ရထားလမ္းကို နေမာ္နမဲ့ ျဖတ္ကူးခဲ့လုိ႔ အသက္ဆုံးခဲ့ရတဲ့ လက္ေဝွ႕မယ္ေလး
Zawgyiျဖင့္ဖတ္ရန္
အသက္(၁၈)ႏွစ္သာရွိေသးတဲ့ တက္သစ္စ လက္ေဝွ႕မယ္ေလးတစ္ေယာက္ဟာ ရထားလမ္းကုိ နေမာ္နမဲ့ျဖတ္ကူးလုိက္ျခင္းေၾကာင့္၊ ကံၾကမၼာဆုိးနဲ႔ ပက္ပင္းႀကီးတုိးရပါေတာ့တယ္။ အဲဒိလက္ေဝွ႕မယ္ေလးအမည္ကေတာ့ Amina Bulakh ျဖစ္ပါတယ္။
သူမဟာ ရထားလမ္းကိုျဖတ္ေက်ာ္ၿပီး ေနအိမ္ကို လမ္းေလွ်ာက္ျပန္စဥ္မွာ အခုလုိ မေတာ္တဆ ႀကံဳခဲ့ရတာပါ။ Amina ဟာ ယူကရိန္းႏုိင္ငံ၊ Kyiv ၿမိဳ႕ေတာ္ရဲ႕ဆင္ေျခဖုံးရြာေလးျဖစ္တဲ့ Tarasivka မွာ ေနထိုင္သူျဖစ္ၿပီး၊ အခင္းျဖစ္ခ်ိန္မွာ သူမဟာ ဖုန္းနဲ႔သီခ်င္းနားေထာင္ရင္းတန္းလန္းပါ။ နားၾကပ္တက္လွ်က္ အေနအထားျဖစ္ပါတယ္။
ရထားလမ္းကို ျဖတ္ကူးေနခ်ိန္မွာ ရထားဥၾသသံကုိ မၾကားခဲ့ရပါဘူး။ ဒါေပမယ့္ အႏၱရယ္ကို သတိထားမိလုိက္ခ်ိန္မွာ ေနာက္က်သြားခဲ့ပါၿပီ။ ႏုိဝဘၤာလ(၁၄)ရက္က ျဖစ္ခဲ့တဲ့ ဒီအျဖစ္အပ်က္မွာ Amina ဟာ ဒဏ္ရာျပင္းထန္စြာရရွိသြားၿပီး၊ ေသဆုံးသြားခဲ့ရပါတယ္။
မ်က္ျမင္သက္ေသတစ္ဦးရဲ႕အဆုိအရ Amina ဟာ ဖုန္းကိုၾကည့္ရင္း လမ္းေလွ်ာက္လာခဲ့တာျဖစ္ၿပီး၊ ရထားကို အနီးကပ္မွ ျမင္လုိက္ရတာေၾကာင့္ ေရွာင္ခ်ိန္မရလုိက္ဘူးလုိ႔ ဆုိပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕အဆုုိအရ Amina ဟာ အနီးအနားက ေဆးဆုိင္မွာ ေဆးဝယ္ၿပီး အိမ္ကုိ ျပန္လာစဥ္ အခုလုိ ျဖစ္ခဲ့ရတာလုိ႔ ေျပာပါတယ္။
အခင္းျဖစ္ခဲ့တဲ့ရထားဟာ Kyiv ကေန Fastiv ကို ေျပးဆြဲေနတဲ့ ခရီးသည္တင္ရထားျဖစ္ၿပီး၊ ရထားလမ္းဥပေဒအရ စက္ေခါင္းေမာင္းကေတာ့ အျပစ္ကေန လြတ္ကင္းပါတယ္။ Amina ဟာ ယူကရိန္းသက္ငယ္တန္း လက္ေဝွ႕ခ်န္ပီယံတစ္ဦး ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာတုန္းကလည္း ဘူေဂးရီးယားမွာက်င္းပတဲ့ ဥေရာပသက္ငယ္တန္းခ်ံပီယံရွစ္ၿပိဳင္ပြဲမွာ ေၾကးတံဆိပ္ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ သူမ ေသဆုံးျခင္းအတြက္ Boxing Federation of Ukraine အဖြဲ႕ကလည္း ဝမ္းနည္းေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ရဲကေတာ့ ဒီအမႈကို စစ္ေဆးေနဆဲပါ။
လင္းသုတ
Credit:we.media
Unicodeဖြင့်ဖတ်ရန်
ရထားလမ်းကို နမော်နမဲ့ ဖြတ်ကူးခဲ့လို့ အသက်ဆုံးခဲ့ရတဲ့ လက်ဝှေ့မယ်လေး
အသက်(၁၈)နှစ်သာရှိသေးတဲ့ တက်သစ်စ လက်ဝှေ့မယ်လေးတစ်ယောက်ဟာ ရထားလမ်းကို နမော်နမဲ့ဖြတ်ကူးလိုက်ခြင်းကြောင့်၊ ကံကြမ္မာဆိုးနဲ့ ပက်ပင်းကြီးတိုးရပါတော့တယ်။ အဲဒိလက်ဝှေ့မယ်လေးအမည်ကတော့ Amina Bulakh ဖြစ်ပါတယ်။
သူမဟာ ရထားလမ်းကိုဖြတ်ကျော်ပြီး နေအိမ်ကို လမ်းလျှောက်ပြန်စဉ်မှာ အခုလို မတော်တဆ ကြုံခဲ့ရတာပါ။ Amina ဟာ ယူကရိန်းနိုင်ငံ၊ Kyiv မြို့တော်ရဲ့ဆင်ခြေဖုံးရွာလေးဖြစ်တဲ့ Tarasivka မှာ နေထိုင်သူဖြစ်ပြီး၊ အခင်းဖြစ်ချိန်မှာ သူမဟာ ဖုန်းနဲ့သီချင်းနားထောင်ရင်းတန်းလန်းပါ။ နားကြပ်တက်လျှက် အနေအထားဖြစ်ပါတယ်။
ရထားလမ်းကို ဖြတ်ကူးနေချိန်မှာ ရထားဥသြသံကို မကြားခဲ့ရပါဘူး။ ဒါပေမယ့် အန္တရယ်ကို သတိထားမိလိုက်ချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ နိုဝင်္ဘာလ(၁၄)ရက်က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ Amina ဟာ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး၊ သေဆုံးသွားခဲ့ရပါတယ်။
မျက်မြင်သက်သေတစ်ဦးရဲ့အဆိုအရ Amina ဟာ ဖုန်းကိုကြည့်ရင်း လမ်းလျှောက်လာခဲ့တာဖြစ်ပြီး၊ ရထားကို အနီးကပ်မှ မြင်လိုက်ရတာကြောင့် ရှောင်ချိန်မရလိုက်ဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ Amina ဟာ အနီးအနားက ဆေးဆိုင်မှာ ဆေးဝယ်ပြီး အိမ်ကို ပြန်လာစဉ် အခုလို ဖြစ်ခဲ့ရတာလို့ ပြောပါတယ်။
အခင်းဖြစ်ခဲ့တဲ့ရထားဟာ Kyiv ကနေ Fastiv ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ရထားဖြစ်ပြီး၊ ရထားလမ်းဥပဒေအရ စက်ခေါင်းမောင်းကတော့ အပြစ်ကနေ လွတ်ကင်းပါတယ်။ Amina ဟာ ယူကရိန်းသက်ငယ်တန်း လက်ဝှေ့ချန်ပီယံတစ်ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကလည်း ဘူဂေးရီးယားမှာကျင်းပတဲ့ ဥရောပသက်ငယ်တန်းချံပီယံရှစ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူမ သေဆုံးခြင်းအတွက် Boxing Federation of Ukraine အဖွဲ့ကလည်း ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ရဲကတော့ ဒီအမှုကို စစ်ဆေးနေဆဲပါ။
လင်းသုတ
Credit:we.media


မှတ်ချက်များ