ငလ်င္လႈပ္ေနခ်ိန္မွာ အလုံၿခဳံဆုံးျဖစ္ေအာင္ ဘယ္လုိေနမလဲ


Zawgyiျဖင့္ဖတ္ရန္

ငလ်င္လႈပ္ၿပီဆုိတာနဲ႔ ဘယ္သူမဆုိ ေၾကာက္ၾကမွာပါပဲ။ အထပ္ျမင့္တုိက္ေတြမွာ ေနတဲ့သူေတြဆုိ ပုိဆုိးတာေပါ့။ ခ်က္ခ်င္းပဲ တုိက္ႀကီး ၿပိဳက်ေတာ့မလား၊ ငါတုိ႔ ေသေတာ့မလား ဆုိၿပီး စုိးရိမ္စိတ္ေတြ ျမင့္တက္လုိ႔ ဘာလုပ္ရမွန္းမသိျဖစ္ကုန္ေတာ့တာ။

တကယ္ေတာ့ ငလ်င္လႈပ္တဲ့အခ်ိန္မွာ စိတ္ပူေနတာထက္ ကုိယ့္ကုိယ္ကုိယ္ လုံၿခဳံေအာင္ ဘယ္လုိေနမလဲဆုိတာက ပုိၿပီး အေရးႀကီးပါတယ္။ အထူးသျဖင့္ ေအာက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေလးေတြကုိ အသုံးျပဳၿပီး ကုိယ့္ကုိယ္ကုိယ္ ေဘးကင္းေအာင္ ေနထုိင္သင့္ပါတယ္။

(၁)။ မေၾကာက္ပါနဲ႔

ငလ်င္လႈပ္တဲ့အခ်ိန္မွာ ေၾကာက္လန္႔တၾကားျဖစ္ေနတာထက္ ဘာလုပ္ရမလဲဆုိတာကုိ ေခါင္းေအးေအးနဲ႔ အရင္ဆုံး စဥ္းစားသင့္ပါတယ္။ ကုိယ္က အထပ္ျမင့္တုိက္မွာ ေနတဲ့သူဆုိရင္ တုိက္ေအာက္ကုိေျပးဆင္းဖုိ႔ ႀကိဳးစားတာထက္ စားပြဲေအာက္မွာေနတာ၊ တုိင္ႀကီးႀကီးတစ္ခုနားမွာေနတာက ပုိၿပီး လုံၿခဳံေစမွာပါ။ တကယ္လုိ႔သာ ကုိယ္က တုိက္ေအာက္ကုိေျပးဆင္းေနတုန္း တုိက္ၿပိဳတဲ့အထိ ငလ်င္လႈပ္ခဲ့မယ္ဆုိရင္ ေဘးကင္းမွာမဟုတ္ပါဘူး။

(၂)။ ကုိယ့္ကုိထိခုိက္ေစမယ့္အရာေတြနဲ႔ ေ၀းေအာင္ေနပါ

တကယ္လုိ႔ ငလ်င္လႈပ္တဲ့အခ်ိန္ ကုုိယ္က လမ္းေပၚေရာက္ေနတယ္ဆုိရင္ ဓာတ္ႀကိဳးေတြျပတ္တာ၊ ဓာတ္တုိင္ေတြလဲက်တာ၊ အေဆာက္အဦေတြၿပိဳႏုိင္တာ၊ သစ္ပင္ေတြလဲႏုိင္တာ စသျဖင့္ ကုိယ့္ပတ္၀န္းက်င္မွာရွိတဲ့ အႏၱရာယ္ေတြကုိ သတိထားရပါေတာ့မယ္။ ကုိယ့္အေပၚ ၿပဳိလဲလာႏုိင္ေခ်ရွိတာေတြကုိ သတိထားဖုိ႔လုိၿပီး ကုိယ့္အေနနဲ႔ စိတ္ခ်ရတဲ့ေနရာတစ္ခုဆီေရာက္ေအာင္ ျမန္ျမန္ေလး ေျပးသြားလုိက္ဖုိ႔ လုိပါလိမ့္မယ္။

(၃)။ ဓာတ္ေလွကားမသုံးပါနဲ႔

ကုိယ္က ငလ်င္လႈပ္လုိ႔ ဓာတ္ေလွကားနဲ႔ ျမန္ျမန္ဆင္းလာကာမွ ဓာတ္ေလွကားရုတ္တရက္ ရပ္သြားတာမ်ိဳး၊ ငလ်င္ေၾကာင့္ လွ်ပ္စစ္ဓာတ္အားလုိင္းေတြ ျပတ္ေတာက္သြားၿပီး ဓာတ္ေလွကားအလုပ္မလုပ္ေတာ့တာမ်ိဳးလည္း ျဖစ္သြားႏုိင္ပါတယ္။ တကယ္လုိ႔ သင္ေနတဲ့ အထပ္ျမင့္တုိက္မွာ မလုံၿခဳံဘူးလုိ႔ ခံစားလာရၿပီဆုိရင္ ဓာတ္ေလွကားကုိ မသုံးပဲ ရုိးရုိးေလွကားနဲ႔ ျမန္ျမန္သာ ေျပးဆင္းလာခဲ့ပါ။

(၄)။ စဥ္းစားပါဦး

တခ်ိဳ႕က ငလ်င္လႈပ္ေနတာ အရမ္းျပင္းတယ္၊ အႏၱရာယ္ျဖစ္ေတာ့မယ္လုိ႔ ကုိယ့္ကုိယ္ကုိယ္ ထင္မိတတ္ၿပီး အထပ္ျမင့္တဲ့ တုိက္ေပၚကေန ေအာက္ကုိ ျမန္ျမန္ခုန္ခ်ဖုိ႔ ႀကိဳးစားတတ္ၾကပါတယ္။ တကယ္လုိ႔ ကုိယ္ေအာက္ကုိ ေရာက္္တဲ့အခါ ငလ်င္က ဘာမွမျဖစ္ပဲ ဒီအတုိင္းၿပီးသြားတယ္ဆုိရင္ ကုိယ့္မွာ က်ိဳးပဲ့သြားတာပဲ အဖတ္တင္မွာပါ။ ကံဆုိးရင္ အသက္ေတာင္ ဆုံးရႈံးရႏုိင္တာမုိ႔ အတတ္ႏုိင္ဆုံး တည္တည္ၿငိမ္ၿငိမ္နဲ႔ စဥ္းစားဖုိ႔ႀကိဳးစားတာက အေကာင္းဆုံးပါ။

(၅)။ ယာဥ္ေမာင္းေနခ်ိန္မွာ သတိထားပါ

ကုိယ္က ငလ်င္လႈပ္ေနခ်ိန္မွာ ကားေမာင္းေနတယ္ဆုိရင္လည္း ဂုံးေက်ာ္တံတားေတြေပၚ၊ ဒါမွမဟုတ္ တံတားေအာက္တည့္တည့္မွာ ေရာက္မေနဖုိ႔ သတိထားၿပီး ေရွာင္ရွားသင့္ပါတယ္။ အေကာင္းဆုံးကေတာ့ ေဘးကင္းမယ့္ေနရာတစ္ခုဆီ ေမာင္းသြားကာ ရပ္ထားတာပဲျဖစ္ၿပီး ငလ်င္ဒဏ္ေၾကာင့္ တံတားေတြ ၿပိဳက်လာႏုိင္တယ္ဆုိတာ သတိထားရမွာပါ။

Linn

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ငလျင်လှုပ်နေချိန်မှာ အလုံခြုံဆုံးဖြစ်အောင် ဘယ်လိုနေမလဲ

ငလျင်လှုပ်ပြီဆိုတာနဲ့ ဘယ်သူမဆို ကြောက်ကြမှာပါပဲ။ အထပ်မြင့်တိုက်တွေမှာ နေတဲ့သူတွေဆို ပိုဆိုးတာပေါ့။ ချက်ချင်းပဲ တိုက်ကြီး ပြိုကျတော့မလား၊ ငါတို့ သေတော့မလား ဆိုပြီး စိုးရိမ်စိတ်တွေ မြင့်တက်လို့ ဘာလုပ်ရမှန်းမသိဖြစ်ကုန်တော့တာ။

တကယ်တော့ ငလျင်လှုပ်တဲ့အချိန်မှာ စိတ်ပူနေတာထက် ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ဘယ်လိုနေမလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။ အထူးသဖြင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် နေထိုင်သင့်ပါတယ်။

(၁)။ မကြောက်ပါနဲ့

ငလျင်လှုပ်တဲ့အချိန်မှာ ကြောက်လန့်တကြားဖြစ်နေတာထက် ဘာလုပ်ရမလဲဆိုတာကို ခေါင်းအေးအေးနဲ့ အရင်ဆုံး စဉ်းစားသင့်ပါတယ်။ ကိုယ်က အထပ်မြင့်တိုက်မှာ နေတဲ့သူဆိုရင် တိုက်အောက်ကိုပြေးဆင်းဖို့ ကြိုးစားတာထက် စားပွဲအောက်မှာနေတာ၊ တိုင်ကြီးကြီးတစ်ခုနားမှာနေတာက ပိုပြီး လုံခြုံစေမှာပါ။ တကယ်လို့သာ ကိုယ်က တိုက်အောက်ကိုပြေးဆင်းနေတုန်း တိုက်ပြိုတဲ့အထိ ငလျင်လှုပ်ခဲ့မယ်ဆိုရင် ဘေးကင်းမှာမဟုတ်ပါဘူး။

(၂)။ ကိုယ့်ကိုထိခိုက်စေမယ့်အရာတွေနဲ့ ဝေးအောင်နေပါ

တကယ်လို့ ငလျင်လှုပ်တဲ့အချိန် ကိုယ်က လမ်းပေါ်ရောက်နေတယ်ဆိုရင် ဓာတ်ကြိုးတွေပြတ်တာ၊ ဓာတ်တိုင်တွေလဲကျတာ၊ အဆောက်အဦတွေပြိုနိုင်တာ၊ သစ်ပင်တွေလဲနိုင်တာ စသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အန္တရာယ်တွေကို သတိထားရပါတော့မယ်။ ကိုယ့်အပေါ် ပြိုလဲလာနိုင်ချေရှိတာတွေကို သတိထားဖို့လိုပြီး ကိုယ့်အနေနဲ့ စိတ်ချရတဲ့နေရာတစ်ခုဆီရောက်အောင် မြန်မြန်လေး ပြေးသွားလိုက်ဖို့ လိုပါလိမ့်မယ်။

(၃)။ ဓာတ်လှေကားမသုံးပါနဲ့

ကိုယ်က ငလျင်လှုပ်လို့ ဓာတ်လှေကားနဲ့ မြန်မြန်ဆင်းလာကာမှ ဓာတ်လှေကားရုတ်တရက် ရပ်သွားတာမျိုး၊ ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားပြီး ဓာတ်လှေကားအလုပ်မလုပ်တော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့ သင်နေတဲ့ အထပ်မြင့်တိုက်မှာ မလုံခြုံဘူးလို့ ခံစားလာရပြီဆိုရင် ဓာတ်လှေကားကို မသုံးပဲ ရိုးရိုးလှေကားနဲ့ မြန်မြန်သာ ပြေးဆင်းလာခဲ့ပါ။

(၄)။ စဉ်းစားပါဦး

တချို့က ငလျင်လှုပ်နေတာ အရမ်းပြင်းတယ်၊ အန္တရာယ်ဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိတတ်ပြီး အထပ်မြင့်တဲ့ တိုက်ပေါ်ကနေ အောက်ကို မြန်မြန်ခုန်ချဖို့ ကြိုးစားတတ်ကြပါတယ်။ တကယ်လို့ ကိုယ်အောက်ကို ရောက်တဲ့အခါ ငလျင်က ဘာမှမဖြစ်ပဲ ဒီအတိုင်းပြီးသွားတယ်ဆိုရင် ကိုယ့်မှာ ကျိုးပဲ့သွားတာပဲ အဖတ်တင်မှာပါ။ ကံဆိုးရင် အသက်တောင် ဆုံးရှုံးရနိုင်တာမို့ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ စဉ်းစားဖို့ကြိုးစားတာက အကောင်းဆုံးပါ။

(၅)။ ယာဉ်မောင်းနေချိန်မှာ သတိထားပါ

ကိုယ်က ငလျင်လှုပ်နေချိန်မှာ ကားမောင်းနေတယ်ဆိုရင်လည်း ဂုံးကျော်တံတားတွေပေါ်၊ ဒါမှမဟုတ် တံတားအောက်တည့်တည့်မှာ ရောက်မနေဖို့ သတိထားပြီး ရှောင်ရှားသင့်ပါတယ်။ အကောင်းဆုံးကတော့ ဘေးကင်းမယ့်နေရာတစ်ခုဆီ မောင်းသွားကာ ရပ်ထားတာပဲဖြစ်ပြီး ငလျင်ဒဏ်ကြောင့် တံတားတွေ ပြိုကျလာနိုင်တယ်ဆိုတာ သတိထားရမှာပါ။

Linn

Credit:Shwemom

မှတ်ချက်များ