စာေလးတစ္ေၾကာင္းတင္ၿပီး ခြၽဲလိုက္တဲ့ ခ်စ္ဇနီးေၾကာင့္ ခရီးကေန ခ်က္ခ်င္းျပန္လာတဲ့ ဏႀကီး


Zawgyiျဖင့္ဖတ္ရန္

အႏုပညာကို ခ်စ္ျမတ္ႏိုးၾကတာခ်င္းတူတဲ့အျပင္​စိတ္​ထားႏူးညံ့တာခ်င္းလည္းတူတဲ့ ဒါရိုက္တာ ဏႀကီးနဲ႔ သရုပ္ေဆာင္ ပိုင္ၿဖိဳးသုတို႔ ဇနီး​ေမာင္​ႏွံႏွစ္​ဦးက​ေတာ့ ခြၽဲတတ္​တဲ့​ေကာင္​မ​ေလးနဲ႔ အလိုလိုက္​တဲ့ ကိုႀကီးတို႔ရဲ့ အိမ္​ေထာင္​ေရးမ်ိဳးမို႔ အရမ္းကို Romantic ဆန္​လြန္းလွပါတယ္​။ ခ်စ္​ရတဲ့အႏုပညာအလုပ္​ေတြလုပ္​ရင္း သာယာ​ေပ်ာ္​ရြင္​တဲ့ အိမ္​ေထာင္​မႈဘဝ​ေလးကို ဖန္​တီးပံု​ေဖာ္​ထားတဲ့ သူတို႔ဇနီး​ေမာင္​ႏွံက​ေတာ့ လက္​ရိွမွာ အလုပ္​ကိစၥေၾကာင့္ ခဏခြဲေနရတာပါ။ လတ္တေလာမွာေတာ့ သုသုေလးက အလုပ္ကိစၥနဲ႔ ခရီးထြက္ေနတဲ့ ခင္ပြန္းကို ခြၽဲတဲ့စာေလးတင္လိုက္တာ ခ်က္ခ်င္းျပန္လာေတာ့မယ့္ ခ်စ္တတ္လြန္းတဲ့ ခင္ပြန္းအေၾကာင္းကို လူမႈကြန္ယက္မွာ ေဝမ်ွေပးထားတာ ေတြ့ရပါတယ္။ အျပင္ပန္းၾကည့္ရင္ ေအးစက္စက္ႏိုင္ေပမယ့္ ဒါရိုက္တာဏႀကီးတစ္ေယာက္ ခ်စ္ဇနီးကို ေတာ္ေတာ္ေလး အလိုလိုက္ၿပီး ခ်စ္တတ္လြန္းပါတယ္ေနာ္။

မိုမို​ေလးခ်စ္​ပရိသတ္​ေတြအတြက္​ အေသးစိတ္ေလးေတြကအစ အရမ္းကို Romantic ဆန္​လြန္းတဲ့ ပိုင္​ၿဖိဳးသုတို႔ ဇနီး​ေမာင္​ႏွံရဲ့ အေၾကာင္းကို​ ေဝမ်ွ​ေပးလိုက္​ပါတယ္​ေနာ္​။

သုသုေလးကေတာ့" ေဒၚသုတစ္ေယာက္ ေဆးေပါင္းခါးတဲ့ည ၾကည့္ခ်င္လြန္းလို႔ ဦီးေရခဲကို ပူဆာထားတာ သူမရိွေတာ့ ေဘာ္ဒါေတြနဲ႔ပဲ ေဆးေပါင္းခရေတာ့မယ္ကြယ္ 😩" ဆိုၿပီး ခင္ပြန္းမရိွလို႔ ေဆးေပါင္းခတဲ့ညပြဲကို သူငယ္ခ်င္းေတြနဲ႔ပဲ သြားရေတာ့မယ္လို႔ စိတ္မေကာင္းစြာ ေရးထားတာပါ။

ပိုင္ၿဖိဳးသုကေတာ့ "သတင္းအစံုလင္မွာ....သူပါပါမပါပါမနက္ျဖန္"ေဆးေပါင္းခတဲ့ည"show ပြဲသို႔မိမိသြားကဲေတာ့မည္ျဖစ္ေၾကာင္း pageတြင္ေၾကာ္ျငာလိုက္ၿပီးသကာလ ဦးေရခဲဆီမွဖုန္းဝင္လာ၍တစ္ခြန္းတည္းေသာစကားကိုမိန႔္ၾကားသြားခဲ့သည္....."မနက္ျဖန္ညျပန္လာမယ္ ေဆးေပါင္းခတဲ့ည ကိုကြၽန္ေတာ္နဲ႔သြား" တဲ့....ဟဲ...ဟဲ...ဟဲ....ဂလိုပဲေလ....အိမ္ဦးနတ္ကိုေစာေစာအိမ္ျပန္လာေစခ်င္ေတာ့လည္း....😏😏😏" ဆိုၿပီး သူမ စာေလးတစ္ေၾကာင္း တင္လိုက္တာနဲ႔ နယ္ကေန ခ်က္ခ်င္းျပန္လာတဲ့ ခင္ပြန္းအေၾကာင္း ၾကည္ႏူးစြာ ေရးသားထားတာပါ။

ပိုင္​ၿဖိဳးသုတို႔ဇနီး​ေမာင္​ႏွံကေတာ့ ဝါသနာပါရာအလုပ္ေတြကို အေကာင္းဆံုးႀကိဳးစားၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခ်စ္ခရီးလမ္းကို အတူ ေလ်ွာက္လွမ္းေနၾကတာပဲ ျဖစ္​ပါတယ္​။ မိုမို​ေလးခ်စ္​ပရိသတ္​ေတြလည္း ခ်စ္​ရသူနဲ႔ အတူရိွ​ေနတာမို႔ အ​ေပ်ာ္​ေတြ မရပ္​ႏိုင္​ေလာက္​ေအာင္​ၿပံဳးရႊင္​ေနတဲ့ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုကိုခ်စ္​ရင္​share သြားၾကဖို႔ မ​ေမ့ပါနဲ႔​ေနာ္​။

Myint Myat

Source;Paing Phyoe Thu's Facebook

Credit:momolay

Unicodeဖြင့်ဖတ်ရန်

စာလေးတစ်ကြောင်းတင်ပြီး ချွဲလိုက်တဲ့ ချစ်ဇနီးကြောင့် ခရီးကနေ ချက်ချင်းပြန်လာတဲ့ ဏကြီး

အနုပညာကို ချစ်မြတ်နိုးကြတာချင်းတူတဲ့အပြင်စိတ်ထားနူးညံ့တာချင်းလည်းတူတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှစ်ဦးကတော့ ချွဲတတ်တဲ့ကောင်မလေးနဲ့ အလိုလိုက်တဲ့ ကိုကြီးတို့ရဲ့ အိမ်ထောင်ရေးမျိုးမို့ အရမ်းကို Romantic ဆန်လွန်းလှပါတယ်။ ချစ်ရတဲ့အနုပညာအလုပ်တွေလုပ်ရင်း သာယာပျော်ရွင်တဲ့ အိမ်ထောင်မှုဘဝလေးကို ဖန်တီးပုံဖော်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ လက်ရှိမှာ အလုပ်ကိစ္စကြောင့် ခဏခွဲနေရတာပါ။ လတ်တလောမှာတော့ သုသုလေးက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတဲ့ ခင်ပွန်းကို ချွဲတဲ့စာလေးတင်လိုက်တာ ချက်ချင်းပြန်လာတော့မယ့် ချစ်တတ်လွန်းတဲ့ ခင်ပွန်းအကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အပြင်ပန်းကြည့်ရင် အေးစက်စက်နိုင်ပေမယ့် ဒါရိုက်တာဏကြီးတစ်ယောက် ချစ်ဇနီးကို တော်တော်လေး အလိုလိုက်ပြီး ချစ်တတ်လွန်းပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အသေးစိတ်လေးတွေကအစ အရမ်းကို Romantic ဆန်လွန်းတဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံရဲ့ အကြောင်းကို ဝေမျှပေးလိုက်ပါတယ်နော်။

သုသုလေးကတော့" ဒေါ်သုတစ်ယောက် ဆေးပေါင်းခါးတဲ့ည ကြည့်ချင်လွန်းလို့ ဦီးရေခဲကို ပူဆာထားတာ သူမရှိတော့ ဘော်ဒါတွေနဲ့ပဲ ဆေးပေါင်းခရတော့မယ်ကွယ် 😩" ဆိုပြီး ခင်ပွန်းမရှိလို့ ဆေးပေါင်းခတဲ့ညပွဲကို သူငယ်ချင်းတွေနဲ့ပဲ သွားရတော့မယ်လို့ စိတ်မကောင်းစွာ ရေးထားတာပါ။

ပိုင်ဖြိုးသုကတော့ "သတင်းအစုံလင်မှာ....သူပါပါမပါပါမနက်ဖြန်"ဆေးပေါင်းခတဲ့ည"show ပွဲသို့မိမိသွားကဲတော့မည်ဖြစ်ကြောင်း pageတွင်ကြော်ငြာလိုက်ပြီးသကာလ ဦးရေခဲဆီမှဖုန်းဝင်လာ၍တစ်ခွန်းတည်းသောစကားကိုမိန့်ကြားသွားခဲ့သည်....."မနက်ဖြန်ညပြန်လာမယ် ဆေးပေါင်းခတဲ့ည ကိုကျွန်တော်နဲ့သွား" တဲ့....ဟဲ...ဟဲ...ဟဲ....ဂလိုပဲလေ....အိမ်ဦးနတ်ကိုစောစောအိမ်ပြန်လာစေချင်တော့လည်း....😏😏😏" ဆိုပြီး သူမ စာလေးတစ်ကြောင်း တင်လိုက်တာနဲ့ နယ်ကနေ ချက်ချင်းပြန်လာတဲ့ ခင်ပွန်းအကြောင်း ကြည်နူးစွာ ရေးသားထားတာပါ။

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်ရသူနဲ့ အတူရှိနေတာမို့ အပျော်တွေ မရပ်နိုင်လောက်အောင်ပြုံးရွှင်နေတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကိုချစ်ရင်share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat

Source;Paing Phyoe Thu's Facebook

Credit:momolay

မှတ်ချက်များ