ပရိသတ္ေတြရင္ခုန္ေနတဲ့ MasterChef Myanmar ၿပိဳင္ပြဲရဲ႕အႏိုင္ရရွိသူဘယ္သူျဖစ္လာမလဲ
Zawgyi ျဖင့္ဖတ္ရန္
ဒီေန႔မွာေတာ့ တီဗီအစီအစဥ္ေတြကိုၾကည့္တဲ့ပရိသတ္ေတြအတြက္ရင္ခုန္စရာႀကီးပါပဲေနာ္။ဒီညမွာေတာ့ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈမ်ားစြာရရွိထားတဲ့ MasterChef Myanmar Season-2 ၿပိဳင္ပြဲရဲ႕ Grand Final ပဲျဖစ္ပါတယ္။ဒါေၾကာင့္ ဆုတံဆိပ္ကိုရရွိမဲ့ Winner ကလည္းေပၚထြက္လာေတာ့မွာပါ။
MasterChef Myanmarၿပိဳင္ပြဲဟာလည္း အားေပးမႈမ်ားစြာရရွိထားသလို ေဝဖန္မႈေတြလည္းရွိထားပါတယ္။တကယ့္ကိုအခ်က္အျပဳတ္ေကာင္းၿပီးအံ့မခန္းလက္ရာေကာင္းေတြကိုဖန္တီးႏိုင္တဲ့ စားဖိုမႉးေတြကိုေတာ့ MasterChef Myanmarၿပိဳင္ပြဲကေနေမြးထုတ္ေပးလိုက္ပါၿပီ။ၿပိဳင္ပြဲဟာအပတ္စဥ္တိုင္း အမွတ္အနည္းဆုံးရရွိသူကို ဒိုင္လူႀကီးေတြက ထုတ္ပယ္လာခဲ့တာ အခုဆိုရင္ေတာ့ Top 2 ႏွစ္ေယာက္သာက်န္ရွိေတာ့တာပါ။
က်န္ရွိေနတဲ့Top 2 ႏွစ္ေယာက္ကေတာ့ ေနေအာင္နဲ႔အာကာပဲျဖစ္ပါတယ္။အာကာဟာဆိုရင္ အရသာပိုင္းလိုအပ္ခ်က္ရွိေပမဲ့ တကယ့္ကိုအျပင္အဆင္ေကာင္းလြန္းလို႔ခ်ီးမြမ္းခံရတဲ့သူတစ္ေယာက္ပါ။ေနေအာင္ဟာလည္းပဲ မထင္မွတ္ထားတဲ့လက္ရာစြမ္းေတြခ်ျပေလ့ရွိတာေၾကာင့္ ဒိုင္ေတြသေဘာက်ရတဲ့သူပါ။ဒီလိုမ်ိဳးအားသာခ်က္ေတြနဲ႔ၿပိဳင္ပြဲဝင္ႏွစ္ဦးကေတာ့ ပရိသတ္ႀကီးကိုစိတ္လႈပ္ရွားေစခဲ့ပါၿပီ။ဒီေန႔မွာေတာ့ MasterChef Myanmarၿပိဳင္ပြဲမွာအႏိုင္ရရွိသူဟာ အာကာျဖစ္မလား ေနေအာင္ျဖစ္မလားဆိုတာရင္ခုန္စရာပါပဲေနာ္။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ပရိသတ်တွေရင်ခုန်နေတဲ့ MasterChef Myanmar ပြိုင်ပွဲရဲ့အနိုင်ရရှိသူဘယ်သူဖြစ်လာမလဲ
ဒီနေ့မှာတော့ တီဗီအစီအစဉ်တွေကိုကြည့်တဲ့ပရိသတ်တွေအတွက်ရင်ခုန်စရာကြီးပါပဲနော်။ဒီညမှာတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုများစွာရရှိထားတဲ့ MasterChef Myanmar Season-2 ပြိုင်ပွဲရဲ့ Grand Final ပဲဖြစ်ပါတယ်။ဒါကြောင့် ဆုတံဆိပ်ကိုရရှိမဲ့ Winner ကလည်းပေါ်ထွက်လာတော့မှာပါ။
MasterChef Myanmarပြိုင်ပွဲဟာလည်း အားပေးမှုများစွာရရှိထားသလို ဝေဖန်မှုတွေလည်းရှိထားပါတယ်။တကယ့်ကိုအချက်အပြုတ်ကောင်းပြီးအံ့မခန်းလက်ရာကောင်းတွေကိုဖန်တီးနိုင်တဲ့ စားဖိုမှူးတွေကိုတော့ MasterChef Myanmarပြိုင်ပွဲကနေမွေးထုတ်ပေးလိုက်ပါပြီ။ပြိုင်ပွဲဟာအပတ်စဉ်တိုင်း အမှတ်အနည်းဆုံးရရှိသူကို ဒိုင်လူကြီးတွေက ထုတ်ပယ်လာခဲ့တာ အခုဆိုရင်တော့ Top 2 နှစ်ယောက်သာကျန်ရှိတော့တာပါ။
ကျန်ရှိနေတဲ့Top 2 နှစ်ယောက်ကတော့ နေအောင်နဲ့အာကာပဲဖြစ်ပါတယ်။အာကာဟာဆိုရင် အရသာပိုင်းလိုအပ်ချက်ရှိပေမဲ့ တကယ့်ကိုအပြင်အဆင်ကောင်းလွန်းလို့ချီးမွမ်းခံရတဲ့သူတစ်ယောက်ပါ။နေအောင်ဟာလည်းပဲ မထင်မှတ်ထားတဲ့လက်ရာစွမ်းတွေချပြလေ့ရှိတာကြောင့် ဒိုင်တွေသဘောကျရတဲ့သူပါ။ဒီလိုမျိုးအားသာချက်တွေနဲ့ပြိုင်ပွဲဝင်နှစ်ဦးကတော့ ပရိသတ်ကြီးကိုစိတ်လှုပ်ရှားစေခဲ့ပါပြီ။ဒီနေ့မှာတော့ MasterChef Myanmarပြိုင်ပွဲမှာအနိုင်ရရှိသူဟာ အာကာဖြစ်မလား နေအောင်ဖြစ်မလားဆိုတာရင်ခုန်စရာပါပဲနော်။
share from: burmese.asia


မှတ်ချက်များ