ၾသစေၾတးလ်တြင္ မ်က္လုံး ၃ လုံးပါ အံ့ဖြယ္ထူးျခား ေႁမြေဟာက္တေကာင္ ေတြ႕ရွိ
Zawgyi ျဖင့္ဖတ္ရန္
ၾသစေၾတးလ်ႏိုင္ငံေျမာက္ပိုင္း အေဝးေျပးလမ္းမေပၚမွာ ေတြ႕ရွိခဲ့တဲ့ မ်က္လုံး ၃ လုံးပါ အံ့ဖြယ္ထူးျခား ေႁမြေဟာက္တေကာင္ရဲ႕ ဓာတ္ပုံေတြကို သား႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရးဌာန တာဝန္ရွိသူေတြက မွ်ေဝခဲ့ၾကပါတယ္။
ေျမာက္ပိုင္းေဒသ ပန္းၿခံမ်ားႏွင့္ သား႐ိုင္းတိရစာၦန္ဆိုင္ရာ ဌာနကေတာ့ ခုလိုေတြ႕ရွိမႈဟာ တကယ့္ကို အံ့အားသင့္စရာျဖစ္တယ္လို႔ ဆိုပါတယ္။
ပညာရွင္ေတြကေတာ့ ေႁမြရဲ႕ ေနာက္ထပ္ တတိယေျမာက္မ်က္လုံးက ဦးေခါင္းထိပ္တည့္တည့္မွာ ရွိေနတာဟာ သဘာဝမ်ိဳးဗီဇတခုေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ေျပာေနၾကတာပါ။
နယ္ေျမရွင္းလင္းေရး ဝန္ထမ္းေတြဟာ ဒီ ထူးဆန္းတဲ့ေႁမြကို ဒါဝင္ၿမိဳ႕ အေရွ႕ေတာင္ဘက္ ကီလို ၄၀ အကြာ ဟမ္ပတီဒူးၿမိဳ႕အနီးမွာ ေတြ႕ရွိခဲ့ၾကတာပါ။
အလ်ား ၁၅ ေပရွိတဲ့ ဒီေႁမြႀကီးဟာ သူ႔ရဲ႕ မ်ိဳးဗီဇဆိုင္ရာ ျပႆနာေၾကာင့္ အစာစားဖို႔ေတာင္ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရတယ္လို႔ တာဝန္ရွိသူေတြက ဘီဘီစီကို ေျပာပါတယ္။
အိပ္ပ္စ္ေရး (X-Ray) ႐ိုက္ၿပီး စမ္းသပ္စစ္ေဆးမႈေတြအရ ဒီေႁမြဟာ ဦးေခါင္း ၂ လုံး တြဲဆက္လ်က္သား ရွိေနတာမဟုတ္ဘဲ ဦးေခါင္းခြံတလုံးတည္းမွာပဲ မ်က္လုံး ၃ လုံး ပါဝင္ေနတာလို႔ ဆိုပါတယ္။
ကြင္းစလန္တကၠသိုလ္က ေႁမြအထူးျပဳပညာရွင္ ပါေမာကၡ ဘ႐ိုင္ယန္ဖ႐ိုင္းက မ်ိဳးဗီဇ ေျပာင္းလဲမႈဟာ ေျပာင္းလဲမႈျဖစ္စဥ္ရဲ႕ သဘာဝအစိတ္အပိုင္းတခု ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။
“က်ေနာ္တို႔ မ်က္လုံး ၃ လုံးပါတဲ့ ေႁမြကို အရင္က မေတြ႕ခဲ့ဖူးပါဘူး။ ဒါေပမယ့္ ေခါင္း ၂ လုံးပါတဲ့ ေႁမြေဟာက္တေကာင္ေတာ့ က်ေနာ္တို႔ စမ္းသပ္ခန္းထဲမွာ ရွိပါတယ္။”
Credit : DVB
Unicode ဖြင့်ဖတ်ရန်
သြစတြေးလျတွင် မျက်လုံး ၃ လုံးပါ အံ့ဖွယ်ထူးခြား မြွေဟောက်တကောင် တွေ့ရှိ
သြစတြေးလျနိုင်ငံမြောက်ပိုင်း အဝေးပြေးလမ်းမပေါ်မှာ တွေ့ရှိခဲ့တဲ့ မျက်လုံး ၃ လုံးပါ အံ့ဖွယ်ထူးခြား မြွေဟောက်တကောင်ရဲ့ ဓာတ်ပုံတွေကို သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတွေက မျှဝေခဲ့ကြပါတယ်။
မြောက်ပိုင်းဒေသ ပန်းခြံများနှင့် သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ဌာနကတော့ ခုလိုတွေ့ရှိမှုဟာ တကယ့်ကို အံ့အားသင့်စရာဖြစ်တယ်လို့ ဆိုပါတယ်။
ပညာရှင်တွေကတော့ မြွေရဲ့ နောက်ထပ် တတိယမြောက်မျက်လုံးက ဦးခေါင်းထိပ်တည့်တည့်မှာ ရှိနေတာဟာ သဘာဝမျိုးဗီဇတခုကြောင့် ဖြစ်နိုင်တယ်လို့ ပြောနေကြတာပါ။
နယ်မြေရှင်းလင်းရေး ဝန်ထမ်းတွေဟာ ဒီ ထူးဆန်းတဲ့မြွေကို ဒါဝင်မြို့ အရှေ့တောင်ဘက် ကီလို ၄၀ အကွာ ဟမ်ပတီဒူးမြို့အနီးမှာ တွေ့ရှိခဲ့ကြတာပါ။
အလျား ၁၅ ပေရှိတဲ့ ဒီမြွေကြီးဟာ သူ့ရဲ့ မျိုးဗီဇဆိုင်ရာ ပြဿနာကြောင့် အစာစားဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
အိပ်ပ်စ်ရေး (X-Ray) ရိုက်ပြီး စမ်းသပ်စစ်ဆေးမှုတွေအရ ဒီမြွေဟာ ဦးခေါင်း ၂ လုံး တွဲဆက်လျက်သား ရှိနေတာမဟုတ်ဘဲ ဦးခေါင်းခွံတလုံးတည်းမှာပဲ မျက်လုံး ၃ လုံး ပါဝင်နေတာလို့ ဆိုပါတယ်။
ကွင်းစလန်တက္ကသိုလ်က မြွေအထူးပြုပညာရှင် ပါမောက္ခ ဘရိုင်ယန်ဖရိုင်းက မျိုးဗီဇ ပြောင်းလဲမှုဟာ ပြောင်းလဲမှုဖြစ်စဉ်ရဲ့ သဘာဝအစိတ်အပိုင်းတခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
“ကျနော်တို့ မျက်လုံး ၃ လုံးပါတဲ့ မြွေကို အရင်က မတွေ့ခဲ့ဖူးပါဘူး။ ဒါပေမယ့် ခေါင်း ၂ လုံးပါတဲ့ မြွေဟောက်တကောင်တော့ ကျနော်တို့ စမ်းသပ်ခန်းထဲမှာ ရှိပါတယ်။”
Credit : DVB
မှတ်ချက်များ