အိမ္ေထာင္က်ၿပီး ခႏၶာကိုယ္မလွေတာ့လို႔ ေဝဖန္ေနတဲ့သူေတြကို ပညာသားပါပါ တုံ႔ျပန္လိုက္တဲ့ မိုးယုစံ





Zawgyiျဖင့္ဖတ္ရန္

ပရိသတ္ေတြ အရမ္းကို ခ်စ္ၾကတဲ့ မင္းသမီးေခ်ာေလး မိုးယုစံကေတာ့ စကားေျပာရင္လည္း ပြင့္ပြင့္လင္းလင္းရွိလွျပီး၊ စိတ္ထားလည္း ေကာင္းသူတစ္ဦးပါ။ လက္ရွိမွာေတာ့ အိမ္ေထာင္က်သြားျပီျဖစ္တဲ့ မိုးယုစံကေတာ့ ခ်စ္စရာသားေလးရယ္၊ သူမကို အရမ္းခ်စ္တဲ့ ခင္ပြန္းရယ္နဲ႔အတူ သာယာေပ်ာ္ရႊင္တဲ့ ဘဝကို ပိုင္ဆိုင္ထားတာပါ။ လတ္တေလာမွာေတာ့ မိုးယုစံက အိမ္ေထာင္က်ျပီး ကေလးေမေမ ျဖစ္သြားတာေၾကာင့္ ခႏၶာကိုယ္ပံုပ်က္လာတဲ့ မိခင္ေတြကို ေလွာင္ေျပာင္ေဝဖန္သူတစ္ခ်ိဳ႕ကို ပညာသားပါပါနဲ႔ ထိထိမိမိ တံု႔ျပန္လိုက္တာ ေတြ႔ရပါတယ္။ မိန္းမသားခ်င္း၊ မိခင္အခ်င္းခ်င္း ကာကြယ္ေျပာဆိုလိုက္တဲ့ မိုးယုစံရဲ႕စကားလံုးေတြကေတာ့ အရမ္းကို ပညာသားပါလြန္းပါတယ္ေနာ္။

မိုးယုစံကေတာ့ “ေမေမတို႔ေရ….ေအာ္ ကိုယ္၀န္လြယ္ထားရတုန္းက ကိုယ္၀န္ဆိပ္တတ္လို႔ မိခင္တိုင္းလိုလို ေဖာတာ ၀တာျဖစ္ၾကတာပဲ ဒါကိုနားမလည္ၾကတာ လူကေမြးတာေတြဟုတ္ၾကရဲ့လားလို႔‌ေတာင္ထင္မိတယ္ ကိုယ္၀န္နဲ႔တုန္းကလည္း ေဝဖန္ခံရတာ အဲ့ခ်ိန္ေသြးႏုသားႏု စိတ္အက် အတတ္လြယ္တဲ့အခ်ိန္မွာ လ်စ္လ်ူရူႏိုင္လို႔ေပါ့ အဲ့လိုသာမလုပ္ႏိုင္ရင္ေဝဖန္ ေလကန္တဲ့သူေတြရဲ့ ပီးစလြယ္ အေျပာေတြေၾကာင့္ ဟိုတခါကိုရီးယားမင္းသမီးလိုျဖစ္သြားႏိုင္တယ္ ၾကာေတာ့လည္း ဘာေျပာေျပာကို ကိုယ့္တြက္အေရးမပါပါဘူးေလဆိုပီး ေနတတ္လာပါပီလို႔👍👍👍 (ဒီပံုေလးေတြ့လို႔ ေမေမေတြအစားေျပာေပးတာပါေနာ္

ေမေမေတြကိုမေဝဖန္ပါနဲ႔လို႔ လူ႔ေလာကထဲေရာက္လာေအာင္ေမေမေတြကေမြးထုတ္ေပးခဲ့တာ သင္ကိုယ္တိုင္လည္းပါပါတယ္ ေမေမေတြ ၀လာတာ အရင္လိုမလွေတာ့တာ ခႏၶာကိုယ္ပံုပ်က္စီးသြားတာ ဒါေတြက သင္တို႔ကိုယ္တိုင္အတြက္ေမေမေတြေပးဆပ္ခဲ့ရတာပါ ဘယ္သူကေတာ့မလွခ်င္ပဲေနမလဲ အခ်ိန္တခုပဲလိုတာပါ ေမေမေတြလွ‌လာေအာင္ အခ်ိန္ေပးႏိုင္ရင္ လွခ်င္ စိတ္ေတျြပန္ရိွလာရင္ အပ်ိဳေလးရႈံးမယ္မွတ္ပါ မလုပ္ေသးတာပဲရိွတာပါ ဟုတ္လားေမေမတို႔ေရ)😊” ဆိုျပီး ကေလးအေမျဖစ္သြားလို႔ မလွမပေတာ့ဘူးဆိုျပီး ေဝဖန္ေနသူေတြကို ျပန္ေျပာခဲ့တာပါ။

မင္းသမီးေခ်ာေလး မိုးယုစံကေတာ့ လက္ရွိမွာ ခ်စ္ရတဲ့ မိသားစုကိုလည္း အခ်ိန္အျပည့္အဝေပးရင္း၊ အႏုပညာလႈပ္ရွားမႈေတြ၊ ပြဲတက္ေတြလည္း ျပဳလုပ္ျဖစ္ေနတာ ေတြ႔ရပါတယ္။ အရမ္းကို ခ်စ္စရာေကာင္းျပီး လိမၼာလြန္းတဲ့ မိုးယုစံရဲ႕သားေလးကိုလည္း ပရိသတ္ေတြအားလံုးက အခ်စ္ပိုေနၾကရတာပါ။ ခ်စ္ပရိသတ္ေတြလည္း အိမ္ေထာင္က်ျပီး၊ ကေလးေမေမျဖစ္သြားလို႔ မလွေတာ့ဘူးလို႔ ေဝဖန္သူေတြကို ထိထိမိမိ ျပန္ေျပာလိုက္တဲ့ မိုးယုစံရဲ႕စိတ္ဓါတ္ေလးကို သေဘာက်ရင္ share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။


Unicode ဖြင့်ဖတ်ရန်

ပရိသတ်တွေ အရမ်းကို ချစ်ကြတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်းရှိလှပြီး၊ စိတ်ထားလည်း ကောင်းသူတစ်ဦးပါ။ လက်ရှိမှာတော့ အိမ်ထောင်ကျသွားပြီဖြစ်တဲ့ မိုးယုစံကတော့ ချစ်စရာသားလေးရယ်၊ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ မိုးယုစံက အိမ်ထောင်ကျပြီး ကလေးမေမေ ဖြစ်သွားတာကြောင့် ခန္ဓာကိုယ်ပုံပျက်လာတဲ့ မိခင်တွေကို လှောင်ပြောင်ဝေဖန်သူတစ်ချို့ကို ပညာသားပါပါနဲ့ ထိထိမိမိ တုံ့ပြန်လိုက်တာ တွေ့ရပါတယ်။ မိန်းမသားချင်း၊ မိခင်အချင်းချင်း ကာကွယ်ပြောဆိုလိုက်တဲ့ မိုးယုစံရဲ့စကားလုံးတွေကတော့ အရမ်းကို ပညာသားပါလွန်းပါတယ်နော်။

မိုးယုစံကတော့ “မေမေတို့ရေ….အော် ကိုယ်ဝန်လွယ်ထားရတုန်းက ကိုယ်ဝန်ဆိပ်တတ်လို့ မိခင်တိုင်းလိုလို ဖောတာ ဝတာဖြစ်ကြတာပဲ ဒါကိုနားမလည်ကြတာ လူကမွေးတာတွေဟုတ်ကြရဲ့လားလို့‌တောင်ထင်မိတယ် ကိုယ်ဝန်နဲ့တုန်းကလည်း ဝေဖန်ခံရတာ အဲ့ချိန်သွေးနုသားနု စိတ်အကျ အတတ်လွယ်တဲ့အချိန်မှာ လျစ်လျူရူနိုင်လို့ပေါ့ အဲ့လိုသာမလုပ်နိုင်ရင်ဝေဖန် လေကန်တဲ့သူတွေရဲ့ ပီးစလွယ် အပြောတွေကြောင့် ဟိုတခါကိုရီးယားမင်းသမီးလိုဖြစ်သွားနိုင်တယ် ကြာတော့လည်း ဘာပြောပြောကို ကိုယ့်တွက်အရေးမပါပါဘူးလေဆိုပီး နေတတ်လာပါပီလို့👍👍👍 (ဒီပုံလေးတွေ့လို့ မေမေတွေအစားပြောပေးတာပါနော်

မေမေတွေကိုမဝေဖန်ပါနဲ့လို့ လူ့လောကထဲရောက်လာအောင်မေမေတွေကမွေးထုတ်ပေးခဲ့တာ သင်ကိုယ်တိုင်လည်းပါပါတယ် မေမေတွေ ဝလာတာ အရင်လိုမလှတော့တာ ခန္ဓာကိုယ်ပုံပျက်စီးသွားတာ ဒါတွေက သင်တို့ကိုယ်တိုင်အတွက်မေမေတွေပေးဆပ်ခဲ့ရတာပါ ဘယ်သူကတော့မလှချင်ပဲနေမလဲ အချိန်တခုပဲလိုတာပါ မေမေတွေလှ‌လာအောင် အချိန်ပေးနိုင်ရင် လှချင် စိတ်တြွေပန်ရှိလာရင် အပျိုလေးရှုံးမယ်မှတ်ပါ မလုပ်သေးတာပဲရှိတာပါ ဟုတ်လားမေမေတို့ရေ)😊” ဆိုပြီး ကလေးအမေဖြစ်သွားလို့ မလှမပတော့ဘူးဆိုပြီး ဝေဖန်နေသူတွေကို ပြန်ပြောခဲ့တာပါ။

မင်းသမီးချောလေး မိုးယုစံကတော့ လက်ရှိမှာ ချစ်ရတဲ့ မိသားစုကိုလည်း အချိန်အပြည့်အဝပေးရင်း၊ အနုပညာလှုပ်ရှားမှုတွေ၊ ပွဲတက်တွေလည်း ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ အရမ်းကို ချစ်စရာကောင်းပြီး လိမ္မာလွန်းတဲ့ မိုးယုစံရဲ့သားလေးကိုလည်း ပရိသတ်တွေအားလုံးက အချစ်ပိုနေကြရတာပါ။ ချစ်ပရိသတ်တွေလည်း အိမ်ထောင်ကျပြီး၊ ကလေးမေမေဖြစ်သွားလို့ မလှတော့ဘူးလို့ ဝေဖန်သူတွေကို ထိထိမိမိ ပြန်ပြောလိုက်တဲ့ မိုးယုစံရဲ့စိတ်ဓါတ်လေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit: မိုမိုေလး


မှတ်ချက်များ