ပရိသတ္ကို မနွိပ္စက္ခ်င္ေတာ့တဲ့အတြက္ ေနာက္ပိုင္းမွာ ရုပ္ရွင္ရိုက္ကူးမႈ ေလွ်ာ့ခ်သြားမယ္ဆိုတဲ့ အိျႏၵာေက်ာ္ဇင္


Zawgyiျဖင့္ဖတ္ရန္

နုိင္ငံေက်ာ္ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က အနုပညာနယ္ပယ္မွာ ေအာင္ျမင္မႈေတြမ်ားစြာ ရရိွပိုင္ဆိုင္ထားတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က အသက္ေလးဆယ္အရြယ္ ကေလးနွစ္ေယာက္မိခင္တစ္ဦးျဖစ္ေနေပမယ့္ သူမရဲ့ လွပတဲ့ ရုပ္ရည္ကေတာ့ ေျပာင္းလဲသြားျခင္း မရိွပါဘူး။ ပရိသတ္ေတြကလည္း အိျႏၵာေက်ာ္ဇင္ရဲ့ အနုပညာလႈပ္ရွားမႈတိုင္းကို စိတ္ဝင္တစား ေစာင့္ၾကည့္အားေပးၾကတာ ျဖစ္ပါတယ္။

အသက္အရြယ္တစ္ခု ရရိွလာျပီး အိမ္ေထာင္ရွင္မတစ္ေယာက္အေနနဲ့ မိသားစုကို ဂရုစိုက္ေနရတဲ့ မင္းသမီးေခ်ာ အိျႏၵာေက်ာ္ဇင္က ေနာက္ပိုင္းမွာေတာ့ ရုပ္ရွင္ရိုက္ကူးမႈေတြကို ေတာ္ေတာ္ၾကီး ေလွ်ာ့ခ်သြားမယ္လို့ ထုတ္ေျပာလာပါတယ္။

အိျႏၵာေက်ာ္ဇင္က " အဓိကကေတာ့ နွစ္ေပါင္းမ်ားစြာ ပရိသတ္ကို နွိပ္စက္ေနတာ ၾကာျပီေလ။ ဘာျဖစ္လုိ့လဲဆိုေတာ့ ကိုယ့္ဟာကိုယ္ေတာင္ ဒီမ်က္နွာၾကီးကိုပဲ ျမင္ေနရတာ ေတာ္ေတာ္ေလး ျငီးေငြ့ေနျပီေလေနာ္။"

" ဒီမ်က္နွာနဲ့ ဒီလက္နွစ္ဖက္နဲ့ ဒီမ်က္လံုးနဲ့ ဒီပါးစပ္နဲ့ ဒီထက္ ဆန္းေအာင္ လုပ္ျပလို့ မရေတာ့ဘူးေလ။ ဒီထက္ ကြဲလြဲေအာင္ အိုက္တင္ေတြ လုပ္ျပဖို့လည္း မရိွေတာ့ဘူး။ ကိုယ့္အတြက္က ဇာတ္ေကာင္၊ ကာရိုက္တာေတြမ်ားေနျပီဆိုေပမယ့္ လိုအပ္ခ်က္ေတြ၊ ျဖည့္စြက္ခ်က္ေတြ ရိွေနေသးတဲ့အတြက္ ကိုယ္လည္း မလုပ္နုိင္ေတာ့တာပါတယ္။" လို့ မုိမုိေလး အင္တာဗ်ူးမွာ ေျဖၾကားထားပါတယ္။

အိျႏၵာေက်ာ္ဇင္က သားသမီးေတြရဲ့ ေဝယ်ာဝစၥေတြကိုလည္း အာရံုစိုက္ျပီး လုပ္ကိုင္ေပးခ်င္တဲ့အတြက္ ေနာက္ဆို မရိုက္ေတာ့သေလာက္ကို နည္းသြားမယ္လို့ ေျပာထားပါတယ္။ ပရိသတ္ေတြကေတာ့ အိျႏၵာေက်ာ္ဇင္ကို ေနာက္ထပ္နွစ္ေပါင္းမ်ားစြာ အနုပညာေလာကမွာ ျမင္ေတြ့ခ်င္ၾကဦးမယ္ ထင္ပါတယ္ေနာ္။

Rowena

Source: Momolay Tv

Credit:Ozll(မိုမိုလေး)

Unicodeဖြင့်ဖတ်ရန်

ပရိသတ်ကို မနှိပ်စက်ချင်တော့တဲ့အတွက် နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးမှု လျှော့ချသွားမယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အသက်လေးဆယ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦးဖြစ်နေပေမယ့် သူမရဲ့ လှပတဲ့ ရုပ်ရည်ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

အသက်အရွယ်တစ်ခု ရရှိလာပြီး အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ မိသားစုကို ဂရုစိုက်နေရတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်က နောက်ပိုင်းမှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေကို တော်တော်ကြီး လျှော့ချသွားမယ်လို့ ထုတ်ပြောလာပါတယ်။

အိန္ဒြာကျော်ဇင်က " အဓိကကတော့ နှစ်ပေါင်းများစွာ ပရိသတ်ကို နှိပ်စက်နေတာ ကြာပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဟာကိုယ်တောင် ဒီမျက်နှာကြီးကိုပဲ မြင်နေရတာ တော်တော်လေး ငြီးငွေ့နေပြီလေနော်။"

" ဒီမျက်နှာနဲ့ ဒီလက်နှစ်ဖက်နဲ့ ဒီမျက်လုံးနဲ့ ဒီပါးစပ်နဲ့ ဒီထက် ဆန်းအောင် လုပ်ပြလို့ မရတော့ဘူးလေ။ ဒီထက် ကွဲလွဲအောင် အိုက်တင်တွေ လုပ်ပြဖို့လည်း မရှိတော့ဘူး။ ကိုယ့်အတွက်က ဇာတ်ကောင်၊ ကာရိုက်တာတွေများနေပြီဆိုပေမယ့် လိုအပ်ချက်တွေ၊ ဖြည့်စွက်ချက်တွေ ရှိနေသေးတဲ့အတွက် ကိုယ်လည်း မလုပ်နိုင်တော့တာပါတယ်။" လို့ မိုမိုလေး အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

အိန္ဒြာကျော်ဇင်က သားသမီးတွေရဲ့ ဝေယျာဝစ္စတွေကိုလည်း အာရုံစိုက်ပြီး လုပ်ကိုင်ပေးချင်တဲ့အတွက် နောက်ဆို မရိုက်တော့သလောက်ကို နည်းသွားမယ်လို့ ပြောထားပါတယ်။ ပရိသတ်တွေကတော့ အိန္ဒြာကျော်ဇင်ကို နောက်ထပ်နှစ်ပေါင်းများစွာ အနုပညာလောကမှာ မြင်တွေ့ချင်ကြဦးမယ် ထင်ပါတယ်နော်။

Rowena

Source: Momolay Tv

Credit:Ozll(မိုမိုလေး)

မှတ်ချက်များ