မ်က္ႏွာေပၚမွာဝက္ၿခံအၿမဲမျပတ္သူေတြအတြက္ တစ္သက္လုံးျပန္မထြက္ေတာ့မယ့္ နည္းလမ္းမ်ား
Zawgyi ျဖင့္ဖတ္ရန္
ပ်ိဳေမတို႔ မ်က္ႏွာေလးလွလွေလးမွာ ဝက္ၿခံေတြ စဥ္ဆက္မျပတ္ထြက္ေနမယ္ဆိုရင္ အျပင္ထြက္လို႔ အလွျပင္ရင္လည္းအဆင္မေျပ၊ မွန္ၾကည့္တိုင္းလည္း စိတ္မခ်မ္းသာ၊ ကိုယ့္ကိုယ္ကိုလည္း ယုံၾကည္မႈမရွိေတြျဖစ္ေနပါလိမ့္မယ္။ ဝက္ၿခံေတြျမင္မေကာင္းေအာင္ အမ်ားႀကီးထြက္ေနတာမ်ိဳးလည္းမဟုတ္ဘဲ မ်က္ႏွာေပၚမွာ ဟိုနားနည္းနည္း၊ ဒီနားနည္းနည္းနဲ႔ အၿမဲမျပတ္ထြက္ေနတာမ်ိဳးပါ။ ဒါေၾကာင့္ ပ်ိဳေမတို႔ မ်က္ႏွာေပၚမွာ အၿမဲမျပတ္ေနရာယူထားတဲ့ ဝက္ၿခံေတြကို လုံးဝသက္သာေစၿပီး မွန္ၾကည့္တိုင္း စိတ္ခ်မ္းသာေစမယ့္ နည္းလမ္းေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။
ဝက္ၿခံေလးတစ္လုံး၊ႏွစ္လုံး ထြက္လာရင္ လက္နဲ႔သြားသြား ညႇစ္ခ်င္ပါတယ္။ လုံးဝမညႇစ္ပါနဲ႔၊ လက္နဲ႔ မၾကာခဏထိေတြ႕ျခင္းက ဝက္ၿခံကို ပိုဆိုးေစၿပီး အမာ႐ြတ္ထင္းထင္းႀကီးေတြျဖစ္ေစပါတယ္။ ဒါေၾကာင့္ လက္နဲ႔ လုံးဝမထိ၊ မညႇစ္မိေအာင္ေနပါ။
မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ပုံမွန္ မ်က္ႏွာသစ္ၿပီးၿပီးခ်င္း၊ ဝက္ၿခံထြက္ေနတဲ့ေနရာကို မိနစ္အနည္းငယ္ေလာက္ ေရခဲကပ္ေပးၿပီး ကိုယ္လုပ္ေနက် skin care အဆင့္ေလးေတြကိုေသခ်ာလုပ္ေပးပါ။မ်က္ႏွာသုတ္ပုဝါ၊ ေခါင္းအုံးစြပ္နဲ႔ အိပ္ယာခင္းကို သန႔္ေအာင္ ထားေပးပါ။ တတ္ႏိုင္ရင္ တစ္ပတ္တစ္ခါေလာက္ လဲေပးပါ။
နာရီဝက္ေလာက္ လမ္းေလွ်ာက္ေပးတာ၊ ဒါမွမဟုတ္ ကိုယ္လက္လႈပ္ရွားမႈေလးေတြ လုပ္ေပးတာနဲ႔ အိပ္ခ်ိန္လုံေလာက္ေအာင္ အိပ္ေပးတာက ခႏၶာကိုယ္တြင္းက ဇီဝ႐ုပ္ျဖစ္ပ်က္မႈကို မွန္မွန္ကန္ကန္ လည္ပတ္ေစတာေၾကာင့္ မ်က္ႏွာေပၚက ဝက္ၿခံေတြသက္သာေအာင္ ကူညီေပးပါတယ္။
စိတ္ဖိစီးမႈေတြ အၿမဲျဖစ္ေနရင္ cortisol hormone ကို မ်ားမ်ားထြက္ေစတာေၾကာင့္ ဝက္ၿခံကေပ်ာက္တယ္ရယ္လို႔ မရွိေတာ့ပါဘူး။ ဒါေၾကာင့္ စိတ္ဖိစီးမႈေလ်ာ့နည္းေအာင္ စိတ္အပန္းေျဖတာမ်ိဳး လုပ္ေပးပါ။အဆက္မျပတ္ျဖစ္ေနတဲ့ ဝက္ၿခံေတြေပ်ာက္ေအာင္ ဒီနည္းေလးေတြနဲ႔ေပါင္းတင္ပါနႏြင္းမႈန႔္အနည္းငယ္ကို ေရအနည္းငယ္နဲ႔ေရာၿပီး အႏွစ္ျဖစ္ေအာင္ လုပ္ကာ ဝက္ၿခံျဖစ္ေနတဲ့ေနရာမွာ လိမ္းေပးထားလိုက္ပါ။ နာရီဝက္ၾကာရင္ ေရေႏြးေႏြးေလးနဲ႔ေဆးခ်ေပးပါ။ တစ္ေန႔တစ္ႀကိမ္ လုပ္ေပးလိုက္မယ္ဆို ပ်ိဳေမတို႔ကို စိတ္ဒုကၡေပးေနတဲ့ ဝက္ၿခံေတြ လုံးဝသက္သာသြားပါလိမ့္မယ္။
ရွားေစာင္းလက္ပပ္အတြင္းသား အနည္းငယ္ကို ယူၿပီး ပ်ားရည္အနည္းငယ္နဲ႔ေရာေမႊကာ ဝက္ၿခံရွိတဲ့ေနရာမွာ လိမ္းေပးပါ။ နာရီဝက္ေလာက္ ထားၿပီး ေရေအးနဲ႔ မ်က္ႏွာသစ္ေပးပါ။ တစ္ေန႔တစ္ႀကိမ္ ပုံမွန္လုပ္ေပးရင္ ဝက္ၿခံအဆက္မျပတ္ထြက္ေနတဲ့ ျပႆနာကိုေျဖရွင္းေပးပါလိမ့္မယ္။အာလူးကို အလႊာေလးေတြလုပ္ၿပီး ဝက္ၿခံရွိတဲ့ေနရာမွာ ၁၅ မိနစ္ေလာက္ ကပ္ထားေပးလိုက္ၿပီး ေရေအးနဲ႔ျပန္ေဆးခ်ေပးပါ။ ညအိပ္ခါနီးတိုင္း လုပ္ေပး႐ုံနဲ႔ ဝက္ၿခံေတြ ထပ္မထြက္ေအာင္ တားဆီးၿပီးသားျဖစ္ေစမွာပါ။
Credit:Aunty may
Unicode ဖြင့်ဖတ်ရန်
မျက်နှာပေါ်မှာဝက်ခြံအမြဲမပြတ်သူတွေအတွက် တစ်သက်လုံးပြန်မထွက်တော့မယ့် နည်းလမ်းများ
ပျိုမေတို့ မျက်နှာလေးလှလှလေးမှာ ဝက်ခြံတွေ စဉ်ဆက်မပြတ်ထွက်နေမယ်ဆိုရင် အပြင်ထွက်လို့ အလှပြင်ရင်လည်းအဆင်မပြေ၊ မှန်ကြည့်တိုင်းလည်း စိတ်မချမ်းသာ၊ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမရှိတွေဖြစ်နေပါလိမ့်မယ်။ ဝက်ခြံတွေမြင်မကောင်းအောင် အများကြီးထွက်နေတာမျိုးလည်းမဟုတ်ဘဲ မျက်နှာပေါ်မှာ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းနဲ့ အမြဲမပြတ်ထွက်နေတာမျိုးပါ။ ဒါကြောင့် ပျိုမေတို့ မျက်နှာပေါ်မှာ အမြဲမပြတ်နေရာယူထားတဲ့ ဝက်ခြံတွေကို လုံးဝသက်သာစေပြီး မှန်ကြည့်တိုင်း စိတ်ချမ်းသာစေမယ့် နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
ဝက်ခြံလေးတစ်လုံး၊နှစ်လုံး ထွက်လာရင် လက်နဲ့သွားသွား ညှစ်ချင်ပါတယ်။ လုံးဝမညှစ်ပါနဲ့၊ လက်နဲ့ မကြာခဏထိတွေ့ခြင်းက ဝက်ခြံကို ပိုဆိုးစေပြီး အမာရွတ်ထင်းထင်းကြီးတွေဖြစ်စေပါတယ်။ ဒါကြောင့် လက်နဲ့ လုံးဝမထိ၊ မညှစ်မိအောင်နေပါ။
မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန် မျက်နှာသစ်ပြီးပြီးချင်း၊ ဝက်ခြံထွက်နေတဲ့နေရာကို မိနစ်အနည်းငယ်လောက် ရေခဲကပ်ပေးပြီး ကိုယ်လုပ်နေကျ skin care အဆင့်လေးတွေကိုသေချာလုပ်ပေးပါ။မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းကို သန့်အောင် ထားပေးပါ။ တတ်နိုင်ရင် တစ်ပတ်တစ်ခါလောက် လဲပေးပါ။
နာရီဝက်လောက် လမ်းလျှောက်ပေးတာ၊ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာနဲ့ အိပ်ချိန်လုံလောက်အောင် အိပ်ပေးတာက ခန္ဓာကိုယ်တွင်းက ဇီဝရုပ်ဖြစ်ပျက်မှုကို မှန်မှန်ကန်ကန် လည်ပတ်စေတာကြောင့် မျက်နှာပေါ်က ဝက်ခြံတွေသက်သာအောင် ကူညီပေးပါတယ်။
စိတ်ဖိစီးမှုတွေ အမြဲဖြစ်နေရင် cortisol hormone ကို များများထွက်စေတာကြောင့် ဝက်ခြံကပျောက်တယ်ရယ်လို့ မရှိတော့ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုလျော့နည်းအောင် စိတ်အပန်းဖြေတာမျိုး လုပ်ပေးပါ။အဆက်မပြတ်ဖြစ်နေတဲ့ ဝက်ခြံတွေပျောက်အောင် ဒီနည်းလေးတွေနဲ့ပေါင်းတင်ပါနနွင်းမှုန့်အနည်းငယ်ကို ရေအနည်းငယ်နဲ့ရောပြီး အနှစ်ဖြစ်အောင် လုပ်ကာ ဝက်ခြံဖြစ်နေတဲ့နေရာမှာ လိမ်းပေးထားလိုက်ပါ။ နာရီဝက်ကြာရင် ရေနွေးနွေးလေးနဲ့ဆေးချပေးပါ။ တစ်နေ့တစ်ကြိမ် လုပ်ပေးလိုက်မယ်ဆို ပျိုမေတို့ကို စိတ်ဒုက္ခပေးနေတဲ့ ဝက်ခြံတွေ လုံးဝသက်သာသွားပါလိမ့်မယ်။
ရှားစောင်းလက်ပပ်အတွင်းသား အနည်းငယ်ကို ယူပြီး ပျားရည်အနည်းငယ်နဲ့ရောမွှေကာ ဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။ နာရီဝက်လောက် ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးပါ။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးရင် ဝက်ခြံအဆက်မပြတ်ထွက်နေတဲ့ ပြဿနာကိုဖြေရှင်းပေးပါလိမ့်မယ်။အာလူးကို အလွှာလေးတွေလုပ်ပြီး ဝက်ခြံရှိတဲ့နေရာမှာ ၁၅ မိနစ်လောက် ကပ်ထားပေးလိုက်ပြီး ရေအေးနဲ့ပြန်ဆေးချပေးပါ။ ညအိပ်ခါနီးတိုင်း လုပ်ပေးရုံနဲ့ ဝက်ခြံတွေ ထပ်မထွက်အောင် တားဆီးပြီးသားဖြစ်စေမှာပါ။
Credit:Aunty may


မှတ်ချက်များ