Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မယားငယ်ကို ဖုန်း ဝယ်ပေးရန် မိမိ ငယ်ပါကို မိမိ ဖြတ်ရောင်းသော်လည်း မိန်းမဖြစ်သူက ရဲကို တိုင်သဖြင့် အဖမ်းခံရ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပေါက်တောရွာမှ သက်ဦး (ခ)အညာသားလေးစပါးစိုက် တောင်သူ လယ်ကူလီ (ဘ) ဦးသောင်းအေး သည် မယားငယ်အား ဆမ်ဆောင်းဖုန်း ဝယ်ပေးရန် အတွက် ငွေလိုသဖြင့် တရုတ်ကုန်သည်ထံ မိမိ ေ-ှးဥ ၂လုံးကို ဖြတ်ပြီး ရောင်းချခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူ ရောင်းရငွေ၏ တစ်ဝက် ၁၈သိန်း ရယူလိုမှုဖြင့် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
“ကျမက တောသူပါ။ ဥပဒေကို နားမလည်ပါဘူး။ ဒါပေမဲ့ လင်ပစ္စည်းကို မိန်းမ တစ်ဝက်ပိုင်တယ် ဆိုတာတော့ သိတယ်။ အခု သူ့ ဥ ၂လုံးကိုရောင်းပြီး သူမယားငယ်ကို ဖုန်းဝယ်ပေးလိုက်တယ်။ ပိုတာကိုတော့ ဆိုင်ကယ် ဝယ်လိုက်တယ်တဲ့။ တကယ်ဆို သူ့ဥ၂လုံးမှာ ၁လုံးက ကျမ ပိုင်တယ်လေ။ ကျမ ရသင့်တာပေါ့” ဟု ဇနီးဖြစ်သူက ပြောကြားခဲ့သည်
တရားခံက ” ကျနော့် တစ်သက်လုံး ကျနော့ ပေါင်ကြားက ဥ ကျနော့် ဥပဲလို့ မှတ်တာ။ အခုမှ မိန်းမ တစ်လုံးပိုင်မှန်းသိတယ်ဗျာ။” ဟု ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် ဥကုန်သည်များ ကြားတွင် “ဥရောင်းလိုပါက မိန်းမ ထောက်ခံချက်ပါမှ လက်ခံမည်”ဟု ကန့်သတ်ချက်ကို အရေးပေါ် ကြေငြာခဲ့ရကြောင်း သိရှိရသည်။
ရဲအရာရှိကမူ “ဒါမျိုး တစ်ခါမှ မကြုံဖူးဘူးဗျ။ ဘာပုဒ်မ တပ်ရမယ်မှန်းမသိဘူးဗျ။ လောလောဆယ်တော့ တရားခံကို ထိန်းးသိမ်းထားပါတယ်” ဟုဖြေကြားခဲ့ပါသည်။
share from: burmese.asia
မှတ်ချက်များ