အားနာတတ္တဲ့စိတ္ကုိ ဒီနည္းလမ္းေတြနဲ႔ဖယ္ရွားမယ္


Zawgyiျဖင့္ဖတ္ရန္

သင္က အားနာတတ္တဲ့သူတစ္ေယာက္ဆုိရင္ အဲဒီ အားနာတတ္တဲ့စိတ္ေၾကာင့္ လူမႈဆက္ဆံေရးနယ္ပယ္မွာ အရမ္း စိတ္ညစ္ရတာမ်ိဳး ျဖစ္ဖူးမွာပါ။ ကုိယ္ကေတာ့ အားနာလုိ႔ တစ္ခုခုဆုိ လုပ္ေပးလုိက္တာ၊ မေျပာပဲေနလုိက္တာမ်ိဳးရွိေပမယ့္ တခ်ိဳ႕က်ေတာ့လည္း ကုိယ့္အေပၚ အခြင့္အေရးယူတတ္ၾကတယ္ေလ။ တစ္ေယာက္ကုိတစ္ေယာက္ ေလးစားမႈဆုိတာ ရွိသင့္တာမွန္ေပမယ့္ အားနာတဲ့စိတ္မ်ားလြန္းရင္ေတာ့ ဘ၀မွာ အဆင္မေျပတဲ့အခ်ိန္ေတြ ႀကဳံလာရတတ္ပါတယ္။ ဒီေတာ့ အားနာတဲ့စိတ္ကုိ ဒီနည္းလမ္းေတြနဲ႔ ဖယ္ရွားၾကမယ္….။

(၁)။ အကူအညီေတာင္းတုိင္းမလုပ္ေပးနဲ႔

တျခားသူက ကုိယ့္ကုိ အကူအညီေတာင္းတုိင္း လုပ္ေပးရမယ္ဆုိတဲ့ အေတြးမ်ိဳးမေတြးပါနဲ႔။ ကုိယ့္ကုိ အကူအညီလာေတာင္းတဲ့သူရဲ႕ အေနအထားကုိ တစ္ခ်က္ေလာက္ ျပန္ၾကည့္ပါဦး။ အဲဒီလုိ အကူအညီမ်ိဳးကုိ ကုိယ္မလုပ္ေပးရင္ တျခားသူဆီက မရႏုိင္ဘူးလားဆုိတာလည္္း ထည့္သြင္းစဥ္းစားဖုိ႔လုိပါလိမ့္မယ္။ တခ်ိဳ႕ေတြဆုိရင္ သူတုိ႔ကုိယ္တုိင္လုပ္ႏုိင္တဲ့အလုပ္ေတြကုိေတာင္မွ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ကုိယ့္ကုိ အကူအညီေတာင္းလုိ႔ လုပ္ခုိင္းေလ့ရွိၾကတယ္။ ဒီေတာ့ တျခားသူေတြ အကူအညီေတာင္းတုိင္းမေပးပါနဲ႔။ ကူညီသင့္၊ မကူညီသင့္ဆုိတာ အရင္စဥ္းစားပါဦး။

(၂)။ ကုိယ့္အတြက္အဆင္ေျပရဲ႕လားအရင္ေတြးပါ

ကုိယ့္မွာ တျခားလုပ္စရာေတြတပုံႀကီးရွိေနရက္နဲ႔ တျခားတစ္ေယာက္ အကူအညီေတာင္းလုိ႔ သူ႕အလုပ္ကုိပါ လုပ္ေပးေနရတဲ့အခါ ကုိယ္ပဲ အဆင္မေျပျဖစ္ရတာပါ။ ကုိယ့္မွာ ပုိက္ဆံသုံးစရာမရွိေပမယ့္ တျခားတစ္ေယာက္က အကူအညီလုိလုိ႔ ရွိတဲ့ပုိက္ဆံေလး ေခ်းလုိက္ရတဲ့အခါ ကိုယ္ပဲ ဒုကၡေရာက္ရတာ။ ဒီေတာ့ အကူအညီေပးဖုိ႔အတြက္ စဥ္းစားၿပီဆုိရင္ ကုိယ့္အတြက္ အဆင္ေျပရဲ႕လား အရင္စဥ္းစားပါဦး။ ကုိယ့္အတြက္ အဆင္ေျပတယ္လုိ႔ ေသခ်ာေတာ့မွ တျခားသူေတြကုိ ကူညီေပးဖုိ႔ႀကိဳးစားပါ။ မဟုတ္ရင္ သင့္ရဲ႕ကူညီမႈက အက်ိဳးမရွိတဲ့အျပင္ စိတ္ထဲမွာလည္း ေနာင္တရမိေနမွာ ေသခ်ာပါတယ္။

(၃)။ ေျပာသင့္တာေတြကုိေျပာဖုိ႔ ၀န္မေလးပါနဲ႔

ဆုိလုိခ်င္တာက ျငင္းသင့္တာဆုိ ျငင္းပါ။ အားနာမေနပါနဲ႔။ ဒီလူကေတာ့ ကုိယ့္အခ်စ္ဆုံးသူငယ္ခ်င္းမုိ႔၊ ဒီလူကေတာ့ ကုိယ့္အထက္လူႀကီးမုိ႔ ဆုိတဲ့ ပတ္သက္မႈေတြကုိ အားနာမေနပါနဲ႔။ ကုိယ့္အခက္အခဲကုိ ေျပာျပပါ။ သူတုိ႔ေတာင္းတဲ့အကူအညီကုိ လုပ္ေပးဖုိ႔ ဘာေတြ အဆင္မေျပျဖစ္ေနလဲဆုိတာ ေျပာျပပါ။ ဒီလုိမွပဲ ကုိယ့္မွာလည္း အခက္အခဲေတြ ရွိေနတယ္ဆုိတာ သူတုိ႔ နားလည္သြားမွာျဖစ္ၿပီး ဘာကုိမွမေျပာပဲ သူတုိ႔အကူအညီေတာင္းတုိင္း လုပ္ေပးေနမယ္ဆုိရင္ သင္ပဲ စိတ္ညစ္ရမွာ။

(၄)။ လက္ေတြ႕က်က်လုပ္ပါ

သင့္စိတ္ထဲမွာ ေနာက္တစ္ခါဆုိရင္ေတာ့ အားနာမေနေတာ့ဘူး၊ မကူညီဘူးလုိ႔ ေတြးထားေပမယ့္ တကယ္တမ္း အကူအညီအေတာင္းခံရတဲ့အခါ အဲဒီ အားနာစိတ္က ျပန္၀င္လာၿပီး ကူညီမိျပန္ေရာဆုိတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီေတာ့ သင္ေတြးထားတဲ့အတုိင္း လက္ေတြ႕က်က် လုပ္ႏုိင္ဖုိ႔လည္း လုိပါတယ္။ အားနာတဲ့စိတ္ကုိ ေဖ်ာက္ၿပီး ျငင္းသင့္တာကုိ လက္ေတြ႕က်က် ျငင္းရဲဖုိ႔၊ ရွင္းျပသင့္တာကုိ ရွင္းျပဖုိ႔က သင့္အတြက္ တကယ္ပဲ အေရးႀကီးလွပါတယ္။

Linn

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အားနာတတ်တဲ့စိတ်ကို ဒီနည်းလမ်းတွေနဲ့ဖယ်ရှားမယ်

သင်က အားနာတတ်တဲ့သူတစ်ယောက်ဆိုရင် အဲဒီ အားနာတတ်တဲ့စိတ်ကြောင့် လူမှုဆက်ဆံရေးနယ်ပယ်မှာ အရမ်း စိတ်ညစ်ရတာမျိုး ဖြစ်ဖူးမှာပါ။ ကိုယ်ကတော့ အားနာလို့ တစ်ခုခုဆို လုပ်ပေးလိုက်တာ၊ မပြောပဲနေလိုက်တာမျိုးရှိပေမယ့် တချို့ကျတော့လည်း ကိုယ့်အပေါ် အခွင့်အရေးယူတတ်ကြတယ်လေ။ တစ်ယောက်ကိုတစ်ယောက် လေးစားမှုဆိုတာ ရှိသင့်တာမှန်ပေမယ့် အားနာတဲ့စိတ်များလွန်းရင်တော့ ဘဝမှာ အဆင်မပြေတဲ့အချိန်တွေ ကြုံလာရတတ်ပါတယ်။ ဒီတော့ အားနာတဲ့စိတ်ကို ဒီနည်းလမ်းတွေနဲ့ ဖယ်ရှားကြမယ်….။

(၁)။ အကူအညီတောင်းတိုင်းမလုပ်ပေးနဲ့

တခြားသူက ကိုယ့်ကို အကူအညီတောင်းတိုင်း လုပ်ပေးရမယ်ဆိုတဲ့ အတွေးမျိုးမတွေးပါနဲ့။ ကိုယ့်ကို အကူအညီလာတောင်းတဲ့သူရဲ့ အနေအထားကို တစ်ချက်လောက် ပြန်ကြည့်ပါဦး။ အဲဒီလို အကူအညီမျိုးကို ကိုယ်မလုပ်ပေးရင် တခြားသူဆီက မရနိုင်ဘူးလားဆိုတာလည်း ထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ်။ တချို့တွေဆိုရင် သူတို့ကိုယ်တိုင်လုပ်နိုင်တဲ့အလုပ်တွေကိုတောင်မှ အကြောင်းအမျိုးမျိုးပြပြီး ကိုယ့်ကို အကူအညီတောင်းလို့ လုပ်ခိုင်းလေ့ရှိကြတယ်။ ဒီတော့ တခြားသူတွေ အကူအညီတောင်းတိုင်းမပေးပါနဲ့။ ကူညီသင့်၊ မကူညီသင့်ဆိုတာ အရင်စဉ်းစားပါဦး။

(၂)။ ကိုယ့်အတွက်အဆင်ပြေရဲ့လားအရင်တွေးပါ

ကိုယ့်မှာ တခြားလုပ်စရာတွေတပုံကြီးရှိနေရက်နဲ့ တခြားတစ်ယောက် အကူအညီတောင်းလို့ သူ့အလုပ်ကိုပါ လုပ်ပေးနေရတဲ့အခါ ကိုယ်ပဲ အဆင်မပြေဖြစ်ရတာပါ။ ကိုယ့်မှာ ပိုက်ဆံသုံးစရာမရှိပေမယ့် တခြားတစ်ယောက်က အကူအညီလိုလို့ ရှိတဲ့ပိုက်ဆံလေး ချေးလိုက်ရတဲ့အခါ ကိုယ်ပဲ ဒုက္ခရောက်ရတာ။ ဒီတော့ အကူအညီပေးဖို့အတွက် စဉ်းစားပြီဆိုရင် ကိုယ့်အတွက် အဆင်ပြေရဲ့လား အရင်စဉ်းစားပါဦး။ ကိုယ့်အတွက် အဆင်ပြေတယ်လို့ သေချာတော့မှ တခြားသူတွေကို ကူညီပေးဖို့ကြိုးစားပါ။ မဟုတ်ရင် သင့်ရဲ့ကူညီမှုက အကျိုးမရှိတဲ့အပြင် စိတ်ထဲမှာလည်း နောင်တရမိနေမှာ သေချာပါတယ်။

(၃)။ ပြောသင့်တာတွေကိုပြောဖို့ ဝန်မလေးပါနဲ့

ဆိုလိုချင်တာက ငြင်းသင့်တာဆို ငြင်းပါ။ အားနာမနေပါနဲ့။ ဒီလူကတော့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းမို့၊ ဒီလူကတော့ ကိုယ့်အထက်လူကြီးမို့ ဆိုတဲ့ ပတ်သက်မှုတွေကို အားနာမနေပါနဲ့။ ကိုယ့်အခက်အခဲကို ပြောပြပါ။ သူတို့တောင်းတဲ့အကူအညီကို လုပ်ပေးဖို့ ဘာတွေ အဆင်မပြေဖြစ်နေလဲဆိုတာ ပြောပြပါ။ ဒီလိုမှပဲ ကိုယ့်မှာလည်း အခက်အခဲတွေ ရှိနေတယ်ဆိုတာ သူတို့ နားလည်သွားမှာဖြစ်ပြီး ဘာကိုမှမပြောပဲ သူတို့အကူအညီတောင်းတိုင်း လုပ်ပေးနေမယ်ဆိုရင် သင်ပဲ စိတ်ညစ်ရမှာ။

(၄)။ လက်တွေ့ကျကျလုပ်ပါ

သင့်စိတ်ထဲမှာ နောက်တစ်ခါဆိုရင်တော့ အားနာမနေတော့ဘူး၊ မကူညီဘူးလို့ တွေးထားပေမယ့် တကယ်တမ်း အကူအညီအတောင်းခံရတဲ့အခါ အဲဒီ အားနာစိတ်က ပြန်ဝင်လာပြီး ကူညီမိပြန်ရောဆိုတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ သင်တွေးထားတဲ့အတိုင်း လက်တွေ့ကျကျ လုပ်နိုင်ဖို့လည်း လိုပါတယ်။ အားနာတဲ့စိတ်ကို ဖျောက်ပြီး ငြင်းသင့်တာကို လက်တွေ့ကျကျ ငြင်းရဲဖို့၊ ရှင်းပြသင့်တာကို ရှင်းပြဖို့က သင့်အတွက် တကယ်ပဲ အရေးကြီးလှပါတယ်။

Linn

Credit:Shwemom

မှတ်ချက်များ