Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲ လာရင်း ရဲစခန်းကနေ ခေါ်ယူ ထိန်းသိမ်းစောင့်ရှောက်ခံ ထားရတဲ့ ၁၂ နှစ်အရွယ်ကလေး
မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာတန်ဆောင်တိုင်ပွဲတွေအများအပြားကျင်းပရာကာလဖြစ်တာမို့ လူအသွားအလာအလွန်ရှုပ်ထွေးလှပါတယ်။အခုလိုအချိန်မျိုးမှာ
မိဘတွေအနေနဲ့ပွဲဈေးလျှောက်မယ် လည်မယ်ဆိုရင် မိမိတို့ရဲ့သားသမီးများကို သေသေချာချာလက်တွဲထားပြီး လည်ပတ်ကြဖို့အကြံပြုလိုပါတယ်နော်။
အခုဖော်ပြပေးချင်တဲ့သတင်းလေးကတော့ ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို ရန်ကုန်ကလာလည်ရင်းလူကွဲသွားလို့ အသက် (၁၂)နှစ်အရွယ်ကလေးလေးတစ်ယောက်က်ကိုရဲစခန်းမှာစောင့်ရှောက်ထားရတဲ့သတင်းလေးပါ။ကောင်လေးဟာ အသက် (၁၂)နှစ်အရွယ် မောင်ရဲမင်းသူ အဖ ဦးသန်းမြင့်အမိ ဒေါ်သက်မာ သန်လျင်မြို့နယ် ဖားကူးအေရှကျေးရွာနေ ငါးတန်းကျောင်းသားဖြစ်တယ်လို့သိရပါတယ်။ဒီကောင်လေးရဲ့ဓာတ်ပုံလေးကိုလည်းတွဲဖက်ဖော်ပြထားပြီးသူ့ရဲ့မိဘတွေသိရှိနိုင်အောင်ဖော်ပြပေးလိုက်တာဖြစ်ပြီး ကောင်လေးကိုဆက်သွယ်ရမယ့်ဖုန်းကတော့ ၀၉၇၈၅၃၃၁၇၈ ပဲဖြစ်ပါတယ်။
မိဘတွေနဲ့ကွဲနေတဲ့ ကလေးကို သူ့မိဘတွေသိနိုင်စေဖို့ ဖော်ပြပေးလိုက်
ပါတယ်နော်။ ပရိသတ်ကြီးလည်း တန်ဆောင်တိုင်ပိတ်ရက်မှာအန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Writer – Magic (Shwe Yaung Lan)
မှတ်ချက်များ