၁၉၈၀ ခုႏွစ္က ေယာက်ာ္းဆံပင္ပံုစံအတိုင္း ႀကိဳးစားဖန္တီးခဲ့ပံုကို ျပသလာတဲ့ အိျႏၵာေက်ာ္ဇင္
Zawgyiျဖင့္ဖတ္ရန္
အူဝဲ လုိ့ ပရိသတ္ေတြက ခ်စ္စနိုးနဲ့ ေခၚၾကတဲ့ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က အလွမယ္ျပိဳင္ပြဲေတြမွတဆင့္ အနုပညာေလာကထဲကို ဝင္ေရာက္လာတာ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က လက္ရိွမွာ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြ ဆက္တိုင္႐ိုက္ကူးေနၿပီး သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ "႐ိုးမေပၚက်တဲ့မ်က္ရည္" ႐ုပ္႐ွင္ဇာတ္ကားႀကီးကလည္း ပရိသတ္ေတြၾကားထဲ နာမည္ႀကီးေနတာ ျဖစ္ပါတယ္။
"႐ိုးမေပၚက်တဲ့မ်က္ရည္" ႐ုပ္႐ွင္ဇာတ္ကားႀကီးမွာ အိျႏၵာေက်ာ္ဇင္က ေယာက်ာ္းလ်ာတစ္ေယာက္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ဒီေန႔မွာေတာ့ အိျႏၵာေက်ာ္ဇင္က ေယာက်ာ္းလ်ာ ကိုတိုးအျဖစ္ ဖန္တီးခဲ့တဲ့ သူမရဲ႕ အမွတ္တရေတြကို အခုလိုပဲ ေျပာျပလာပါတယ္။
"ဆံပင္အတုအရွည္တခုကို ေခါင္းမွာစြပ္ၿပီး ခုေခတ္ ေယာက္်ားေလး ဆံပင္မဟုတ္တဲ့ ၁၉၈၀ ဝန္းက်င္က ရြာမွာရွိတဲ့ ေယာက္်ားေလးမ်ား အထားမ်ားတဲ့ ဘုတ္သိုက္ ဆံပင္ပုံစံကို "The Salon” မွာ သြားညႇပ္ခဲ့ပါတယ္။"
"ဆံပင္အတုအတိုကိုေကာက္စြပ္ၿပီးရိုက္ရင္ လြယ္ေပမဲ့ ပုံက်ၿပီး စတိုင္မိုက္ေနမွာစိုးလို့ ဟိုမေရာက္ဒီမေရာက္ သိပ္ပုံပန္းမက်ေအာင္ျဖစ္ခ်င္လို့ ဆံပင္ဆိုင္က အမနဲ႔ တိုင္ပင္ၿပီးညႇပ္ခဲ့ပါတယ္။" ဆိုၿပီး ေျပာျပလာပါတယ္။
အိျႏၵာေက်ာ္ဇင္ကေတာ့ "႐ိုးမေပၚက်တဲ့ မ်က္ရည္" ႐ုပ္႐ွင္ဇာတ္ကားႀကီးမွ ကိုတိုးကာ႐ိုက္တာနဲ႔ အကယ္ဒမီ ေပးျခင္းခံေနရတာ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။
Rowena
Credit:momolay
Unicodeဖြင့်ဖတ်ရန်
၁၉၈၀ ခုနှစ်က ယောကျာ်းဆံပင်ပုံစံအတိုင်း ကြိုးစားဖန်တီးခဲ့ပုံကို ပြသလာတဲ့ အိန္ဒြာကျော်ဇင်
အူဝဲ လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အလှမယ်ပြိုင်ပွဲတွေမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုင်ရိုက်ကူးနေပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ရိုးမပေါ်ကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေကြားထဲ နာမည်ကြီးနေတာ ဖြစ်ပါတယ်။
"ရိုးမပေါ်ကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားကြီးမှာ အိန္ဒြာကျော်ဇင်က ယောကျာ်းလျာတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ဒီနေ့မှာတော့ အိန္ဒြာကျော်ဇင်က ယောကျာ်းလျာ ကိုတိုးအဖြစ် ဖန်တီးခဲ့တဲ့ သူမရဲ့ အမှတ်တရတွေကို အခုလိုပဲ ပြောပြလာပါတယ်။
"ဆံပင်အတုအရှည်တခုကို ခေါင်းမှာစွပ်ပြီး ခုခေတ် ယောက်ျားလေး ဆံပင်မဟုတ်တဲ့ ၁၉၈၀ ဝန်းကျင်က ရွာမှာရှိတဲ့ ယောက်ျားလေးများ အထားများတဲ့ ဘုတ်သိုက် ဆံပင်ပုံစံကို "The Salon” မှာ သွားညှပ်ခဲ့ပါတယ်။"
"ဆံပင်အတုအတိုကိုကောက်စွပ်ပြီးရိုက်ရင် လွယ်ပေမဲ့ ပုံကျပြီး စတိုင်မိုက်နေမှာစိုးလို့ ဟိုမရောက်ဒီမရောက် သိပ်ပုံပန်းမကျအောင်ဖြစ်ချင်လို့ ဆံပင်ဆိုင်က အမနဲ့ တိုင်ပင်ပြီးညှပ်ခဲ့ပါတယ်။" ဆိုပြီး ပြောပြလာပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ "ရိုးမပေါ်ကျတဲ့ မျက်ရည်" ရုပ်ရှင်ဇာတ်ကားကြီးမှ ကိုတိုးကာရိုက်တာနဲ့ အကယ်ဒမီ ပေးခြင်းခံနေရတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Credit:momolay



မှတ်ချက်များ