ေရအမ်ားၾကီးေသာက္ျခင္းဟာ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုသာပိုျဖစ္ေစေၾကာင္း သိရ
Zawgyiျဖင့္ဖတ္ရန္
မိဘအမ်ားစုက ကေလးေတြကို ေရမ်ားမ်ားေသာက္ဆိုၿပီး တိုက္တြန္းၾကေလ့ ရွိပါတယ္။ ေရမ်ားမ်ားေသာက္တာက ခႏၶာကိုယ္အတြက္ ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ ေရကို လိုအပ္တာထက္ ပိုၿပီးေသာက္ရင္ေတာ့ အႏ ၱရာယ္ရွိႏိုင္တယ္ဆိုတာကို worldofbuzz သတင္းကေနတဆင့္ သိရပါတယ္။ တြစ္တာသတင္းအရ ေဆးဆရာ၀န္ @HausofHilton ေျပာဆိုပံုအရ ေရမ်ားမ်ားေသာက္္တဲ့အခါ ေလသင္တုန္းျဖတ္ႏိုင္တယ္လို႔ ဆိုပါတယ္။
တြစ္တာသတင္းအရ “….ကြ်န္ေတာ္…လူေတြ တစ္ေန႔ကို ေရ(၇) လီတာေလာက္ ေသာက္ေပးသင့္တယ္ဆိုတဲ့ အၾကံျပဳခ်က္ေတြကို ေတြ႔ေတြ႔ေနရတယ္။ ကြ်န္ေတာ္တို႔ ဆရာ၀န္ေတြအေနနဲ႔ လူေတြကို ေရမ်ားမ်ားေသာက္ဖို႔ အၾကံေပးတာ မွန္ပါတယ္။ ေရေသာက္လြန္ရင္ ခႏၶာကိုယ္အတြက္ အႏ ၱရာယ္ျဖစ္ေစပါတယ္။ ပိုဆိုးတာက ေလသင္တုန္းျဖတ္တဲ့အထိ ျဖစ္ေစႏုိင္ပါတယ္။ လူတစ္ေယာက္က တစ္ေန႔ကို (၂) လီတာကေန (၃) လီတာေလာက္ ေသာက္ရင္ပဲ လံုေလာက္ေနပါၿပီ…” လို႔ ေရးသားတင္ထားတာပါ။ ေဆးပညာအေခၚအားျဖင့္ေတာ့ ဒါကို hyponatremia လို႔ေခၚပါတယ္။
လူေတြမွာ ေရဓာတ္ထိန္းသိမ္းဖို႔ဟာ အေရးၾကီးေပမယ့္ ေရအရမ္းေသာက္တာ မ်ားလြန္းတဲ့အခါမွာေတာ့ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ British Dietetic Association မွ ေဒါက္တာ ၀င္ဒီဒိြဳင္းလ္ကေတာ့ လူတစ္ေယာက္ဟာ အနည္းဆံုး ေရ (၁) လီတာခြဲကေန (၂) လီတာအတြင္း ေသာက္သံုးသင့္ေၾကာင္း တိုက္္တြန္းထားပါတယ္။
“အရြယ္ေရာက္ၿပီးသူ လူၾကီးေတြဟာ တစ္ေန႔ကို ေရ(၃) လီတာ၀န္းက်င္ေလာက္ ဆံုးရံႉးေနၾကရပါတယ္။ ဒါေပမယ့္ ဒီလိုေျပာလို႔ ေရ(၃) လီတာေလာက္ ေသာက္ရမယ္လို႔ မဆိုလိုပါဘူး။ ကြ်န္ေတာ္တို႔ စားေသာက္တဲ့ အစားအေသာက္ေတြကေန အနည္းဆံုး (၁) လီတာနဲ႔ (၃၀၀–၅၀၀) မီလီလီတာၾကား ေရကို ရရွိပါတယ္။ အဲ့ဒီေရက အစာေျခဖ်က္တဲ့ေနရာကေန ရရွိတာပါ….” ဒါေၾကာင့္ လူထုအေနနဲ႔ က်န္းမာေရးကို ေကာင္းမြန္ေအာင္ ထိန္းသိမ္းဖို႔အတြက္ ဆရာ၀န္ရဲ႕အၾကံျပဳခ်က္ေတြကို လိုက္နာဖို႔လည္း တိုက္တြန္းထားပါတယ္။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ရေအများကြီးသောက်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာပိုဖြစ်စေကြောင်း သိရ
မိဘအများစုက ကလေးတွေကို ရေများများသောက်ဆိုပြီး တိုက်တွန်းကြလေ့ ရှိပါတယ်။ ရေများများသောက်တာက ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ရေကို လိုအပ်တာထက် ပိုပြီးသောက်ရင်တော့ အန ္တရာယ်ရှိနိုင်တယ်ဆိုတာကို worldofbuzz သတင်းကနေတဆင့် သိရပါတယ်။ တွစ်တာသတင်းအရ ဆေးဆရာဝန် @HausofHilton ပြောဆိုပုံအရ ရေများများသောက်တဲ့အခါ လေသင်တုန်းဖြတ်နိုင်တယ်လို့ ဆိုပါတယ်။
တွစ်တာသတင်းအရ “….ကျွန်တော်…လူတွေ တစ်နေ့ကို ရေ(၇) လီတာလောက် သောက်ပေးသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို တွေ့တွေ့နေရတယ်။ ကျွန်တော်တို့ ဆရာဝန်တွေအနေနဲ့ လူတွေကို ရေများများသောက်ဖို့ အကြံပေးတာ မှန်ပါတယ်။ ရေသောက်လွန်ရင် ခန္ဓာကိုယ်အတွက် အန ္တရာယ်ဖြစ်စေပါတယ်။ ပိုဆိုးတာက လေသင်တုန်းဖြတ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်က တစ်နေ့ကို (၂) လီတာကနေ (၃) လီတာလောက် သောက်ရင်ပဲ လုံလောက်နေပါပြီ…” လို့ ရေးသားတင်ထားတာပါ။ ဆေးပညာအခေါ်အားဖြင့်တော့ ဒါကို hyponatremia လို့ခေါ်ပါတယ်။
လူတွေမှာ ရေဓာတ်ထိန်းသိမ်းဖို့ဟာ အရေးကြီးပေမယ့် ရေအရမ်းသောက်တာ များလွန်းတဲ့အခါမှာတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ British Dietetic Association မှ ဒေါက်တာ ဝင်ဒီဒွိုင်းလ်ကတော့ လူတစ်ယောက်ဟာ အနည်းဆုံး ရေ (၁) လီတာခွဲကနေ (၂) လီတာအတွင်း သောက်သုံးသင့်ကြောင်း တိုက်တွန်းထားပါတယ်။
“အရွယ်ရောက်ပြီးသူ လူကြီးတွေဟာ တစ်နေ့ကို ရေ(၃) လီတာဝန်းကျင်လောက် ဆုံးရံှူးနေကြရပါတယ်။ ဒါပေမယ့် ဒီလိုပြောလို့ ရေ(၃) လီတာလောက် သောက်ရမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ စားသောက်တဲ့ အစားအသောက်တွေကနေ အနည်းဆုံး (၁) လီတာနဲ့ (၃၀၀–၅၀၀) မီလီလီတာကြား ရေကို ရရှိပါတယ်။ အဲ့ဒီရေက အစာခြေဖျက်တဲ့နေရာကနေ ရရှိတာပါ….” ဒါကြောင့် လူထုအနေနဲ့ ကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းဖို့အတွက် ဆရာဝန်ရဲ့အကြံပြုချက်တွေကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။
Credit:Shwemom


မှတ်ချက်များ