(၂) ပြဲဆက္အႏိုင္နဲ႔ လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာခဲ့တဲ့ ျမန္မာအသင္းရဲ့ေက်နပ္စရာစြမ္းရည္


Zawgyiျဖင့္ဖတ္ရန္

ျမန္မာအသင္းကေတာ့ ကမ႓ာ့ဖလားေျခစစ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မြန္ဂိုလီးယားနဲ႔ပြဲစဥ္မွာေတာ့ တစ္ဂိုး ဂိုးမရိျွဖင့္ အႏိုင္ယူၿပီး အိမ္ရွင္ပရိသတ္ကို ေပ်ာ္ရႊင္မႈေပးစြမ္းခဲ့ပါတယ္။ တစ္ေက်ာ့ျပန္နည္းျပအန္တြမ္နီေဟးလ္ လက္ထက္မွာ စြမ္းေဆာင္ရည္ေကာင္း ျပသေနတဲ့ ျမန္မာအသင္းဟာ ဒီပြဲစဥ္မွာလည္း ေျခစြမ္းေကာင္းကို ထိန္းသိမ္းႏိုင္ခဲ့တာပါ။

နည္းျပအန္တြမ္နီေဟးလ္ဟာ ၿပီးခဲ့တဲ့တာဂ်စ္ကစၥတန္အသင္းကို အႏိုင္ရရိွခဲ့တဲ့ပြဲစဥ္က လူစာရင္းအတိုင္းပဲ အေျပာင္းအလဲမျပဳလုပ္ဘဲ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။

ျမန္မာအသင္းဟာ ဒီပြဲစဥ္မွာ တိုက္စစ္ကိုပဲ အားျပဳကစားခဲ့ၿပီး ဂိုးရဖို႔ အခြင့္အေရးမ်ားစြာ ဖန္တီးႏိုင္ခဲ့ပါတယ္။ ပထမပိုင္းမွာ ျမန္မာအသင္းရဲ့တိုက္စစ္လႈပ္ရွားပံုေတြက ေကာင္းမြန္ခဲ့ၿပီး ေအာင္သူ၊ ေမာင္ေမာင္လြင္တို႔ရဲ့တစ္ၪီးခ်င္း လႈပ္ရွားပံုေတြကိုလည္း မြန္ဂိုလီးယားတို႔ ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့ရတယ္။

ျမန္မာအသင္းအတြက္ တစ္လံုးတည္းေသာအႏိုင္ဂိုးကိုေတာ့ ပြဲခ်ိန္ (၁၆) မိနစ္မွာ ကြင္းလယ္လူလိႈင္ဘိုဘိုကေတာ့ ဂိုးဧရိယာအျပင္ဘက္ကေန လွလွပပ ကန္သြင္းယူသြားခဲ့တာပါ။

မြန္ဂိုလီးယားရဲ့ တိုက္စစ္ဆင္ထိုးေဖာက္မႈေတြကလည္း ထိေရာက္ခဲ့ၿပီး ျမန္မာေနာက္တန္းနဲ႔ ဂိုးသမားေက်ာ္ဇင္ထက္တို႔ ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရတာ ေတြ့ရတယ္။ အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ ဒီပြဲက ပရိသတ္ေတြ ၾကည့္က်ိဳးနပ္တဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ ျမန္မာအသင္းအေနနဲ႔ ေမ်ွာ္မွန္းထာသေလာက္ ဂိုးေတြမရခဲ့ေပမယ့္ (၂)ပြဲဆက္အႏိုင္နဲ႔အတူ လမ္းေၾကာင္းမွန္တစ္ခုအေပၚ ျပန္ေရာက္လာခဲ့လို႔ ေက်နပ္စရာလို႔ ဆိုရမွာပါ။

Photo: MFF

Credit:Ozll(မိုမိုလေး)

Unicodeဖြင့်ဖတ်ရန်

(၂) ပွဲဆက်အနိုင်နဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့တဲ့ မြန်မာအသင်းရဲ့ကျေနပ်စရာစွမ်းရည်

မြန်မာအသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မွန်ဂိုလီးယားနဲ့ပွဲစဉ်မှာတော့ တစ်ဂိုး ဂိုးမရိြှဖင့် အနိုင်ယူပြီး အိမ်ရှင်ပရိသတ်ကို ပျော်ရွှင်မှုပေးစွမ်းခဲ့ပါတယ်။ တစ်ကျော့ပြန်နည်းပြအန်တွမ်နီဟေးလ် လက်ထက်မှာ စွမ်းဆောင်ရည်ကောင်း ပြသနေတဲ့ မြန်မာအသင်းဟာ ဒီပွဲစဉ်မှာလည်း ခြေစွမ်းကောင်းကို ထိန်းသိမ်းနိုင်ခဲ့တာပါ။

နည်းပြအန်တွမ်နီဟေးလ်ဟာ ပြီးခဲ့တဲ့တာဂျစ်ကစ္စတန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က လူစာရင်းအတိုင်းပဲ အပြောင်းအလဲမပြုလုပ်ဘဲ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီပွဲစဉ်မှာ တိုက်စစ်ကိုပဲ အားပြုကစားခဲ့ပြီး ဂိုးရဖို့ အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းရဲ့တိုက်စစ်လှုပ်ရှားပုံတွေက ကောင်းမွန်ခဲ့ပြီး အောင်သူ၊ မောင်မောင်လွင်တို့ရဲ့တစ်ဉီးချင်း လှုပ်ရှားပုံတွေကိုလည်း မွန်ဂိုလီးယားတို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတယ်။

မြန်မာအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲချိန် (၁၆) မိနစ်မှာ ကွင်းလယ်လူလှိုင်ဘိုဘိုကတော့ ဂိုးဧရိယာအပြင်ဘက်ကနေ လှလှပပ ကန်သွင်းယူသွားခဲ့တာပါ။

မွန်ဂိုလီးယားရဲ့ တိုက်စစ်ဆင်ထိုးဖောက်မှုတွေကလည်း ထိရောက်ခဲ့ပြီး မြန်မာနောက်တန်းနဲ့ ဂိုးသမားကျော်ဇင်ထက်တို့ ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတာ တွေ့ရတယ်။ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ဒီပွဲက ပရိသတ်တွေ ကြည့်ကျိုးနပ်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ မျှော်မှန်းထာသလောက် ဂိုးတွေမရခဲ့ပေမယ့် (၂)ပွဲဆက်အနိုင်နဲ့အတူ လမ်းကြောင်းမှန်တစ်ခုအပေါ် ပြန်ရောက်လာခဲ့လို့ ကျေနပ်စရာလို့ ဆိုရမှာပါ။

Photo: MFF

Credit:Ozll(မိုမိုလေး)

မှတ်ချက်များ