ေဒၚေအာင္ဆန္းစုၾကည္ကို Now & Ever အေခြနဲ႔ စာအုပ္ေလး လက္ေဆာင္ေပးခဲ့ရလို႔ ဝမ္းသာေနတဲ့ ခီေမာင္ႏွံ


Zawgyiျဖင့္ဖတ္ရန္

ပရိသတ္ေတြက ခီေမာင္ႏွံလို့ တင္စားၾကတဲ့ မင္းသားေခ်ာ ဇာဏ္ခီနဲ႔ ဒါရိုက္တာ ခရစ္စတီးနားခီတို့ဟာ တူညီတဲ့ အႏုပညာလမ္းခရီးကို ေလၽွာက္လွမ္းေနၾကတာ ျဖစ္ပါတယ္။ ဇာဏ္ခီနဲ႔ ခရစ္စတီးနားခီတို့ဟာ ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး ေပ်ာ္ရႊင္ဖြယ္ မိသားစုေလးကို တည္ေဆာက္ထားၾကသူမ်ားလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း နားလည္မွုအျပည့္နဲ႔ ခ်စ္စရာေကာင္းတဲ့ သူတို့မိသားစုေလးကို ခ်စ္ခင္အားေပးၾကတာကို ေတြ႕ရပါတယ္။

ဒါ႐ိုက္တာ ခရစ္စတီးနားခီနဲ႔ မင္းသားေခ်ာ ဇာဏ္ခီတို႔က လတ္တေလာမွာ "ထာဝရေႏွာင္ႀကိဳး" (Now & Ever) ႐ုပ္႐ွင္ဇာတ္ကားႀကီးနဲ႔ ပရိသတ္ေတြရဲ႕ ဝန္းရံအားေပးမႈကို ရရိွပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ခရစ္စတီးနားခီနဲ႔ ဇာဏ္ခီတို႔ ဇနီးေမာင္ႏွံက ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုျကည္နဲ႔ နီးနီးကပ္ကပ္ ေတြ႔ဆံုခြင့္ရရိွခဲ့ပါတယ္။

ခီေမာင္ႏွံက သူတို႔ရဲ႕ "ထာဝရေႏွာင္ႀကိဳး" (Now & Ever) ဇာတ္ဝင္ေတးသီခ်င္းအေခြနဲ႔ ဇာဏ္ခီ ကိုယ္တိုင္ ေရးသားထုတ္ေဝတဲ့ "ကိုယ္တိုင္သိရိွသြားမႈ" အက္ေဆးစာအုပ္ေလးကို အေမစုထံ လက္ေဆာင္ေပးခြင့္ ရရိွခဲ့ပါတယ္။

ဇာဏ္ခီနဲ႔ ခရစ္စတီးနားခီတို႔ ဇနီးေမာင္ႏွံကေတာ့ သူတို႔ ႀကိဳးစားဖန္တီးထားတဲ့ အႏုပညာလက္ရာတစ္ခုကို အေမစုထံ လက္ေဆာင္ေပးခြင့္ရရိွလို႔ အတိုင္းမသိ ဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။

Rowena

Credit:momolay

Unicodeဖြင့်ဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည်ကို Now & Ever အခွေနဲ့ စာအုပ်လေး လက်ဆောင်ပေးခဲ့ရလို့ ဝမ်းသာနေတဲ့ ခီမောင်နှံ

ပရိသတ်တွေက ခီမောင်နှံလို့ တင်စားကြတဲ့ မင်းသားချော ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်စတီးနားခီတို့ဟာ တူညီတဲ့ အနုပညာလမ်းခရီးကို လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားကြသူများလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နားလည်မှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့ သူတို့မိသားစုလေးကို ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။

ဒါရိုက်တာ ခရစ်စတီးနားခီနဲ့ မင်းသားချော ဇာဏ်ခီတို့က လတ်တလောမှာ "ထာဝရနှောင်ကြိုး" (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခရစ်စတီးနားခီနဲ့ ဇာဏ်ခီတို့ ဇနီးမောင်နှံက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီးကပ်ကပ် တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။

ခီမောင်နှံက သူတို့ရဲ့ "ထာဝရနှောင်ကြိုး" (Now & Ever) ဇာတ်ဝင်တေးသီချင်းအခွေနဲ့ ဇာဏ်ခီ ကိုယ်တိုင် ရေးသားထုတ်ဝေတဲ့ "ကိုယ်တိုင်သိရှိသွားမှု" အက်ဆေးစာအုပ်လေးကို အမေစုထံ လက်ဆောင်ပေးခွင့် ရရှိခဲ့ပါတယ်။

ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ ဇနီးမောင်နှံကတော့ သူတို့ ကြိုးစားဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုကို အမေစုထံ လက်ဆောင်ပေးခွင့်ရရှိလို့ အတိုင်းမသိ ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Credit:momolay

မှတ်ချက်များ