အခ်ိန္ ၆ နာရီထက္ မည္သူမွ် ပိုမေနႏိုင္သည့္ ကမာၻ႔သရဲအေျခာက္ဆုံးအိမ္ႀကီး
Zawgyi ျဖင့္ဖတ္ရန္
သင္တို႔အေနနဲ႔ ကမာၻ႔ေျခာက္ျခားစရာအေကာင္းဆုံး သရဲေျခာက္တဲ့ အိမ္ႀကီးတ အိမ္ထဲမွာ ဘယ္ေလာက္အခ်ိန္ၾကာၾကာ ေနႏိုင္လိမ့္မယ္ ထင္ပါသလဲ။ဒီေမးခြန္းက ေျဖရခက္ေကာင္းခက္ေနမွာျဖစ္ေပမယ့္ အေမရိကန္ႏိုင္ငံ၊ ဆန္ဒီေယဂိုက မက္က္ကမ္ေမးမန္ေနာ္အမည္နဲ႔ ဖြင့္လွစ္ထားတဲ့ အပန္းေျဖအိမ္ႀကီးထဲကို ေရာက္ သြားမယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ ဒီအေျဖအတြက္ ေသခ်ာသြားပါလိမ့္မယ္။
အဲဒီအပန္းေျဖအိမ္ႀကီးကို စိတၱဇအိပ္မက္ဆိုးလို႔ ေဖာ္ျပၾကၿပီး မွတ္တမ္းေတြအရ အိမ္ထဲမွာ တကယ့္ကို အခ်ိန္ ၆ နာရီထက္ ပိုေနႏိုင္သူ တဦးတေယာက္မွ မရွိခဲ့ေသးဘူးလို႔ ဆိုပါတယ္။အိမ္ႀကီးထဲမွာ ေနႏိုင္မယ့္အခ်ိန္ကို ၈ နာရီလို႔ သတ္မွတ္ထားၿပီး ဝင္ေရာက္သူေတြက အိမ္ထဲမွာ ထိတ္လန႔္ေၾကာက္႐ြံ႕စရာေကာင္းတဲ့ တာရန္တူလာေတြ၊ ႂကြက္အရွင္ေတြနဲ႔အတူ မ်က္ႏွာဖုံးစြပ္ ထိတ္လန႔္စရာ လူေတြကိုလည္း ရင္ဆိုင္ၾကရမွာပါ။
ေသြးပ်က္ထိတ္လန႔္စရာေကာင္းတဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ေသြးပ်က္ၿပီး ေအာ္ဟစ္ေနၾကသူေတြကို ေတြ႕ၾကရမွာျဖစ္ၿပီး တေယာက္ကေတာ့ ေၾကာက္လြန္းလို႔ သူ႔ကို အထဲက ျပန္ထြက္ခြင့္ေပးဖို႔ ေအာ္ေနခဲ့တာပါ။အိမ္ထဲက လူေတြဟာ အစစ္အမွန္ေတြအတိုင္း ခံစားရမယ့္ ေသြးတုေတြ အလိမ္းလိမ္းနဲ႔ ထိတ္လန႔္ေျခာက္ျခားေနခဲ့ၾကရတာ ျဖစ္ပါတယ္။
ဒီသရဲေျခာက္တဲ့ အိမ္ႀကီးထဲမွာ အခ်ိန္ ၆ နာရီၾကာ ေနထိုင္ႏိုင္ခဲ့သူကေတာ့ ဆာရာ ပီအမည္ရသူျဖစ္ၿပီး ၂ဝ၁၄ ခုႏွစ္မွာ ဝင္ေရာက္ခဲ့တာလို႔ သည္ဆန္းသတင္းတပုဒ္မွာေဖာ္ ျပပါတယ္။
ဒါေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ ဒီေျခာက္ျခားစရာအိမ္ႀကီးထဲကို ဝင္ေရာက္ဖို႔ ေစာင့္ဆိုင္းေနၾကသူ ၂ ေသာင္း ၄ ေထာင္ေလာက္ ရွိေနေသးတယ္လို႔ ဆိုပါတယ္။
ထိတ္လန႔္စရာေကာင္းတဲ့ အေတြ႕အႀကဳံကို ရယူလိုၾကသူေတြအေနနဲ႔ ဒီအိမ္ႀကီးထဲ မဝင္ခင္မွာ ဆိုးဝါးတဲ့ က်န္းမာေရးအေျခအေနျဖစ္မေနဖို႔ စစ္ေဆးထားရမွာ ျဖစ္ပါတယ္။
၂ဝဝ၈ ခုႏွစ္တုန္းက အိမ္ထဲကို ဝင္ေရာက္ခဲ့တဲ့ ဧည့္သည္တဦးကေတာ့ ႏွလုံး တိုက္ခိုက္မႈခံခဲ့ရတာပါ။
ဒီအပန္းေျဖအိမ္ရဲ႕ ပိုင္ရွင္ျဖစ္တဲ့ မက္က္ကမ္ေမးကေတာ့ “ဒါက ေသြးပ်က္စရာ စခန္းတခုထဲက လြတ္ေျမာက္မႈရွာရတဲ့ အရာမ်ိဳးပါ။ ဒီ(ေၾကာက္႐ြံ႕ထိတ္လန႔္စရာေတြ) အရာေတြ အားလုံးက အစစ္အမွန္ေတြ မဟုတ္ပါဘူး။ လူေတြ ထိခိုက္နစ္နာရတယ္ဆိုရင္ေတာ့ က်ေနာ္တို႔ အိမ္ကို ပိတ္သိမ္းမွာပါ”လို႔ ေျပာလိုက္ပါတယ္။
share from : xyznews
Unicode ဖြင့်ဖတ်ရန်
အချိန် ၆ နာရီထက် မည်သူမျှ ပိုမနေနိုင်သည့် ကမ္ဘာ့သရဲအခြောက်ဆုံးအိမ်ကြီး
သင်တို့အနေနဲ့ ကမ္ဘာ့ခြောက်ခြားစရာအကောင်းဆုံး သရဲခြောက်တဲ့ အိမ်ကြီးတ အိမ်ထဲမှာ ဘယ်လောက်အချိန်ကြာကြာ နေနိုင်လိမ့်မယ် ထင်ပါသလဲ။
ဒီမေးခွန်းက ဖြေရခက်ကောင်းခက်နေမှာဖြစ်ပေမယ့် အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုက မက်က်ကမ်မေးမန်နော်အမည်နဲ့ ဖွင့်လှစ်ထားတဲ့ အပန်းဖြေအိမ်ကြီးထဲကို ရောက် သွားမယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီအဖြေအတွက် သေချာသွားပါလိမ့်မယ်။
အဲဒီအပန်းဖြေအိမ်ကြီးကို စိတ္တဇအိပ်မက်ဆိုးလို့ ဖော်ပြကြပြီး မှတ်တမ်းတွေအရ အိမ်ထဲမှာ တကယ့်ကို အချိန် ၆ နာရီထက် ပိုနေနိုင်သူ တဦးတယောက်မှ မရှိခဲ့သေးဘူးလို့ ဆိုပါတယ်။
အိမ်ကြီးထဲမှာ နေနိုင်မယ့်အချိန်ကို ၈ နာရီလို့ သတ်မှတ်ထားပြီး ဝင်ရောက်သူတွေက အိမ်ထဲမှာ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ တာရန်တူလာတွေ၊ ကြွက်အရှင်တွေနဲ့အတူ မျက်နှာဖုံးစွပ် ထိတ်လန့်စရာ လူတွေကိုလည်း ရင်ဆိုင်ကြရမှာပါ။
သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သွေးပျက်ပြီး အော်ဟစ်နေကြသူတွေကို တွေ့ကြရမှာဖြစ်ပြီး တယောက်ကတော့ ကြောက်လွန်းလို့ သူ့ကို အထဲက ပြန်ထွက်ခွင့်ပေးဖို့ အော်နေခဲ့တာပါ။အိမ်ထဲက လူတွေဟာ အစစ်အမှန်တွေအတိုင်း ခံစားရမယ့် သွေးတုတွေ အလိမ်းလိမ်းနဲ့ ထိတ်လန့်ခြောက်ခြားနေခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီသရဲခြောက်တဲ့ အိမ်ကြီးထဲမှာ အချိန် ၆ နာရီကြာ နေထိုင်နိုင်ခဲ့သူကတော့ ဆာရာ ပီအမည်ရသူဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှာ ဝင်ရောက်ခဲ့တာလို့ သည်ဆန်းသတင်းတပုဒ်မှာဖော် ပြပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိတော့ ဒီခြောက်ခြားစရာအိမ်ကြီးထဲကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြသူ ၂ သောင်း ၄ ထောင်လောက် ရှိနေသေးတယ်လို့ ဆိုပါတယ်။
ထိတ်လန့်စရာကောင်းတဲ့ အတွေ့အကြုံကို ရယူလိုကြသူတွေအနေနဲ့ ဒီအိမ်ကြီးထဲ မဝင်ခင်မှာ ဆိုးဝါးတဲ့ ကျန်းမာရေးအခြေအနေဖြစ်မနေဖို့ စစ်ဆေးထားရမှာ ဖြစ်ပါတယ်။
၂ဝဝ၈ ခုနှစ်တုန်းက အိမ်ထဲကို ဝင်ရောက်ခဲ့တဲ့ ဧည့်သည်တဦးကတော့ နှလုံး တိုက်ခိုက်မှုခံခဲ့ရတာပါ။
ဒီအပန်းဖြေအိမ်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ မက်က်ကမ်မေးကတော့ “ဒါက သွေးပျက်စရာ စခန်းတခုထဲက လွတ်မြောက်မှုရှာရတဲ့ အရာမျိုးပါ။ ဒီ(ကြောက်ရွံ့ထိတ်လန့်စရာတွေ) အရာတွေ အားလုံးက အစစ်အမှန်တွေ မဟုတ်ပါဘူး။ လူတွေ ထိခိုက်နစ်နာရတယ်ဆိုရင်တော့ ကျနော်တို့ အိမ်ကို ပိတ်သိမ်းမှာပါ”လို့ ပြောလိုက်ပါတယ်။
share from : xyznews


မှတ်ချက်များ