ပြဲကရန္ပ်က္ကြက္ခဲ့တာေၾကာင့္ နစ္နာေၾကးသိန္း(၅၀၀)နဲ႔အတူ ကားသံုးစီးထိန္းသိမ္းခံထားရတဲ့ စြမ္းသဘင္


Zawgyiျဖင့္ဖတ္ရန္

မင္းသားေခ်ာစြမ္းဟာ ဇာတ္သဘင္ေလာကမွာ လ်ွမ္းလ်ွမ္းေတာက္ နာမည္ေက်ာ္ၾကားၿပီး လူႀကိဳက္မ်ားလွသူတစ္ဦး ျဖစ္ပါတယ္။ စြမ္းဟာ လက္ရိွမွာ သူဝါသနာပါရာ ဇာတ္သဘင္ကို တစိုက္မတ္မတ္ လုပ္ကိုင္ေနလ်က္ ရိွပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းမွာေတာ့ မင္းသားစြမ္းဟာ အမရပူရမွာ ပြဲကဖို႔ ေနာက္က်ေနခဲ့တာေၾကာင့္ ေဒသခံ ပြဲငွါးသူေတြနဲ႔ နားလည္မႈလြဲေခ်ာ္ခဲ့တာကို ေတြ႔ရပါတယ္။

စြမ္းဇာနည္ရဲ႕ ပ်က္ကြက္မႈနဲ႔ ပက္သတ္ၿပီး အမရပူရမွ ပြဲငွါးသူက အခုလိုပဲ ေျပာျပလာပါတယ္။ "အမရပူရၿမိဳ့ နန္ေတာ္ရာစံျပကြက္သစ္ ငါးဆယ္တစ္ႀကိမ္‌ေျမာက္ ပြဲေတာ္မွာ စြမ္းသဘင္ ကို ငွားခဲ့ပါတယ္။ စရံကိုလည္း ေတာင္းတဲ့ သိန္း( 50 ) ခ်ေပးခဲ့ပါတယ္။ ပြဲေတာ္ သုံးရက္ ငွားရမ္းခဲ့ရာမွာ ၾကားရက္ ပြဲကူးရက္ မရွိသျဖင့္ ထက္တိုးဖို့ ေျပာဆိုတဲ့ အခါမွာ ေနာက္တစ္ရက္ ထက္တိုးေပးခဲ့ပါတယ္။ စုစုေပါင္း စြမ္းသဘင္ကို ေလးရက္တိတိငွားရမ္းခဲ့ပါတယ္။ ပထမပြဲရက္မွာပဲ စြမ္းသဘင္မွ အဖြဲ႕သားအားလုံး ေရာက္ရွိေပမဲ့ စြမ္းဇာနည္ မေရာက္ခဲ့ပါဘူး။"

"အဲ့အတြက္ ပြဲေတာ္ကို ကၽြန္ေတာ္တို့ ပြဲေကာ္မတီမွ နားလည္မွုရွိစြာျဖင့္ တစ္ရက္ ေနာက္ဆုတ္ေပးခဲ့ပါတယ္။ ဒုတိယ ရက္ေန႔မွာလဲ ေန႔လည္ 12:00 ထိ စြမ္းဇာနည္ ေရာက္မလာခဲ့လို့ စြမ္းသဘင္ မွ တာဝန္ရွိသူျဖစ္တဲ့ စြမ္းဇာနည္ရဲ့ အေဒၚနဲ႔ အစ္မကို ဖုန္းဆက္ ေမးခိုင္းခဲ့ပါတယ္။ ေနေကာင္းဘူး ေျပာဆိုပါတယ္။ ဒါနဲ႔ ကၽြန္ေတာ္တို့ ပြဲေတာ္ေကာ္မတီမွ ဒုတိယတခါ နားလည္မွုရွိစြာျဖင့္ စြမ္းဇာနည္ မင္းေနမေကာင္းဖစ္ေနရင္လည္း လူေလးပဲ စင္ေပၚတတ္ပီ ပရိသတ္ကို မ်က္ႏွာေလးပဲ လာျပၿပီး မင္းနားေနေပါ့လို့ ေလယာဥ္လက္မွတ္လည္း အသင့္လုပ္ေပးမယ္ ေျပာဆိုခဲ့ပါတယ္။"


" ဒီလိုနဲ႔ ညေနပိုင္းထိ မေရာက္လာေတာ့ စြမ္းသဘင္က တာဝန္ရွိသူေတြနဲ႔ ကၽြန္ေတာ္တို့ ပြဲေကာ္မတီ ထပ္ေတြ႕ပါတယ္။ ညၾကရင္ မျဖစ္မေန ပြဲစရေတာ့မယ္ အခုထိ စြမ္းဇာနည္ မေရာက္လာေသးပါလား ဖုန္းျပန္ဆက္ၾကည့္ပါေပါ့ ကၽြန္ေတာ္တို့ ဆက္တာ မကိုင္လို့ေပါ့ ဒီလိုနဲ႔ သူရဲ့ အေဒၚနဲ႔ အစ္မကို ဖုန္းေခၚခိုင္းတယ္။ ဖုန္းမကိုင္ေတာ့ ကၽြန္ေတာ္တို့ ပြဲေကာ္မတီမွ သည္းခံနိုင္တဲ့ အတိုင္းတာ ကုန္ဆုံးသြားပါၿပီဗ်ာ။"

" ဒီလိုနဲ႔ ညေနပိုင္းထိ မေရာက္လာေတာ့ စြမ္းသဘင္က တာဝန္ရွိသူေတြနဲ႔ ကၽြန္ေတာ္တို့ ပြဲေကာ္မတီ ထပ္ေတြ႕ပါတယ္။ ညၾကရင္ မျဖစ္မေန ပြဲစရေတာ့မယ္ အခုထိ စြမ္းဇာနည္ မေရာက္လာေသးပါလား ဖုန္းျပန္ဆက္ၾကည့္ပါေပါ့ ကၽြန္ေတာ္တို့ ဆက္တာ မကိုင္လို့ေပါ့ ဒီလိုနဲ႔ သူရဲ့ အေဒၚနဲ႔ အစ္မကို ဖုန္းေခၚခိုင္းတယ္။ ဖုန္းမကိုင္ေတာ့ ကၽြန္ေတာ္တို့ ပြဲေကာ္မတီမွ သည္းခံနိုင္တဲ့ အတိုင္းတာ ကုန္ဆုံးသြားပါၿပီဗ်ာ။"

"ကၽြန္ေတာ္တို့ ပြဲေကာ္မတီမွ ဇာတ္အဖြဲ႕သားအားလုံးကို ျပႆနာၾကားထဲ မေရာက္ေအာင္ ရပ္ကြက္သူ၊ ရပ္ကြက္သားေတြနဲ႔ ျပႆနာမျဖစ္ေအာင္ ဇာတ္အဖြဲ႕သားေတြ အားလုံး လူေတြၾကည့္ပဲ အျပင္ကို အကုန္ေပးပါ လုံျခဳံအပ္ျကည့္ေပးပါမယ္။ ဒါေပမဲ့ စက္ပစၥည္းမ်ားနဲ႔ ကားသုံးစီးကို ေက်နပ္စြာျဖင့္ ထားခဲ့ေပးလို့ ထိန္သိမ္းခဲ့ပါတယ္။"

"ဇာတ္အဖြဲ႕သားေတြကို ျပႆနာ မဖစ္ရေအာင္လို့ မွန္လုံကားတစ္စီးကိုေတာ့ မင္းသားငယ္။ မင္းသမီးမ်ားကို ဇာတ္အဖြဲ႕သားေတြကို တင္ေပးၿပီး အမရပူရၿမိဳ့နယ္နဲ႔ ေဝးတဲ့ ေနရာသာ သြားပါလို့ ေျပာဆိုျပီး နားလည္မွုရွိစြာျဖင့္ ဇာတ္အဖြဲ႕သားေတြကို လႊတ္ေပးခဲ့ၿပီး စက္ပစၥည္းအားလုံးနဲ႔ ကားေလးစီးကိုေတာ္ ပြဲေတာ္ေကာ္မတီမွ ထိန္းသိမ္းထားပါတယ္။ နစ္နာေၾကးအျဖင့္ သိန္း ( 500 က်ပ္တိတိကို ) ‌ေပးတာနဲ႔ စက္ပစၥည္းမ်ားနဲ႔ ကားသုံးစီးကို ျပန္ေပးပါမည္။ မနက္ျဖန္မွစ၍ ( ၁၄ ရက္ အခ်ိန္ေပးသြားပါမည္ ) ၁၄ ရက္ေက်ာ္ခဲ့ပါက စက္ပစၥည္းမ်ားနဲ႔ ကားသုံးစီးကို လုံးဝတာဝန္မယူေၾကာင္းကို ပြဲေတာ္‌ျဖစ္ေျမာက္ေရး ေကာ္မတီမွ အထူးသတိေပးေၾကညာအပ္ပါေၾကာင္း" ဆိုၿပီး ေၾကျငာထားတာ ျဖစ္ပါတယ္။

ထိုကိစၥနဲ႔ ပက္သတ္ၿပီး မင္သား စြမ္းဇာနည္ဘက္မွေတာ့ တံု႔ျပန္ျခင္း မရိွေသးပါဘူး။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။

Rowena

Source: A Sai's fb (အမရပူရၿမိဳ႕သူ ၿမိဳ႕သားမ်ား ဆံုစည္းရာ)

Credit:momolay

Unicodeဖြင့်ဖတ်ရန်

ပွဲကရန်ပျက်ကွက်ခဲ့တာကြောင့် နစ်နာကြေးသိန်း(၅၀၀)နဲ့အတူ ကားသုံးစီးထိန်းသိမ်းခံထားရတဲ့ စွမ်းသဘင်

မင်းသားချောစွမ်းဟာ ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားပြီး လူကြိုက်များလှသူတစ်ဦး ဖြစ်ပါတယ်။ စွမ်းဟာ လက်ရှိမှာ သူဝါသနာပါရာ ဇာတ်သဘင်ကို တစိုက်မတ်မတ် လုပ်ကိုင်နေလျက် ရှိပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းမှာတော့ မင်းသားစွမ်းဟာ အမရပူရမှာ ပွဲကဖို့ နောက်ကျနေခဲ့တာကြောင့် ဒေသခံ ပွဲငှါးသူတွေနဲ့ နားလည်မှုလွဲချော်ခဲ့တာကို တွေ့ရပါတယ်။

စွမ်းဇာနည်ရဲ့ ပျက်ကွက်မှုနဲ့ ပက်သတ်ပြီး အမရပူရမှ ပွဲငှါးသူက အခုလိုပဲ ပြောပြလာပါတယ်။ "အမရပူရမြို့ နန်တော်ရာစံပြကွက်သစ် ငါးဆယ်တစ်ကြိမ်‌မြောက် ပွဲတော်မှာ စွမ်းသဘင် ကို ငှားခဲ့ပါတယ်။ စရံကိုလည်း တောင်းတဲ့ သိန်း( 50 ) ချပေးခဲ့ပါတယ်။ ပွဲတော် သုံးရက် ငှားရမ်းခဲ့ရာမှာ ကြားရက် ပွဲကူးရက် မရှိသဖြင့် ထက်တိုးဖို့ ပြောဆိုတဲ့ အခါမှာ နောက်တစ်ရက် ထက်တိုးပေးခဲ့ပါတယ်။ စုစုပေါင်း စွမ်းသဘင်ကို လေးရက်တိတိငှားရမ်းခဲ့ပါတယ်။ ပထမပွဲရက်မှာပဲ စွမ်းသဘင်မှ အဖွဲ့သားအားလုံး ရောက်ရှိပေမဲ့ စွမ်းဇာနည် မရောက်ခဲ့ပါဘူး။"

"အဲ့အတွက် ပွဲတော်ကို ကျွန်တော်တို့ ပွဲကော်မတီမှ နားလည်မှုရှိစွာဖြင့် တစ်ရက် နောက်ဆုတ်ပေးခဲ့ပါတယ်။ ဒုတိယ ရက်နေ့မှာလဲ နေ့လည် 12:00 ထိ စွမ်းဇာနည် ရောက်မလာခဲ့လို့ စွမ်းသဘင် မှ တာဝန်ရှိသူဖြစ်တဲ့ စွမ်းဇာနည်ရဲ့ အဒေါ်နဲ့ အစ်မကို ဖုန်းဆက် မေးခိုင်းခဲ့ပါတယ်။ နေကောင်းဘူး ပြောဆိုပါတယ်။ ဒါနဲ့ ကျွန်တော်တို့ ပွဲတော်ကော်မတီမှ ဒုတိယတခါ နားလည်မှုရှိစွာဖြင့် စွမ်းဇာနည် မင်းနေမကောင်းဖစ်နေရင်လည်း လူလေးပဲ စင်ပေါ်တတ်ပီ ပရိသတ်ကို မျက်နှာလေးပဲ လာပြပြီး မင်းနားနေပေါ့လို့ လေယာဉ်လက်မှတ်လည်း အသင့်လုပ်ပေးမယ် ပြောဆိုခဲ့ပါတယ်။"

" ဒီလိုနဲ့ ညနေပိုင်းထိ မရောက်လာတော့ စွမ်းသဘင်က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ပွဲကော်မတီ ထပ်တွေ့ပါတယ်။ ညကြရင် မဖြစ်မနေ ပွဲစရတော့မယ် အခုထိ စွမ်းဇာနည် မရောက်လာသေးပါလား ဖုန်းပြန်ဆက်ကြည့်ပါပေါ့ ကျွန်တော်တို့ ဆက်တာ မကိုင်လို့ပေါ့ ဒီလိုနဲ့ သူရဲ့ အဒေါ်နဲ့ အစ်မကို ဖုန်းခေါ်ခိုင်းတယ်။ ဖုန်းမကိုင်တော့ ကျွန်တော်တို့ ပွဲကော်မတီမှ သည်းခံနိုင်တဲ့ အတိုင်းတာ ကုန်ဆုံးသွားပါပြီဗျာ။"

" ဒီလိုနဲ့ ညနေပိုင်းထိ မရောက်လာတော့ စွမ်းသဘင်က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ပွဲကော်မတီ ထပ်တွေ့ပါတယ်။ ညကြရင် မဖြစ်မနေ ပွဲစရတော့မယ် အခုထိ စွမ်းဇာနည် မရောက်လာသေးပါလား ဖုန်းပြန်ဆက်ကြည့်ပါပေါ့ ကျွန်တော်တို့ ဆက်တာ မကိုင်လို့ပေါ့ ဒီလိုနဲ့ သူရဲ့ အဒေါ်နဲ့ အစ်မကို ဖုန်းခေါ်ခိုင်းတယ်။ ဖုန်းမကိုင်တော့ ကျွန်တော်တို့ ပွဲကော်မတီမှ သည်းခံနိုင်တဲ့ အတိုင်းတာ ကုန်ဆုံးသွားပါပြီဗျာ။"

"ကျွန်တော်တို့ ပွဲကော်မတီမှ ဇာတ်အဖွဲ့သားအားလုံးကို ပြဿနာကြားထဲ မရောက်အောင် ရပ်ကွက်သူ၊ ရပ်ကွက်သားတွေနဲ့ ပြဿနာမဖြစ်အောင် ဇာတ်အဖွဲ့သားတွေ အားလုံး လူတွေကြည့်ပဲ အပြင်ကို အကုန်ပေးပါ လုံခြုံအပ်ကြည့်ပေးပါမယ်။ ဒါပေမဲ့ စက်ပစ္စည်းများနဲ့ ကားသုံးစီးကို ကျေနပ်စွာဖြင့် ထားခဲ့ပေးလို့ ထိန်သိမ်းခဲ့ပါတယ်။"

"ဇာတ်အဖွဲ့သားတွေကို ပြဿနာ မဖစ်ရအောင်လို့ မှန်လုံကားတစ်စီးကိုတော့ မင်းသားငယ်။ မင်းသမီးများကို ဇာတ်အဖွဲ့သားတွေကို တင်ပေးပြီး အမရပူရမြို့နယ်နဲ့ ဝေးတဲ့ နေရာသာ သွားပါလို့ ပြောဆိုပြီး နားလည်မှုရှိစွာဖြင့် ဇာတ်အဖွဲ့သားတွေကို လွှတ်ပေးခဲ့ပြီး စက်ပစ္စည်းအားလုံးနဲ့ ကားလေးစီးကိုတော် ပွဲတော်ကော်မတီမှ ထိန်းသိမ်းထားပါတယ်။ နစ်နာကြေးအဖြင့် သိန်း ( 500 ကျပ်တိတိကို ) ‌ပေးတာနဲ့ စက်ပစ္စည်းများနဲ့ ကားသုံးစီးကို ပြန်ပေးပါမည်။ မနက်ဖြန်မှစ၍ ( ၁၄ ရက် အချိန်ပေးသွားပါမည် ) ၁၄ ရက်ကျော်ခဲ့ပါက စက်ပစ္စည်းများနဲ့ ကားသုံးစီးကို လုံးဝတာဝန်မယူကြောင်းကို ပွဲတော်‌ဖြစ်မြောက်ရေး ကော်မတီမှ အထူးသတိပေးကြေညာအပ်ပါကြောင်း" ဆိုပြီး ကြေငြာထားတာ ဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး မင်သား စွမ်းဇာနည်ဘက်မှတော့ တုံ့ပြန်ခြင်း မရှိသေးပါဘူး။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Source: A Sai's fb (အမရပူရမြို့သူ မြို့သားများ ဆုံစည်းရာ)

Credit:momolay

မှတ်ချက်များ