ယေန႔ထိမကၠဆီကိုမွာ လူေသအေလာင္းဟုတ္၊မဟုတ္ အျငင္းပြားေနတဲ့မဂၤလာသတိုးသမီးအရုပ္
Zawgyiျဖင့္ဖတ္ရန္
မကၠဆီကိုအလယ္ပိုင္းက ၿမိဳ႕တစ္ၿမိဳ႕မွာ La Pascualita အမည္ရွိ သတို႔သမီးပစၥည္းအေရာင္းဆိုင္ရဲ႕ မွန္တြင္းျပထားတဲ့အရုပ္မဟာ လူေသေလာင္းတစ္ခုကို ရုပ္လံုးသြင္းသြတ္ထားတယ္ဆိုၿပီး ႏွစ္ေပါင္း (၈၀) ၾကာေအာင္ နာမည္ႀကီးၿပီး အျငင္းပြားဖြယ္ ျဖစ္လို႔ေနပါတယ္။ La Pascualita ဟာ ဆိုင္မွာရွိတဲ့ သတို႔သမီးဝတ္စံုေတြေၾကာင့္ နာမည္ရရံုတင္မကဘဲ အဝတ္အစားျပသဖို႔ ဝတ္ဆင္ေပးထားတဲ့ အရုပ္မေၾကာင့္လည္း ခရီးသြားမ်ားသာမက ၿမိဳ႕ခံမ်ားအတြက္ စိတ္ဝင္တစားအထူူးလည္ပတ္ဖို႔ ေနရာတစ္ေနရာျဖစ္ေနပါတယ္။
အရုပ္မကိုလာေရာက္ေလ့လာသူေတြဟာ ဆိုင္တြင္းေတာ့မဝင္ဘဲ မွန္ျပဴတင္းေပါက္အျပင္ကေန လူအစစ္နဲ႔တူလြန္းအားႀကီးတဲ့ အရုပ္မကို တကူးတက လာၾကည့္ၾကေလ့ရွိပါတယ္။ လူတစ္ေယာက္မွာရွိသင့္ရွိအပ္တဲ့ အေရးအေၾကာင္းေတြ အသားအရည္အညီညာမႈေတြနဲ႔ ေျခေထာက္ကေသြးေၾကာေတြ၊ လက္ေတြကို ကိုင္ၾကည့္လိုက္တဲ့အခါ တကယ့္လူလက္နဲ႔တူူေတြတာေတြေၾကာင့္ လူေသအေလာင္းကို ရုပ္လံုးသြင္းထားတယ္ဆိုၿပီး ထင္ေၾကးေပးေနၾကတာပါ။
ဒီထက္ပိုၿပီး ထူးဆန္းတာကေတာ့ ဆိုင္ေရွ႕မွျဖတ္သြားသူေတြတင္ မဟုတ္ဘဲ ဆိုင္မွဝန္ထမ္းအခ်ိဳ႕ဟာ အရုပ္မေရွ႕ကျဖတ္သြားတိုင္း သူတို႔ကို လိုက္ၾကည့္ေနတယ္လို႔ ခံစားရတယ္ဆိုၿပီး ထြက္ဆိုခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားထြက္ဆိုထားပါတယ္။ ေနာက္ၿပီး ညဖက္ေတြမွာဆိုရင္ေတာ့ အရုပ္မဟာ ထားထားတဲ့ပံုစံအတုိင္း မဟုတ္ဘဲ တစ္ခ်က္ခ်က္က် အေနအထားေျပာင္းသြားတယ္ လို႔လည္း ဆိုပါတယ္။
တကယ္ပဲ အေလာင္းကို အစာသြတ္ သြင္းထားတာလားဆိုတာကိုေတာ့ ဆိုင္ရွင္အဆက္ဆက္က ထုတ္ေဖာ္ေျပာထားျခင္းမရွိေပမယ့္ ၿမိဳ႕ခံေတြရဲ႕ ေရွ႕မီေနာက္မီစကားမ်ားအရေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၈၀) ေလာက္တုန္းက ဆိုင္ရွင္ရဲ႕သမီးျဖစ္သူဟာ မဂၤလာေဆာင္ခါနီး ျပင္ဆင္ေနတုန္းမွာပဲ ပင့္ကူအကိုက္ခံရကာ ေသဆံုးသြားတယ္လို႔သိရပါတယ္။ သမီးေသဆံုးမႈနဲ႔ ေၾကကြဲေနတဲ့ဆိုင္ရွင္ဟာ သမီးကို ခ်စ္လြန္းအားႀကီးလို႔ အရုပ္အျဖစ္ျပဳလုပ္ကာ ဆိုင္မွာထား,ထားတယ္လို႔ ဆိုပါတယ္။
တခ်ိဳ႕ေဒသခံေတြနဲ႔ မဂၤလာေဆာင္ခါနီး သတို႔သမီးေလးေတြဟာ ဒီရုပ္ထုကို ဆုေတာင္းဖြယ္တစ္ခုလို သတ္မွတ္ကာ ဆုေတြေတာင္းေလ့ရွိပါတယ္တဲ့။ တခ်ိဳ႕ကေတာ့ ေတာ္ေတ္ာလက္ရာေျမာက္တဲ့ ဖေယာင္းရုပ္ထုလို႔ ခ်ီးက်ဴးထားပါေသးတယ္။
အေလာင္းေကာင္ ဟုတ္ဟုတ္,မဟုတ္ဟုတ္ သူ႕ကိုၾကည့္ရတာနဲ႔တင္ ၾကက္သီးထစရာ ေကာင္းေနပါၿပီေနာ္။
Source: Elite Readers
Penny
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ယနေ့ထိမက္ကဆီကိုမှာ လူသေအလောင်းဟုတ်၊မဟုတ် အငြင်းပွားနေတဲ့မင်္ဂလာသတိုးသမီးအရုပ်
မက္ကဆီကိုအလယ်ပိုင်းက မြို့တစ်မြို့မှာ La Pascualita အမည်ရှိ သတို့သမီးပစ္စည်းအရောင်းဆိုင်ရဲ့ မှန်တွင်းပြထားတဲ့အရုပ်မဟာ လူသေလောင်းတစ်ခုကို ရုပ်လုံးသွင်းသွတ်ထားတယ်ဆိုပြီး နှစ်ပေါင်း (၈၀) ကြာအောင် နာမည်ကြီးပြီး အငြင်းပွားဖွယ် ဖြစ်လို့နေပါတယ်။ La Pascualita ဟာ ဆိုင်မှာရှိတဲ့ သတို့သမီးဝတ်စုံတွေကြောင့် နာမည်ရရုံတင်မကဘဲ အဝတ်အစားပြသဖို့ ဝတ်ဆင်ပေးထားတဲ့ အရုပ်မကြောင့်လည်း ခရီးသွားများသာမက မြို့ခံများအတွက် စိတ်ဝင်တစားအထူူးလည်ပတ်ဖို့ နေရာတစ်နေရာဖြစ်နေပါတယ်။
အရုပ်မကိုလာရောက်လေ့လာသူတွေဟာ ဆိုင်တွင်းတော့မဝင်ဘဲ မှန်ပြူတင်းပေါက်အပြင်ကနေ လူအစစ်နဲ့တူလွန်းအားကြီးတဲ့ အရုပ်မကို တကူးတက လာကြည့်ကြလေ့ရှိပါတယ်။ လူတစ်ယောက်မှာရှိသင့်ရှိအပ်တဲ့ အရေးအကြောင်းတွေ အသားအရည်အညီညာမှုတွေနဲ့ ခြေထောက်ကသွေးကြောတွေ၊ လက်တွေကို ကိုင်ကြည့်လိုက်တဲ့အခါ တကယ့်လူလက်နဲ့တူူတွေတာတွေကြောင့် လူသေအလောင်းကို ရုပ်လုံးသွင်းထားတယ်ဆိုပြီး ထင်ကြေးပေးနေကြတာပါ။
ဒီထက်ပိုပြီး ထူးဆန်းတာကတော့ ဆိုင်ရှေ့မှဖြတ်သွားသူတွေတင် မဟုတ်ဘဲ ဆိုင်မှဝန်ထမ်းအချို့ဟာ အရုပ်မရှေ့ကဖြတ်သွားတိုင်း သူတို့ကို လိုက်ကြည့်နေတယ်လို့ ခံစားရတယ်ဆိုပြီး ထွက်ဆိုချက်တွေ တော်တော်များများထွက်ဆိုထားပါတယ်။ နောက်ပြီး ညဖက်တွေမှာဆိုရင်တော့ အရုပ်မဟာ ထားထားတဲ့ပုံစံအတိုင်း မဟုတ်ဘဲ တစ်ချက်ချက်ကျ အနေအထားပြောင်းသွားတယ် လို့လည်း ဆိုပါတယ်။
တကယ်ပဲ အလောင်းကို အစာသွတ် သွင်းထားတာလားဆိုတာကိုတော့ ဆိုင်ရှင်အဆက်ဆက်က ထုတ်ဖော်ပြောထားခြင်းမရှိပေမယ့် မြို့ခံတွေရဲ့ ရှေ့မီနောက်မီစကားများအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၀) လောက်တုန်းက ဆိုင်ရှင်ရဲ့သမီးဖြစ်သူဟာ မင်္ဂလာဆောင်ခါနီး ပြင်ဆင်နေတုန်းမှာပဲ ပင့်ကူအကိုက်ခံရကာ သေဆုံးသွားတယ်လို့သိရပါတယ်။ သမီးသေဆုံးမှုနဲ့ ကြေကွဲနေတဲ့ဆိုင်ရှင်ဟာ သမီးကို ချစ်လွန်းအားကြီးလို့ အရုပ်အဖြစ်ပြုလုပ်ကာ ဆိုင်မှာထား,ထားတယ်လို့ ဆိုပါတယ်။
တချို့ဒေသခံတွေနဲ့ မင်္ဂလာဆောင်ခါနီး သတို့သမီးလေးတွေဟာ ဒီရုပ်ထုကို ဆုတောင်းဖွယ်တစ်ခုလို သတ်မှတ်ကာ ဆုတွေတောင်းလေ့ရှိပါတယ်တဲ့။ တချို့ကတော့ တော်တေ်ာလက်ရာမြောက်တဲ့ ဖယောင်းရုပ်ထုလို့ ချီးကျူးထားပါသေးတယ်။
အလောင်းကောင် ဟုတ်ဟုတ်,မဟုတ်ဟုတ် သူ့ကိုကြည့်ရတာနဲ့တင် ကြက်သီးထစရာ ကောင်းနေပါပြီနော်။
Source: Elite Readers
Penny
Credit:Shwemom





မှတ်ချက်များ