ကမာၻ႔ကရာေတးခ်န္ပီယံဆု ျမန္မာလူငယ္ ၂ ဦးဆြတ္ခူး
Zawgyi ျဖင့္ဖတ္ရန္
ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာက်င္းပေနတဲ့ ၁၂ ႀကိမ္ေျမာက္ကမာၻ႔ကရာေတးၿပိဳင္ပြဲမွာ ဒူကေထာင္စစ္ေရွာင္စခန္းမွ ေမာင္မရန္ဂ်ာလနဲ႔ ျမစ္ႀကီးနားၿမိဳ႕က မဂ်ီဆန႔္မိုင္ႏူးတို႔ ကမာၻ႔ခ်န္ပီယံဆု ေ႐ႊတံဆိပ္ကို ဆြတ္ခူးႏိုင္ခဲ့ၾကပါသည္။ က်ဴရွင္းကာရာေတး ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲမွာ အခုပြဲဟာ အဆင့္အျမင့္ဆုံးၿပိဳင္ပြဲႀကီးျဖစ္ၿပီး ျမစ္ႀကီးနားၿမိဳ႕က ေမာင္ဆိုင္းလတ္ေအာင္ကလည္း.ဒုတိယဆုေငြတံဆိပ္ ရရွိခဲ့ပါတယ္။ နည္းျပဆရာ BwiLap Ying Bawm က အခုလိုလူငယ္ေတြ ကမာၻ႔ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ဖို႔ လြယ္လြယ္ကူကူရတာမဟုတ္ဘဲ ၃ လေလာက္ျပင္ဆင္တာျဖစ္ၿပီး ထိမိခိုက္မိ ဒဏ္ရာေတြရ၊ ဘာေတြရနဲ ေန႔စဥ္ အျပင္းအထန္ႀကိဳးစားလ့က်င့္ခဲ့ၾကၿပီး အခုဒီေနရာကို ရခဲ့တာလို႔ ေျပာပါတယ္။
၄ ႏွစ္ တႀကိမ္က်င္းပတဲ့ 2019 World Elite KarateChampionship ၿပိဳင္ပြဲႀကီးမွာ ႏိုင္ငံတကာခ်န္ပီယံဆု ၂ ခုရရွိၿပီးမွသာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရတာျဖစ္ၿပီး ဒူကေထာင္ စစ္ေရွာင္စခန္းမွ ေမာင္မရန္ဂ်ာလဟာ စင္ကာပူႏိုင္ငံမွာက်င္းပခဲ့တဲ့ ၂၀၁၈ ခု အာရွ ၁၀ ႏိုင္ငံ ခ်န္ပီယံဆုနဲ႔ ဧၿပီလက ဂ်ပန္ႏိုင္ငံမွာက်င္းပခဲ့တဲ့ ႏိုင္ငံတကာၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ဆုရရွိခဲ့တဲ့အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တာပါ။ အခုလို ကမာၻ႔ကရာေတးခ်န္ပီယံဆုေတြရရွိလို႔ ႏိုင္ငံေတာ္နဲ႔ စီးပြားေရးလုပ္ငန္းေတြက ပိုမို အားေပးအာ႐ုံစိုက္လာရင္ ဒီထက္ပိုၿပီးေအာင္ျမင္မႈေတြ ရလာႏိုင္တယ္လို႔လည္း အိုင္ေကအို ျမန္မာတာဝန္ခံဆရာႀကီး ရွီဟန္း ဦးမင္လြင္က ဒီဗြီဘီကိုေျပာၾကားခဲ့ပါတယ္။
အဆိုပါၿပိဳင္ပြဲႀကီးကို ႏိုဝင္ဘာ ၂၂ ရက္ေန႔မွ ၂၄ ရက္ေန႔အထိ ၃ ရက္ၾကာ က်င္းပမွာျဖစ္ၿပီး YMCA က်ဴရွင္းကာရာေတးအသင္းမွ ေမာင္ယာကု (Ya Ku) ကလည္း အလြတ္တန္း ကမာၻ႔ေ႐ႊခ်န္ပီယံၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။
share form: burmese.asia
Unicode ဖြင့်ဖတ်ရန်
ကမ္ဘာ့ကရာတေးချန်ပီယံဆု မြန်မာလူငယ် ၂ ဦးဆွတ်ခူး
ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပနေတဲ့ ၁၂ ကြိမ်မြောက်ကမ္ဘာ့ကရာတေးပြိုင်ပွဲမှာ ဒူကထောင်စစ်ရှောင်စခန်းမှ မောင်မရန်ဂျာလနဲ့ မြစ်ကြီးနားမြို့က မဂျီဆန့်မိုင်နူးတို့ ကမ္ဘာ့ချန်ပီယံဆု ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ကြပါသည်။ ကျူရှင်းကာရာတေး ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ အခုပွဲဟာ အဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးဖြစ်ပြီး မြစ်ကြီးနားမြို့က မောင်ဆိုင်းလတ်အောင်ကလည်း.ဒုတိယဆုငွေတံဆိပ် ရရှိခဲ့ပါတယ်။ နည်းပြဆရာ BwiLap Ying Bawm က အခုလိုလူငယ်တွေ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ လွယ်လွယ်ကူကူရတာမဟုတ်ဘဲ ၃ လလောက်ပြင်ဆင်တာဖြစ်ပြီး ထိမိခိုက်မိ ဒဏ်ရာတွေရ၊ ဘာတွေရနဲ နေ့စဉ် အပြင်းအထန်ကြိုးစားလ့ကျင့်ခဲ့ကြပြီး အခုဒီနေရာကို ရခဲ့တာလို့ ပြောပါတယ်။
၄ နှစ် တကြိမ်ကျင်းပတဲ့ 2019 World Elite KarateChampionship ပြိုင်ပွဲကြီးမှာ နိုင်ငံတကာချန်ပီယံဆု ၂ ခုရရှိပြီးမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး ဒူကထောင် စစ်ရှောင်စခန်းမှ မောင်မရန်ဂျာလဟာ စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၁၈ ခု အာရှ ၁၀ နိုင်ငံ ချန်ပီယံဆုနဲ့ ဧပြီလက ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။ အခုလို ကမ္ဘာ့ကရာတေးချန်ပီယံဆုတွေရရှိလို့ နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းတွေက ပိုမို အားပေးအာရုံစိုက်လာရင် ဒီထက်ပိုပြီးအောင်မြင်မှုတွေ ရလာနိုင်တယ်လို့လည်း အိုင်ကေအို မြန်မာတာဝန်ခံဆရာကြီး ရှီဟန်း ဦးမင်လွင်က ဒီဗွီဘီကိုပြောကြားခဲ့ပါတယ်။
အဆိုပါပြိုင်ပွဲကြီးကို နိုဝင်ဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး YMCA ကျူရှင်းကာရာတေးအသင်းမှ မောင်ယာကု (Ya Ku) ကလည်း အလွတ်တန်း ကမ္ဘာ့ရွှေချန်ပီယံပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
share form: burmese.asia


မှတ်ချက်များ