ဘာမွမဝတ္ဘဲ ကိုယ္တုံးလုံး ခြၽတ္ၿပီး ပစၥည္းေတြ လိုက္ခိုးလို႔ အဖမ္းခံလိုက္ရတဲ့ ကိုယ္ေပ်ာက္ လူသား





Zawgyi ျဖင့္ဖတ္ရန္

( Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ )

ူလူသားတိုင္းဟာ အမ်ားနဲ႔ မတူတဲ့ အစြမ္းအစ ကို ပိုင္ဆိုင္ခ်င္ၾကသူေတြမ်ားပါတယ္။ အထူးသျဖင့္ သူမ်ားက မပ်ံႏိုင္ရင္ ကိုယ္ကစူပါမင္းလို ပ်ံခ်င္တာ ၊ ဘတ္မန္းလို ကယ္တင္ခ်င္တာ ေတြဟာ ႏိုင္ငံျခား ဇာတ္လမ္းေတြျဖစ္သလို ၊ ျမန္မာႏိုင္ငံမွာလည္း ေၾကာင္မ်က္ရွင္ စိန္စိန္ ၊ သူခိုးႀကီးငတက္ျပား စတဲ့ အစြမ္းအစ ရွိတဲ့ ပုဂၢိဳလ္ေက်ာ္တို႔ ဇာတ္လမ္းမ်ားကိုလည္း ၾကားဖူးၾကမွာပါ။ ေပါင္ပုတ္ရင္ ေၾကာင္႐ုပ္ျဖစ္သလို ၊ ငွက္ေပ်ာ႐ြက္ေပၚမွာေတာင္ အိပ္ႏိုင္တဲ့ ငတက္ျပားလို အစြမ္းကိုလူသားတိုင္း လိုခ်င္ၾကမွာအမွန္ပါ။ ဒါ့အျပင္ေဆးစြမ္းေကာင္း ၊ အေဆာင္ ၊လက္ဖြဲ႕ ၊ အင္းအိုင္ ၊ ခလဲ့ ၊ ပီယေဆး စတဲ့ အစြမ္းအစေတြကိုလည္း လူေတြဟာ ရွာေဖြေနၾကဆဲပဲျဖစ္ပါတယ္။





အခုေတာ့ အဲ့လို အစြမ္းအစေတြကို ယုံၾကည္တတ္တဲ့ ေဖာက္ထြင္းဝိဇၨာတစ္ေယာက္ဟာ ကိုယ္ေပ်ာက္ေဆး အစြမ္းေၾကာင့္ ေထာင္နန္းစံရေတာ့မွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ နတ္ဆရာေပးတဲ့ ကိုယ္ေပ်ာက္ေဆးကို ယုံၾကည္ၿပီး ေဖာက္ထြင္းခဲ့ရာမွာ အခုလို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာပဲျဖစ္ပါတယ္။ သူခိုးက ထူးထူးဆန္းဆန္း အဝတ္ဗလာနဲ႔ အေဆာက္အဦးထဲ ဝင္ၿပီး ခိုးခဲ့တာျဖစ္ပါတယ္။ စစ္ေဆးေမးျမန္းခ်က္အရ နတ္ဆရာဟာ သူေပးတဲ့ ကိုယ္ေပ်ာက္ေဆးကို ကိုယ္တုံးလုံး ခြၽတ္လိမ္းၿပီး ေဖာက္ထြင္းရင္ ဘယ္သူမွ မျမင္ရဘူးလို႔ ဆိုတာေၾကာင့္ အခုလို လုပ္ခဲ့တာလို႔ဆိုပါတယ္။

႐ုပ္သံဖိုင္အားၾကည့္ရန္ ႏွိပ္ပါ



သူဟာ အရင္ကလည္း အျခားေနရာေပါင္းမ်ားစြာမွာ ခိုးဝွက္ခဲ့ဖူးသူျဖစ္ပါတယ္။ သူဟာ ေဆးသုံးသလို ၊ စာၾကည့္တိုက္က tablet ေတြကိုလည္း ခိုးယူခဲ့တဲ့ ရဲမွတ္တမ္းေတြလည္း ရွိေနခဲ့ပါတယ္။ ခိုးမႈေတာ္ေတာ္မ်ားမ်ားမွာ သူတစ္ေယာက္တည္း ခိုးယူခဲ့တာမဟုတ္ပဲနဲ႔ သူ႔ကို လြတ္ေျမာက္ေအာင္ ကူညီသူ တစ္ေယာက္လည္း ရွိေနတယ္လို႔ ဆိုပါတယ္။ အခုေတာ့ အဲ့ဒီ ကူညီသူကို ရဲတပ္ဖြဲ႕က ဆက္လက္ ရွာေဖြေနတယ္လို႔ သိရပါတယ္။



Writer- SMT(Shwe Yaung Lan)


Unicode ဖြင့်ဖတ်ရန်

ဘာမှမဝတ်ဘဲ ကိုယ်တုံးလုံး ချွတ်ပြီး ပစ္စည်းတွေ လိုက်ခိုးလို့ အဖမ်းခံလိုက်ရတဲ့ ကိုယ်ပျောက် လူသား



( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ူလူသားတိုင်းဟာ အများနဲ့ မတူတဲ့ အစွမ်းအစ ကို ပိုင်ဆိုင်ချင်ကြသူတွေများပါတယ်။ အထူးသဖြင့် သူများက မပျံနိုင်ရင် ကိုယ်ကစူပါမင်းလို ပျံချင်တာ ၊ ဘတ်မန်းလို ကယ်တင်ချင်တာ တွေဟာ နိုင်ငံခြား ဇာတ်လမ်းတွေဖြစ်သလို ၊ မြန်မာနိုင်ငံမှာလည်း ကြောင်မျက်ရှင် စိန်စိန် ၊ သူခိုးကြီးငတက်ပြား စတဲ့ အစွမ်းအစ ရှိတဲ့ ပုဂ္ဂိုလ်ကျော်တို့ ဇာတ်လမ်းများကိုလည်း ကြားဖူးကြမှာပါ။ ပေါင်ပုတ်ရင် ကြောင်ရုပ်ဖြစ်သလို ၊ ငှက်ပျောရွက်ပေါ်မှာတောင် အိပ်နိုင်တဲ့ ငတက်ပြားလို အစွမ်းကိုလူသားတိုင်း လိုချင်ကြမှာအမှန်ပါ။ ဒါ့အပြင်ဆေးစွမ်းကောင်း ၊ အဆောင် ၊လက်ဖွဲ့ ၊ အင်းအိုင် ၊ ခလဲ့ ၊ ပီယဆေး စတဲ့ အစွမ်းအစတွေကိုလည်း လူတွေဟာ ရှာဖွေနေကြဆဲပဲဖြစ်ပါတယ်။


အခုတော့ အဲ့လို အစွမ်းအစတွေကို ယုံကြည်တတ်တဲ့ ဖောက်ထွင်းဝိဇ္ဇာတစ်ယောက်ဟာ ကိုယ်ပျောက်ဆေး အစွမ်းကြောင့် ထောင်နန်းစံရတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ နတ်ဆရာပေးတဲ့ ကိုယ်ပျောက်ဆေးကို ယုံကြည်ပြီး ဖောက်ထွင်းခဲ့ရာမှာ အခုလို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ သူခိုးက ထူးထူးဆန်းဆန်း အဝတ်ဗလာနဲ့ အဆောက်အဦးထဲ ဝင်ပြီး ခိုးခဲ့တာဖြစ်ပါတယ်။ စစ်ဆေးမေးမြန်းချက်အရ နတ်ဆရာဟာ သူပေးတဲ့ ကိုယ်ပျောက်ဆေးကို ကိုယ်တုံးလုံး ချွတ်လိမ်းပြီး ဖောက်ထွင်းရင် ဘယ်သူမှ မမြင်ရဘူးလို့ ဆိုတာကြောင့် အခုလို လုပ်ခဲ့တာလို့ဆိုပါတယ်။



သူဟာ အရင်ကလည်း အခြားနေရာပေါင်းများစွာမှာ ခိုးဝှက်ခဲ့ဖူးသူဖြစ်ပါတယ်။ သူဟာ ဆေးသုံးသလို ၊ စာကြည့်တိုက်က tablet တွေကိုလည်း ခိုးယူခဲ့တဲ့ ရဲမှတ်တမ်းတွေလည်း ရှိနေခဲ့ပါတယ်။ ခိုးမှုတော်တော်များများမှာ သူတစ်ယောက်တည်း ခိုးယူခဲ့တာမဟုတ်ပဲနဲ့ သူ့ကို လွတ်မြောက်အောင် ကူညီသူ တစ်ယောက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။ အခုတော့ အဲ့ဒီ ကူညီသူကို ရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ


Writer- SMT(Shwe Yaung Lan)

မှတ်ချက်များ