Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဖျာပုံ အပိုင်ကဗျက် မှာ တရားဝင် လူသတ်နေကြတယ်
ဖြစ်ပုံက ဒီလို..ဖျာပုံနယ်က ပင်လယ်ငါးရှာ လုပ်ငန်း လုပ်ကြတာများတယ်ငွေကြိုယူပြီးပင်လယ်တွင်းငါးဖမ်း လုပ်ငန်း နဲ့ အသက်မွေးသူတွေ ရှိတယ်..လွန်ခဲ့တဲ့ ၂ ပတ်က မင်းသန့် (၄၀)နစ်ဝန်းကျင် သင်္ဘောပေါ်မှာ အရိုက်ခံနေရကြောင်း ဈေးသည်မှ တဆင့် အိမ်ကိုဆက်သွယ်တယ်..အိမ်က ကြိုယူငွေ ၈ သိန်း နဲ့ ပြန်ရွေးပြီး ခေါ်တယ်
လွန်ခဲ့တဲ့ ၁ ပတ်ခန့်က အိမ်ပြန်ရောက်တယ် လူက စကားဟဟပဲ ပြောနိုင်တော့တယ် အောင့်တယ်ပဲ ပြောနေလို့ ဆေးရုံတင်တယ်ဆေးရုံမှာ ဆရာဝန်က မသေခြာမရော စွဲ နှလုံးကျဉ်းတယ် အဆုတ်ရေဝင်တယ်ပြောပြီး ပြန်လွတ်တယ် ဒါပေမယ့် မကြာခင် ၃ နာရီအတွင်း ဆုံးသွားပါတယ်
သေဆုံးသူ ပြောစကားများဖေါင်ပေါ်မှာ အလုပ်မနိုင်လို့ အကူတစ်ယောက် လိုကြောင်း ပြောမိတယ်သဘောင်္ပေါ် ခေါ်ပြီး ဦးစီးလုပ်သူ ဇေါ်မင်း (ခေါ်) ကုလား မှ ပူလီကြိုးဖြင့် ရိုက်ကြောင်း/ ထိုးနှက် ကန်ကြောက်ကြောင်းအစာမဝတဝဖြင့် ၂၈ ရက်ထားကြောင်းယခု ရင်ဘတ်ထဲမှာ အောင့်နေကြောင်း သာ လေသံတိုးတိုးဖြင့် အဒေါ်ဖြစ်သူ အား ပြောနိုင်ခဲ့တယ်
လုပ်ငန်းပိုင်ရှင်ဖျာပုံအပိုင်ရှိ ဗန်ဒါပင် တွင်နေထိုင်သူ ငါးဖမ်းသင်္ဘော ၃ စီးပိုင်ဆိုင်သူ ကိုကျော်နိုင် (ငွေအိမ်စံ)ဖြစ်ပါတယ်..စုစုပေါင်း လုပ်သားအင်အား ၁၅၀ ခနှ့် ရှိပါတယ်ဦးစီး လုပ်သူ ဇော်မင်း ဟာ မနစ်ကမှ ဦးစီးဖြစ်လာသူပါ..အမူပွဲစားသံချောင်းဒီလို ပင်လယ်တွင်းက ရေလုပ်ငန်းသမားတွေ အမူအား၅/၆/၇ သိန်းခန့် လျော်ကြေးပေးပြီး သေမူသေခင်းအဖြစ် ပြောင်းလဲ ပေးနေသူ အမူပွဲစားဖြစ်တယ်..အရော်မရသူလဲ ရှိကြတယ်
သံချောင်းသည် စရဖ/ရဲ/တရားရေး အား အိပ်ထဲထည့်ထားသည့် မူးယစ်ကုန်သည် ခိုင်ထွန်း ၏ တပြည့် အရင်းဖြစ်ပါတယ်..ကဗျက် မှ သုဘရာဇာ ပြောစကား
ပင်လယ်ထဲ မှာ မကျေနပ်တာ နဲ့ သတ်ပြစ်ကြတာပဲ။တွန်းချမယ် ပန်ကာဒလက်နဲ့ ခုတ်ဖြတ်ပြစ်တာပဲကျုပ်လဲ လုပ်သည်မပေါ် တဲ့ လူသတ်မူမှန်း သိပေမယ့် သံချောင်း ကြောက်လို့ မြုပ်ရတဲ့ လူတွေ မနည်းဘူး ဟု ဆိုပါတယ်အရော်မရသူ ဆင်းရဲသားတွေလဲ ရှိတယ်တဲ့ဒီလို လုပ်သတ်နေတာ ကြာပါပြီ တဲ့သက်ဆိုင်ရာမှတာဝန်ရှိသူများ စစ်ဆေးပေးလိုပါတယ်ဆင်းရဲသားရေလုပ်ငန်းသမားများကိုကာကွယ်ပေးစေလိုပါတယ်အမှန်တရားအတွက်ဘတိုး သက်သေတွေပေးနိုင်ပါတယ်
share from: burmese.asia


မှတ်ချက်များ