အျပင္ေလာကမွာရွိတဲ႔ Annabelle အရုပ္ရဲ႕ တုန္လွုပ္ေျခာက္ျခားဖြယ္အျဖစ္အပ်က္မ်ား


Zawgyiျဖင့္ဖတ္ရန္

The Conjuring universe ထဲက Annabelle ဆိုတဲ့ အရုပ္ေလးဟာ တကယ္ရွိတယ္ဆိုတာကို အထူးတလည္မိတ္ဆက္ေပးစရာမလိုအပ္ဘဲ လူတိုင္းနဲ႔ ရင္းႏွီီးေနခဲ့ပါၿပီေနာ္။ အခုအပတ္ထဲမွာလည္း Annabelle Comes Home ကလည္း ရံုတင္သြားဦးမွာဆိုေတာ့ တကယ့္အျပင္က Annabelle အရုပ္ေလးရဲ႕ ထူးျခားၿပီး ေက်ာ္ခ်မ္းဖြယ္ေကာင္းတဲ့ အခ်က္ေလးေတြကို BuzzFeed မွာ ေတြ႕မိတဲ့အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) ပထမဆံုးတစ္ခ်က္ကေတာ့ တကယ့္ Annabelle အရုပ္ေလးဟာ ရုပ္ရွင္ထဲကလို ေၾကာက္မက္ဖြယ္ ပံုသ႑ာန္ရွိေနတာပါပဲ။ တကယ့္ပံုစံကေတာ့ ဒီလိုပါ။

(၂) ေနာက္တစ္ခ်က္ ရုပ္ရွင္ထဲကလိုမ်ိဳး မွန္လံုအိမ္နဲ႔ ထားထားနာမ်ိဳးမဟုတ္ဘဲ သစ္သားနဲ႔အမ်ားဆံုး ျပဳလုပ္ထားတဲ့ ေသတၱာထဲမွာ ထည့္ထားတာပါတယ္။

(၃) အရုပ္ေလးရဲ႕ဇာတ္လမ္းကေတာ့ သူနာျပဳဆရာမေလးဆီကစတာပါပဲ။ သူမေမြးေန႕အတြက္ သူနာျပဳမေလး Deidre Bernard ရဲ႕ မိခင္ဟာ ၁၉၇၀ ေလာက္တုန္းက အရုပ္ကို ဝယ္ေပးလိုက္တဲ့အခ်ိန္ကစၿပီး သူမေနတဲ့ တိုက္ခန္းမွာ ထူးဆန္းတာေတြ တစ္ခုၿပီးတစ္ခု ၾကံဳေတြ႕ရေတာ့တာပဲတဲ့။ ထားထားတဲ့အခန္းထဲကမဟုတ္ဘဲ တျခားအခန္းထဲမွာ ေရာက္ေနတာတို႔၊ ေျခရာလက္ရာပ်က္ယြင္းေနတာမ်ိဳးတို႔လိုေပါ့။

(၄) ေနာက္မွာေတာ့ သူနာျပဳဆရာမေလးနဲ႔ သူငယ္ခ်င္းတို႔ဟာ Warrens ဇနီးေမာင္ႏွံအကူအညီနဲ႔ အရုပ္ထဲက ဝိဥာဥ္အေၾကာင္း သိခြင့္ရခဲ့ပါတယ္။ သူ႕နာမည္ကေတာ့ Annabelle Higgins ျဖစ္ၿပီး သူနာျပဳဆရာမေလးတို႔ ေနေနတဲ့ တိုက္ခန္းေတြ မေဆာက္ခင္အခ်ိန္ကတည္းက အဲဒီေနရာမွာ ေသဆံုးသြားခဲ့တဲ့ ၇ ႏွစ္သမီးေလးပါတဲ့။

(၅) ရုပ္ရွင္ထဲက Annabelle ထားထားတဲ့ မွန္သတၱာမွာ တားေရာ့ကတ္ေလးတစ္ေကတ္ ကပ္ထားတဲ့အတိုုင္းပဲ Annabelle အရုပ္အစစ္မွာလည္း ပံုစံတူ တားေရာ့ကတ္ေလးကို ကပ္ထားပါတယ္။

(၆) ေသတၱာေပၚမွာ မထိရ မကိုင္ရဆိုၿပီးလည္း သတိေပးစကားေရးထားပါေသးတယ္။

(၇) လြန္ခဲ့တဲ့ႏွစ္ေပါင္းဆယ္ခ်ီေက်ာ္ေလာက္တုန္းကဆိုရင္ လူတစ္ေယာက္က အဲဒီသတိေပးစကားကို လံုးဝအမႈမဲ့လုပ္ၿပီး သြားကိုင္လိုက္တဲ့အခါ အျပန္လမ္းမွာ သူစီးလာတဲ့ေမာ္ေတာ္ဆိုင္ကယ္ ေမွာက္ၿပီး အသက္ဆံုးရံႈးခဲ့ရတယ္လို႔ အဆိုရွိခဲ့ဖူးပါတယ္။

(၈) ဒီအျပင္ Hartford က ဘုန္းေတာ္ႀကီးတစ္ပါးဟာ Warrens တို႔ ျပတိုက္ကိုလာေလ့လာကာ Annabelle အရုပ္ရဲ႕အေရွ႕မွာ ဘုရားသခင္က အေမွာင္ေလာကသားေတြထက္စာရင္ စြမ္းအားပိုရွိတာ္လို႔ ေျပလိုက္မိတဲ့အတြက္ အျပန္လမ္းမွာပဲ ေနာက္တြဲကားတစ္ခုနဲ႔ မေတာ္တဆျဖစ္ကာ ေဆးရံုတင္လိုက္ခဲ့ရပါတယ္။ အသက္ေတာ့မေသခဲ့ေပမယ့္လည္း ဘုန္းေတာ္ႀကီးရဲ႕ အေျပာအရေတာ့ မေတ္ာတဆမႈမျဖစ္ခင္တုန္းက သူေမာင္းေနတဲ့ကားရဲ႕ ဘက္ၾကည့္မွန္ထဲမွာ Annabelle ကို ျမင္ခဲ့ရတယ္လို႔လည္း ထြက္ဆိုခဲ့ပါတယ္။

(၉) Warren ဇနီးေမွာင္ႏွံထဲက ဇနီးျဖစ္သူ Lorraine ေတာင္မွပဲ Annabelle ရဲ႕ မ်က္လံုးထဲကို ေစ့ေစ့မၾကည့္ရဲဘူးလို႔ဆိုခဲ့ပါေသးတယ္။

(၁၀) Warren တို႔ရဲ႕ သမီးျဖစ္သူ Judy ကလည္း သူမရဲ႕ မိဘေတြဟာ အရုပ္အနားကိုလည္း မကပ္ခိုင္းဘဲ ေဝးေဝးကေနေတာင္ မၾကည့္ခိုင္းခဲ့ပါဘူးတဲ့။

Penny

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အပြင်လောကမှာရှိတဲ့ Annabelle အရုပ်ရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်အဖြစ်အပျက်များ

The Conjuring universe ထဲက Annabelle ဆိုတဲ့ အရုပ်လေးဟာ တကယ်ရှိတယ်ဆိုတာကို အထူးတလည်မိတ်ဆက်ပေးစရာမလိုအပ်ဘဲ လူတိုင်းနဲ့ ရင်းနှီးနေခဲ့ပါပြီနော်။ အခုအပတ်ထဲမှာလည်း Annabelle Comes Home ကလည်း ရုံတင်သွားဦးမှာဆိုတော့ တကယ့်အပြင်က Annabelle အရုပ်လေးရဲ့ ထူးခြားပြီး ကျော်ချမ်းဖွယ်ကောင်းတဲ့ အချက်လေးတွေကို BuzzFeed မှာ တွေ့မိတဲ့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ပထမဆုံးတစ်ချက်ကတော့ တကယ့် Annabelle အရုပ်လေးဟာ ရုပ်ရှင်ထဲကလို ကြောက်မက်ဖွယ် ပုံသဏ္ဍာန်ရှိနေတာပါပဲ။ တကယ့်ပုံစံကတော့ ဒီလိုပါ။

(၂) နောက်တစ်ချက် ရုပ်ရှင်ထဲကလိုမျိုး မှန်လုံအိမ်နဲ့ ထားထားနာမျိုးမဟုတ်ဘဲ သစ်သားနဲ့အများဆုံး ပြုလုပ်ထားတဲ့ သေတ္တာထဲမှာ ထည့်ထားတာပါတယ်။

(၃) အရုပ်လေးရဲ့ဇာတ်လမ်းကတော့ သူနာပြုဆရာမလေးဆီကစတာပါပဲ။ သူမမွေးနေ့အတွက် သူနာပြုမလေး Deidre Bernard ရဲ့ မိခင်ဟာ ၁၉၇၀ လောက်တုန်းက အရုပ်ကို ဝယ်ပေးလိုက်တဲ့အချိန်ကစပြီး သူမနေတဲ့ တိုက်ခန်းမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ရတော့တာပဲတဲ့။ ထားထားတဲ့အခန်းထဲကမဟုတ်ဘဲ တခြားအခန်းထဲမှာ ရောက်နေတာတို့၊ ခြေရာလက်ရာပျက်ယွင်းနေတာမျိုးတို့လိုပေါ့။

(၄) နောက်မှာတော့ သူနာပြုဆရာမလေးနဲ့ သူငယ်ချင်းတို့ဟာ Warrens ဇနီးမောင်နှံအကူအညီနဲ့ အရုပ်ထဲက ဝိဉာဉ်အကြောင်း သိခွင့်ရခဲ့ပါတယ်။ သူ့နာမည်ကတော့ Annabelle Higgins ဖြစ်ပြီး သူနာပြုဆရာမလေးတို့ နေနေတဲ့ တိုက်ခန်းတွေ မဆောက်ခင်အချိန်ကတည်းက အဲဒီနေရာမှာ သေဆုံးသွားခဲ့တဲ့ ၇ နှစ်သမီးလေးပါတဲ့။

(၅) ရုပ်ရှင်ထဲက Annabelle ထားထားတဲ့ မှန်သတ္တာမှာ တားရော့ကတ်လေးတစ်ကေတ် ကပ်ထားတဲ့အတိုင်းပဲ Annabelle အရုပ်အစစ်မှာလည်း ပုံစံတူ တားရော့ကတ်လေးကို ကပ်ထားပါတယ်။

(၆) သေတ္တာပေါ်မှာ မထိရ မကိုင်ရဆိုပြီးလည်း သတိပေးစကားရေးထားပါသေးတယ်။

(၇) လွန်ခဲ့တဲ့နှစ်ပေါင်းဆယ်ချီကျော်လောက်တုန်းကဆိုရင် လူတစ်ယောက်က အဲဒီသတိပေးစကားကို လုံးဝအမှုမဲ့လုပ်ပြီး သွားကိုင်လိုက်တဲ့အခါ အပြန်လမ်းမှာ သူစီးလာတဲ့မော်တော်ဆိုင်ကယ် မှောက်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ အဆိုရှိခဲ့ဖူးပါတယ်။

(၈) ဒီအပြင် Hartford က ဘုန်းတော်ကြီးတစ်ပါးဟာ Warrens တို့ ပြတိုက်ကိုလာလေ့လာကာ Annabelle အရုပ်ရဲ့အရှေ့မှာ ဘုရားသခင်က အမှောင်လောကသားတွေထက်စာရင် စွမ်းအားပိုရှိတာ်လို့ ပြေလိုက်မိတဲ့အတွက် အပြန်လမ်းမှာပဲ နောက်တွဲကားတစ်ခုနဲ့ မတော်တဆဖြစ်ကာ ဆေးရုံတင်လိုက်ခဲ့ရပါတယ်။ အသက်တော့မသေခဲ့ပေမယ့်လည်း ဘုန်းတော်ကြီးရဲ့ အပြောအရတော့ မတေ်ာတဆမှုမဖြစ်ခင်တုန်းက သူမောင်းနေတဲ့ကားရဲ့ ဘက်ကြည့်မှန်ထဲမှာ Annabelle ကို မြင်ခဲ့ရတယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။

(၉) Warren ဇနီးမှောင်နှံထဲက ဇနီးဖြစ်သူ Lorraine တောင်မှပဲ Annabelle ရဲ့ မျက်လုံးထဲကို စေ့စေ့မကြည့်ရဲဘူးလို့ဆိုခဲ့ပါသေးတယ်။

(၁၀) Warren တို့ရဲ့ သမီးဖြစ်သူ Judy ကလည်း သူမရဲ့ မိဘတွေဟာ အရုပ်အနားကိုလည်း မကပ်ခိုင်းဘဲ ဝေးဝေးကနေတောင် မကြည့်ခိုင်းခဲ့ပါဘူးတဲ့။

Penny

Credit:Shwemom

မှတ်ချက်များ