလက္မွတ္ ထုတ္မေပးေသာေၾကာင့္ မင္းကြန္းတိုက္နယ္ရဲစခန္းတြင္ ထီက်ပ္သိန္း တစ္ေထာင္ ကံထူးသူ မဇင္ေမထြန္းက ထီဆိုင္ပိုင္ရွင္ျဖစ္သူကို လိမ္လည္မႈပုဒ္မ ၄၂၀ ျဖင့္ ယခင္က အမႈဖြင့္ထားခဲ့ၿပီး ယခုတရားမမႈျဖင့္ ထပ္မံ၍ ဖြင့္ထားရာ ႐ုံးခ်ိန္းအေနျဖင့္ ႏိုဝင္ဘာ ၂၈ ရက္တြင္ စတင္ စစ္ေဆးမည္ဟု သိရသည္။
“တရားမမႈ လမ္းေၾကာင္းအရ ဆရာႀကီးနဲ႔ အမူတြဲလာတင္တာပါ။ က်န္တာက ဆရာႀကီး ဆက္လုပ္သြားမွာ ဆိုေတာ့ တရားေရးလမ္းေၾကာင္းကေတာ့ သမီးသိပ္မသိပါဘူး။ သူတို႔ ညီမနစ္ေယာက္နဲ႔ ထပ္ၿပီး ေတြ႕တာတို႔ စကားေျပာတာတို႔ မရွိဘူး။ ထပ္ၿပီးေတြ႕ဆုံညႇိႏိူင္းတာ မရွိဘူး။ ရဲစခန္းကေတာ့ ပုဒ္မ သူတို႔တင္ထားေတြ ျပန္က်လာၿပီ ေျပာတယ္။ တျခားထပ္ၿပီး ရဲစခန္းမႉးက ဘာမွမေျပာပါဘူး” ဟု ထီက်ပ္သိန္း တစ္ေထာင္ ကံထူးသူ မဇင္ေမထြန္းက ေျပာၾကားသည္။
ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလ သိန္းဆုဌာနခြဲမွ ထီလက္မွတ္မ်ားႏွင့္ ပတ္သက္၍ စည္းကမ္းခ်က္မ်ား ထုတ္ျပန္ထားရာတြင္ ထီဆုလက္မွတ္ တင္ျပႏိုင္မွသာ ဆုေငြ ထုတ္ယူခြင့္ရွိၿပီး၊ ထီလက္မွတ္ ဝယ္ယူေၾကာင္း၊ ပိုင္ဆိုင္ေၾကာင္း၊ ေပ်ာက္ဆုံးသြားေၾကာင္းတို႔ႏွင့္ စပ္လ်ဥ္းေသာအခ်က္မ်ား၊ အျငင္းပြားျခင္းမ်ား၊ ကန႔္ကြက္ျခင္းမ်ား စသည္တို႔ကို ေအာင္ဘာေလ သိန္းဆုဌာနခြဲမွ လက္ခံစဥ္းစားေပးမည္ မဟုတ္ဘဲ ထီလက္မွတ္ မတင္ျပႏိုင္ပါက ဆုေငြထုတ္ေပးမည္ မဟုတ္ဘဲ ဆုရလက္မွတ္ တင္ျပႏိုင္သူကိုသာ ဆုေငြရထိုက္သည္ဟု အသိအမွတ္ျပဳမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ ေၾကညာထားသည္။
share from: burmese.asia
ကျပ်သိန်းတစ်ထောင် ပေါက်မဲထီလက်မှတ်ကို မအပ်သော ထီရောင်းချခဲ့သူအား ကျပ်သိန်း ၂ ထောင်ရလိုမှုဖြင့် အမှုဖွင့်
သိန်းတစ်ထောင်ဆုပေါက်ခဲ့သည့် ထီလက်မှတ်အား ရောင်းချသူမှ ထီထိုးထားသူထံ ပေးအပ်ခြင်းမပြုပဲ ရယူထားမှုနှင့် ပတ်သက်၍ ထီရောင်းချခဲ့သူကို ကျပ်သိန်းနှစ်ထောင် ရလိုမူဖြင့် ထပ်မံအမူဖွင့်ထားကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။ရှစ်ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်း တစ်ထောင်ဆု ပေါက်ခဲ့သည့် ထီလက်မှတ်အား ထီထိုးထားသူထံ ပေးအပ်ခြင်းမပြုဘဲ ရယူထားသဖြင့် ထီထိုးထားသူက ရောင်းချသူကို အမှုဖွင့်ထားခြင်း ဖြစ်သည်။ ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် မြသိန်းတန်စေတီအနီးရှိ ထီဆိုင်မှ ထိုးထားသည့် ထီနံပါတ် ကခ-၁၂၃၅၉၃ မှာ ကျပ်သိန်း တစ်ထောင်ဆု ပေါက်ခဲ့သဖြင့် ယင်းထီလက်မှတ်ကို ထီဆိုင် ကိုယ်စားလှယ်ထံမှ တောင်းယူရာ မပေးခဲ့ကြောင်း၊ အောက်တိုဘာ ၃ ရက်တွင် ထီထိုးထားသူ မဇင်ဇင်က မင်းကွန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထီဆိုင်ပိုင်ရှင်၏ အစ်မနှင့် ညှိနှိုင်းခဲ့သော်လည်း ထီလက်မှတ်ကို မပေးနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် အောက်တိုဘာ ၇ ရက်တွင် ထီထိုးခဲ့သူ မဇင်မေထွန်းက မင်းကွန်းတိုက်နယ်ရဲစခန်းတွင် ယုံကြည်မှုကို အလွဲသုံးစားမှုဖြင့် ကနဦးအမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုဝင်ဘာ ၁၃ ရက်တွင် တရားမမှုဖြင့် ထပ်မံအမှုဖွင့်ခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ရုံးချိန်းခေါ်ယူထားပြီး စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။” တရားမအမှု လာတင်တာပါ။ ပြစ်မူအနေနဲ့က အမူဖွင့်ထားပြီးပါပြီ။ တရားမမှုက ၈ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ သိန်းတစ်ထောင်တန် ပေါက်မဲလက်မှတ် ပိုင်ရှင်အစစ်က မဇင်ဇင် ဖြစ်ကြောင်းနဲ့ လိမ်လည်ထုတ်သွားတဲ့ ပေါက်မဲဆု သိန်းတစ်ထောင်နဲ့ နစ်နာကြေး သိန်းတစ်ထောင် စုစုပေါင်း သိန်းနစ်ထောင် ရလိုမှုနဲ့ ဒီနေ့စတင်စွဲတာပါ” ဟု တရားလွတ်တော်ရှေ့နေ ဦးသိနိးသန်းဦးက ပြောကြားသည်။
ထို့ပြင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသိန်းဦးက “ထီလက်မှတ်က အောင်ဘာလေသိန်းဆုဌာန စည်းမျဉ်းအရ ထီလက်မှတ်ပြတဲ့သူက ပိုင်ရှင် ဒါက မှန်တယ်။ ကောက်ရတဲ့သူက ပိုင်ရှင် ဒါဆိုရင် ဓားပြတိုက်ပြီး ထီလက်မှတ်ထုတ်ပြီး ပေးလိုက်မှာလား။ သူခိုးက ခိုးပြီး ထုတ်လိုက်ရင် ပေးလိုက်မှာလား ဆိုတဲ့ ဥပဒေပြသာနာ ရှိတယ်။ ဒါတွေကို ရှင်းဖို့အချိန်တန်ပြီး တရားမျှတမူအတွက် ဒီအမှုကို ကျွန်တော်တို့ လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်တယ်။ ထီလက်မှတ် ပျောက်သွားရင် တရားစွဲလို့ရတယ်။ ကိုယ်က ထီထိုးထားပြီး ထီလက်မှတ် ပျောက်သွားပြီး ဘယ်သူလက်ထဲမှ ရောက်မသွားဘူးဆိုရင် အောင်ဘာလေ သိန်းဆုဌာန ညွန်ကြားရေးမှူးကို တရားပြိုင်အဖြစ်ထားပြီး မိမိ ပေါက်မဲလက်မှတ် ဒီလောက် ဒီလောက် ပိုင်ရှင်ဖြစ်ကြောင်းကို တရားရုံးကနေ တောင်းရမယ်။ အဲဒီ ဒီဂရီရရင် အောင်ဘာလေ သိန်းဆုဌာနမှာ ထုတ်ခွင့်ရှိပါတယ်။ အခုဖြစ်စဉ်က မခံနိုင်စရာမို့ ကျွန်တော်တို့က ဝင်ပါရတယ်” ဟု ဆက်လက်ပြောကြားသည်။
ထိုသို့ ထီလက်မှတ်ဖိုး ငွေပေးချေ၍ ထီထိုးခဲ့ပြီး အဆိုပါထီမှ ကျပ်သိန်းတစ်ထောင်ဆု ပေါက်ခဲ့သော်လည်း ထီဆိုင်ပိုင်ရှင်က ထီလက်မှတ် ထုတ်မပေးသောကြောင့် မင်းကွန်းတိုက်နယ်ရဲစခန်းတွင် ထီကျပ်သိန်း တစ်ထောင် ကံထူးသူ မဇင်မေထွန်းက ထီဆိုင်ပိုင်ရှင်ဖြစ်သူကို လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် ယခင်က အမှုဖွင့်ထားခဲ့ပြီး ယခုတရားမမှုဖြင့် ထပ်မံ၍ ဖွင့်ထားရာ ရုံးချိန်းအနေဖြင့် နိုဝင်ဘာ ၂၈ ရက်တွင် စတင် စစ်ဆေးမည်ဟု သိရသည်။
“တရားမမှု လမ်းကြောင်းအရ ဆရာကြီးနဲ့ အမူတွဲလာတင်တာပါ။ ကျန်တာက ဆရာကြီး ဆက်လုပ်သွားမှာ ဆိုတော့ တရားရေးလမ်းကြောင်းကတော့ သမီးသိပ်မသိပါဘူး။ သူတို့ ညီမနစ်ယောက်နဲ့ ထပ်ပြီး တွေ့တာတို့ စကားပြောတာတို့ မရှိဘူး။ ထပ်ပြီးတွေ့ဆုံညှိနိူင်းတာ မရှိဘူး။ ရဲစခန်းကတော့ ပုဒ်မ သူတို့တင်ထားတွေ ပြန်ကျလာပြီ ပြောတယ်။ တခြားထပ်ပြီး ရဲစခန်းမှူးက ဘာမှမပြောပါဘူး” ဟု ထီကျပ်သိန်း တစ်ထောင် ကံထူးသူ မဇင်မေထွန်းက ပြောကြားသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထီလက်မှတ်များနှင့် ပတ်သက်၍ စည်းကမ်းချက်များ ထုတ်ပြန်ထားရာတွင် ထီဆုလက်မှတ် တင်ပြနိုင်မှသာ ဆုငွေ ထုတ်ယူခွင့်ရှိပြီး၊ ထီလက်မှတ် ဝယ်ယူကြောင်း၊ ပိုင်ဆိုင်ကြောင်း၊ ပျောက်ဆုံးသွားကြောင်းတို့နှင့် စပ်လျဉ်းသောအချက်များ၊ အငြင်းပွားခြင်းများ၊ ကန့်ကွက်ခြင်းများ စသည်တို့ကို အောင်ဘာလေ သိန်းဆုဌာနခွဲမှ လက်ခံစဉ်းစားပေးမည် မဟုတ်ဘဲ ထီလက်မှတ် မတင်ပြနိုင်ပါက ဆုငွေထုတ်ပေးမည် မဟုတ်ဘဲ ဆုရလက်မှတ် တင်ပြနိုင်သူကိုသာ ဆုငွေရထိုက်သည်ဟု အသိအမှတ်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
share from: burmese.asia


မှတ်ချက်များ