အခ်ိန္အၾကာၾကီးတြဲျပီးမွျပတ္ရတဲ့အေၾကာင္း ရွင္းျပသြားတဲ့ G Fatt


Zawgyiျဖင့္ဖတ္ရန္

G Fatt ဟာဆိုရင္Mic Skill ေကာင္းေကာင္းနဲ႔ ကာရန္ အခ်ိတ္ဆက္ေတြေကာင္းၿပီး လူငယ္ေတြရဲ႕ Hero အုဖစ္သတ္မွတ္အားေပးခံရသူလည္းျဖစ္ပါတယ္။ သူရဲ႕ သီခ်င္းေတြကေတာ့ လူငယ္ေတြၾကားမွာ တစ္ပုဒ္ဆိုတစ္ပုဒ္ဆိုရေအာင္ ေရပန္းစားေက်ာ္ၾကားပါတယ္။ သူကေတာ့ ခံစားခ်က္အျပည့္နဲ႔ သီခ်င္းေတြကို ေရးစပ္သီဆိုေလ့ရွိတာေၾကာင့္ G Fattအခ်စ္သီခ်င္းေတြေတာ္ေတာ္မ်ားမ်ားဟာပရိသတ္အားေပးမႉမ်ားစြာရထားတယ္ဆိုရင္လည္း မမွားပါဘူး။

G Fatt ဟာ သီခ်င္းသီဆိုမႈအျပင္ စာေရးစာဖတ္လည္းလုပ္တဲ့ စာေပပညာလိုက္စားသူလည္းျဖစ္ပါတယ္။ G Fatt က စာေတြလည္းေရးသလို စာဖတ္နာတယ္ဆိုတာလည္း ပရိသတ္ေတြသတိထားမိၾကမွာပါ။G Fatt က မၾကာေသးမီက Show ပြဲတစ္ခုမွာ သူ႔ရဲ႕ ပရိသတ္ေတြက ေမးတဲ့ ေမးခြန္းတစ္ခုကို အက်ိိဳးအေၾကာင္္းျပျပီး ဥပမာဥပေမယ်ေတြနဲ႔ေျဖဆိုသြားတာကလည္း ေတာ္ေတာ္ေလးကုိစိတ္ဝင္စားဖြယ္ေကာင္းျပီး ေလးစားဖြယ္အျပည့္ပါ။

G Fatt က Show ပဲြတစ္ခုမွာ သူ႔ရဲ႕ ပရိသတ္ေတြကုိ အခ်ိန္ေတြအၾကာၾကီးတြဲျပီးမွျပတ္သြားတဲ့အေၾကာင္းေမးခြန္းနဲ႔ပတ္သက္ျပီး ဥပမာျပေျဖဆိုခဲ့တာကေတာ့ ဒီလိုပါ။ G Fatt က “ပင္လယ္ကမ္းစပ္တစ္ခုမွာ မိန္းကေလးတစ္ေယာက္လဲက်ေသဆံုးေနတယ္။ ပထမတစ္ေယာက္က သူ႔ရဲ႕အက်ႌကုိခြ်တ္ျပီး မိန္းကေလးရဲ႕ ေအာက္ပိုင္းကုိဖံုးေပးခဲ့တယ္။ နာရီဝက္ေလာက္ၾကာေတာ့ကမ္းစပ္မွာေလတိုက္ဘာတိုက္နဲ႔ အဲဒီအက်ႌက လြင့္သြြားတယ္။ ေနာက္္တစ္ေယာက္ထပ္ေရာက္လာတယ္။ အျမင္မေတာ္ဘူးျဖစ္ေနတဲ့အခါက်ေတာ့ ေအာက္ပိုိင္းေရာအေပၚပုိင္းကိုပါ ေသေသခ်ာခ်ာဖံုးေပးခဲ့တယ္။ ေနာက္နာရီဝက္ေလာက္ေနေတာ့ အေပၚပုိင္းေရာေအာက္ပုိင္းေရာ နဂိုအတိုင္းျပန္ျဖစ္သြားတယ္။ ေနာက္ဆံုးတစ္ေယာက္ထပ္ေရာက္လာတယ္။ ေအာက္ပိုင္းေရာအေပၚပုိင္းေရာဖံုးေပးျပီး ဒီေလာက္ဆိုအဆင္မေျပေလာက္ေသးဘူးဆိုျပီး

အဲဒီနားမွာတင္ က်င္္းတူးတယ္၊ျမွဳပ္တယ္၊ေသေသခ်ာခ်ာသျဂိဳလ္ေပးခဲ့တယ္။ ေနာက္ဘဝတစ္ခုမွာ ေကာင္ေလးတစ္ေယာက္က အသည္းကြဲလို႔ငိုေနတယ္။ ခုနစ္နွစ္ေလာက္ၾကိဳက္ခဲ့တာတဲ့။ခုနစ္နွစ္ဆယ္နွစ္ထားပါေတာ့..ဆယ့္ငါးနွစ္္ အၾကာၾကီးၾကိဳက္္ခဲ့တာ၊အခုကြဲသြားျပီးေတာ့ သူ ဆယ့္ငါးနွစ္ေလာက္ၾကိဳက္ခဲ့တဲ့ ေကာင္မေလးက အျခားတစ္ေယာက္နဲ႔ ယူသြားလို႔တဲဲ့။ သူလည္းအမွားမလုပ္ခဲဲ့ဘူး အရမ္းခ်စ္္ခဲ့တာ ဆယ့္ငါးနွစ္အနွစ္နွစ္ဆယ္ခ်စ္ခဲ့တာ။အျခားတစ္ေယာက္နဲ႔႔ယူာသြားတယ္။ၾကားရတဲ့လူက အဲဒီမွာ အဲဒီလူက ေကာင္ေလးရဲ႕ အိမ္ထဲကိုဝင္ျပီးေျပာတယ္။ ခုနက အဲဒီအရင္ဘဝကို ျပန္ျပတယ္္။ ေကာင္မေလးက ေသေနတယ္။ လူသံုးေယာက္ျဖတ္တယ္၊ေနာက္ဆံုးတစ္ေယာက္က ေျမျမွဳပ္သြားတယ္။

အဲဒီမွာသူ႔ကုိေျပာတယ္။ မင္းဟာ ဒုတိယတစ္္ေယာက္ျဖစ္ေကာင္းျဖစ္နုိင္တယ္။ ဒါမွမဟုတ္မင္းဟာ ပထမတစ္ေယာက္ျဖစ္ေကာင္းျဖစ္နုိင္တယ္။လူေတြဟာ ေနာက္ဆံုးမွာတတိယတစ္ေယာက္နဲ႔ပဲဆံုလိမ့္မယ္။ ဘယ္ေလာက္ပဲခ်စ္ခဲ့ပါတယ္ ဘယ္ေလာက္ပဲငဲ့ညွာဘယ္ေလာက္ပဲခ်စ္တယ္ေျပာေျပာ အေပၚပိုင္းအထိေသခ်ာဖံုးေပးခဲ့တဲ့ေကာင္္က ေရွ႕မွာေစာင့္ေနရင္္မင္းသူ႔ကံကုိမတြန္းလွန္နိုင္ဘူး၊ မင္းဘယ္ေလာက္ပဲအေပၚပုိင္းေရာေအာက္ပုိင္းေရာဖံုးခဲ့တယ္္ေျပာေျပာ

ေျမျမွဳပ္္ခဲ့တဲ့ေကာင္သာေရွ႕မွာေစာင့္ေနမယ္ဆိုရင္သူ႔ကံကုိဘယ္လိုမွမတြန္းလွန္နိုင္ဘူး။မင္းဟာမင္းဘယ္ေလာက္ခ်စ္တယ္ေျပာေျပာ သူ႔ဇာတာကအဲဒီမွာပဲဆံုးလိမ့္မယ္္တဲ့။ဘယ္သူ႔ကုိ ေျမျမွဳပ္တဲ့အထိလုပ္ခဲ့လဲ ကြ်န္္ေတာ္ကုိယ္တုိင္မသိတဲ့အတြက္္ ခုနက ေမးခြန္း ကြ်န္ေတာ္တကယ္မေျဖနုိင္ပါဘူးခင္ဗ်ာ”လို႔ေျပာသြားခဲ့တာပါ။

G Fatt ေျပာျပသြားတဲ့ပံုျပင္ေလးဟာ ပရိသတ္ေတြကုိကံတရားနဲ႔ပတ္သက္ျပီးနားလည္ေစခဲ့သလုိ ေတြးစရာေတြလည္းအမ်ားၾကီးေပးသြားခဲ့ပါတယ္။ G Fatt ရဲ႕ Video ေလးကို ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ comment မွာေဖာ္ျပေပးလိုက္တယ္္ေနာ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကိီးေရာ ဒီပံုျပင္ေလးနားေထာင္ျပီး ကိုယ္က ဘယ္သူ႔ကုိေျမျမွုပ္တဲ့အထိလုပ္ေပးခဲ့တယ္ထင္လဲ။ ကုိယ့္ရဲ႕တတိယတစ္ေယာက္ကုိေရာ ရွာေဖြေတြ႕ရွိၾကျပီလား။ေျပာခဲ့ၾကပါဦး။

Credit:Cantwiat2say

Unicodeဖြင့်ဖတ်ရန်

အချိန်အကြာကြီးတွဲပြီးမှပြတ်ရတဲ့အကြောင်း ရှင်းပြသွားတဲ့ G Fatt

G Fatt ဟာဆိုရင်Mic Skill ကောင်းကောင်းနဲ့ ကာရန် အချိတ်ဆက်တွေကောင်းပြီး လူငယ်တွေရဲ့ Hero အုဖစ်သတ်မှတ်အားပေးခံရသူလည်းဖြစ်ပါတယ်။ သူရဲ့ သီချင်းတွေကတော့ လူငယ်တွေကြားမှာ တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုရအောင် ရေပန်းစားကျော်ကြားပါတယ်။ သူကတော့ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို ရေးစပ်သီဆိုလေ့ရှိတာကြောင့် G Fattအချစ်သီချင်းတွေတော်တော်များများဟာပရိသတ်အားပေးမှူများစွာရထားတယ်ဆိုရင်လည်း မမှားပါဘူး။

G Fatt ဟာ သီချင်းသီဆိုမှုအပြင် စာရေးစာဖတ်လည်းလုပ်တဲ့ စာပေပညာလိုက်စားသူလည်းဖြစ်ပါတယ်။ G Fatt က စာတွေလည်းရေးသလို စာဖတ်နာတယ်ဆိုတာလည်း ပရိသတ်တွေသတိထားမိကြမှာပါ။G Fatt က မကြာသေးမီက Show ပွဲတစ်ခုမှာ သူ့ရဲ့ ပရိသတ်တွေက မေးတဲ့ မေးခွန်းတစ်ခုကို အကျိုးအကြောင်းပြပြီး ဥပမာဥပမေယျတွေနဲ့ဖြေဆိုသွားတာကလည်း တော်တော်လေးကိုစိတ်ဝင်စားဖွယ်ကောင်းပြီး လေးစားဖွယ်အပြည့်ပါ။

G Fatt က Show ပွဲတစ်ခုမှာ သူ့ရဲ့ ပရိသတ်တွေကို အချိန်တွေအကြာကြီးတွဲပြီးမှပြတ်သွားတဲ့အကြောင်းမေးခွန်းနဲ့ပတ်သက်ပြီး ဥပမာပြဖြေဆိုခဲ့တာကတော့ ဒီလိုပါ။ G Fatt က “ပင်လယ်ကမ်းစပ်တစ်ခုမှာ မိန်းကလေးတစ်ယောက်လဲကျသေဆုံးနေတယ်။ ပထမတစ်ယောက်က သူ့ရဲ့အင်္ကျီကိုချွတ်ပြီး မိန်းကလေးရဲ့ အောက်ပိုင်းကိုဖုံးပေးခဲ့တယ်။ နာရီဝက်လောက်ကြာတော့ကမ်းစပ်မှာလေတိုက်ဘာတိုက်နဲ့ အဲဒီအင်္ကျီက လွင့်သွားတယ်။ နောက်တစ်ယောက်ထပ်ရောက်လာတယ်။ အမြင်မတော်ဘူးဖြစ်နေတဲ့အခါကျတော့ အောက်ပိုင်းရောအပေါ်ပိုင်းကိုပါ သေသေချာချာဖုံးပေးခဲ့တယ်။ နောက်နာရီဝက်လောက်နေတော့ အပေါ်ပိုင်းရောအောက်ပိုင်းရော နဂိုအတိုင်းပြန်ဖြစ်သွားတယ်။ နောက်ဆုံးတစ်ယောက်ထပ်ရောက်လာတယ်။ အောက်ပိုင်းရောအပေါ်ပိုင်းရောဖုံးပေးပြီး ဒီလောက်ဆိုအဆင်မပြေလောက်သေးဘူးဆိုပြီး

အဲဒီနားမှာတင် ကျင်းတူးတယ်၊မြှုပ်တယ်၊သေသေချာချာသဂြိုလ်ပေးခဲ့တယ်။ နောက်ဘဝတစ်ခုမှာ ကောင်လေးတစ်ယောက်က အသည်းကွဲလို့ငိုနေတယ်။ ခုနစ်နှစ်လောက်ကြိုက်ခဲ့တာတဲ့။ခုနစ်နှစ်ဆယ်နှစ်ထားပါတော့..ဆယ့်ငါးနှစ် အကြာကြီးကြိုက်ခဲ့တာ၊အခုကွဲသွားပြီးတော့ သူ ဆယ့်ငါးနှစ်လောက်ကြိုက်ခဲ့တဲ့ ကောင်မလေးက အခြားတစ်ယောက်နဲ့ ယူသွားလို့တဲ့။ သူလည်းအမှားမလုပ်ခဲ့ဘူး အရမ်းချစ်ခဲ့တာ ဆယ့်ငါးနှစ်အနှစ်နှစ်ဆယ်ချစ်ခဲ့တာ။အခြားတစ်ယောက်နဲ့ယူာသွားတယ်။ကြားရတဲ့လူက အဲဒီမှာ အဲဒီလူက ကောင်လေးရဲ့ အိမ်ထဲကိုဝင်ပြီးပြောတယ်။ ခုနက အဲဒီအရင်ဘဝကို ပြန်ပြတယ်။ ကောင်မလေးက သေနေတယ်။ လူသုံးယောက်ဖြတ်တယ်၊နောက်ဆုံးတစ်ယောက်က မြေမြှုပ်သွားတယ်။

အဲဒီမှာသူ့ကိုပြောတယ်။ မင်းဟာ ဒုတိယတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ်မင်းဟာ ပထမတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်။လူတွေဟာ နောက်ဆုံးမှာတတိယတစ်ယောက်နဲ့ပဲဆုံလိမ့်မယ်။ ဘယ်လောက်ပဲချစ်ခဲ့ပါတယ် ဘယ်လောက်ပဲငဲ့ညှာဘယ်လောက်ပဲချစ်တယ်ပြောပြော အပေါ်ပိုင်းအထိသေချာဖုံးပေးခဲ့တဲ့ကောင်က ရှေ့မှာစောင့်နေရင်မင်းသူ့ကံကိုမတွန်းလှန်နိုင်ဘူး၊ မင်းဘယ်လောက်ပဲအပေါ်ပိုင်းရောအောက်ပိုင်းရောဖုံးခဲ့တယ်ပြောပြော

မြေမြှုပ်ခဲ့တဲ့ကောင်သာရှေ့မှာစောင့်နေမယ်ဆိုရင်သူ့ကံကိုဘယ်လိုမှမတွန်းလှန်နိုင်ဘူး။မင်းဟာမင်းဘယ်လောက်ချစ်တယ်ပြောပြော သူ့ဇာတာကအဲဒီမှာပဲဆုံးလိမ့်မယ်တဲ့။ဘယ်သူ့ကို မြေမြှုပ်တဲ့အထိလုပ်ခဲ့လဲ ကျွန်တော်ကိုယ်တိုင်မသိတဲ့အတွက် ခုနက မေးခွန်း ကျွန်တော်တကယ်မဖြေနိုင်ပါဘူးခင်ဗျာ”လို့ပြောသွားခဲ့တာပါ။

G Fatt ပြောပြသွားတဲ့ပုံပြင်လေးဟာ ပရိသတ်တွေကိုကံတရားနဲ့ပတ်သက်ပြီးနားလည်စေခဲ့သလို တွေးစရာတွေလည်းအများကြီးပေးသွားခဲ့ပါတယ်။ G Fatt ရဲ့ Video လေးကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် comment မှာဖော်ပြပေးလိုက်တယ်နော်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီပုံပြင်လေးနားထောင်ပြီး ကိုယ်က ဘယ်သူ့ကိုမြေမြှုပ်တဲ့အထိလုပ်ပေးခဲ့တယ်ထင်လဲ။ ကိုယ့်ရဲ့တတိယတစ်ယောက်ကိုရော ရှာဖွေတွေ့ရှိကြပြီလား။ပြောခဲ့ကြပါဦး။

Credit:Cantwiat2say

မှတ်ချက်များ