ခ်စ္ဖို႔ေကာင္းတဲ့ The Mask Singer Myanmar ဆယ္လီစုံေထာက္မ်ားရဲ႕ ေနာက္ကြယ္က ပုံရိပ္မ်ား




 Zawgyi ျဖင့္ဖတ္ရန္

ျမန္မာတစ္ႏိုင္ငံလုံး ေမွ်ာ္လင့္ေစာင့္စားေနတဲ့ ‘The Mask Singer Myanmar’ အစီအစဥ္ရဲ႕ အပိုင္း (၂) ကို ယေန႔ည Channel Me ႐ုပ္သံလိုင္းကေနၿပီး ထုတ္လႊင့္တင္ဆက္ျပသသြားေတာ့မွာျဖစ္ပါတယ္။

The Mask Singer Myanmar ရဲ႕ မ်က္ႏွာဖုံးေနာက္ကြယ္က အဆိုရွင္ေတြ ဘယ္သူျဖစ္မလဲဆိုတာ ခန႔္မွန္းဖို႔ ပရိတ္သတ္ကိုယ္စား ဆယ္လီစုံေထာက္ (၄) ဦးကို ခန႔္အပ္ထားၿပီးျဖစ္ပါတယ္။ ဆယ္လီစုံေထာက္ေတြအေနနဲ႔ ဦးအ႐ိုင္း၊ မခိုင္ေလး (ခိုင္သင္းၾကည္)၊ ထြန္းထြန္း(Example) နဲ႔ မိုင္ေလး(ရတနာမိုင္) တို႔က မ်က္ႏွာဖုံးေနာက္က အဆိုရွင္ေတြကို ခန႔္မွန္းေပးသြားရမွာပဲျဖစ္ပါတယ္။




ဒီအပတ္ ေသာၾကာမွာေတာ့ ဆယ္လီစုံေထာက္ (၄) ဦးက ‌ၿဂိဳလ္သား၊ နဂါး၊ က်ား တို႔ပါဝင္တဲ့ အဖြဲ႕ကို ခန႔္မွန္းသြားရမွာျဖစ္ရပါတယ္။ လတ္တေလာ လူမႈကြန္ယက္မွ ပရိတ္သတ္ေတြက ၿဂိဳလ္သားက အုပ္စိုးခန႔္၊ နဂါးက ေအသင္ခ်ိဳေဆြ ဆိုၿပီး ခန႔္မွန္းထားၾကေပမယ့္ က်ားကိုေတာ့ မည္သူမည္ဝါဆိုတာ ခန႔္မွန္းလို႔ မရႏိုင္ဘဲရွိေနခဲ့ပါတယ္။





ၿဂိဳလ္သား၊ နဂါးနဲ႔ က်ားတို႔သုံးဦးဟာ ‘မွားတဲ့ဘက္မွာ’ သီခ်င္းနဲ႔ ေဖ်ာ္ေျဖခဲ့ၾကၿပီး က်ားက ဘယ္သူဆိုတာကိုေတာ့ ဆယ္လီစုံတြဲေတြထဲက တစ္ဦးျဖစ္တဲ့ မခိုင္ေလး က ‘အက်ားႀကီးကေတာ့ လုံးဝ ဖမ္းလို႔မရဘူးေနာ္’ ဆိုၿပီး ေျပာထားပါတယ္။



နဂါးကိုေတာ့ မိုင္ေလးက ‘ေကာင္မေလး’ ဆိုၿပီး အားပါးတရ ေအာ္ေျပာၿပီး ခန႔္မွန္းထားပါတယ္။



ဒီေန႔ည ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ ၿဂိဳလ္သား၊က်ား နဲ႔ နဂါးတို႔ ဘယ္သူဘယ္ဝါဆိုတာ သိရွိရေတာ့မွာပဲျဖစ္ပါတယ္။ ပရိတ္သတ္ႀကီးေရာ မ်က္ႏွာဖုံးေနာက္ကြယ္က အဆိုေတာ္ေတြက ဘယ္သူျဖစ္မယ္လို႔ ထင္ပါသလဲ?

Credit: popolay 



Unicode ဖြင့်ဖတ်ရန်

ချစ်ဖို့ကောင်းတဲ့ The Mask Singer Myanmar ဆယ်လီစုံထောက်များရဲ့ နောက်ကွယ်က ပုံရိပ်များ


မြန်မာတစ်နိုင်ငံလုံး မျှော်လင့်စောင့်စားနေတဲ့ ‘The Mask Singer Myanmar’ အစီအစဉ်ရဲ့ အပိုင်း (၂) ကို ယနေ့ည Channel Me ရုပ်သံလိုင်းကနေပြီး ထုတ်လွှင့်တင်ဆက်ပြသသွားတော့မှာဖြစ်ပါတယ်။

The Mask Singer Myanmar ရဲ့ မျက်နှာဖုံးနောက်ကွယ်က အဆိုရှင်တွေ ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ ပရိတ်သတ်ကိုယ်စား ဆယ်လီစုံထောက် (၄) ဦးကို ခန့်အပ်ထားပြီးဖြစ်ပါတယ်။ ဆယ်လီစုံထောက်တွေအနေနဲ့ ဦးအရိုင်း၊ မခိုင်လေး (ခိုင်သင်းကြည်)၊ ထွန်းထွန်း(Example) နဲ့ မိုင်လေး(ရတနာမိုင်) တို့က မျက်နှာဖုံးနောက်က အဆိုရှင်တွေကို ခန့်မှန်းပေးသွားရမှာပဲဖြစ်ပါတယ်။



ဒီအပတ် သောကြာမှာတော့ ဆယ်လီစုံထောက် (၄) ဦးက ‌ဂြိုလ်သား၊ နဂါး၊ ကျား တို့ပါဝင်တဲ့ အဖွဲ့ကို ခန့်မှန်းသွားရမှာဖြစ်ရပါတယ်။ လတ်တလော လူမှုကွန်ယက်မှ ပရိတ်သတ်တွေက ဂြိုလ်သားက အုပ်စိုးခန့်၊ နဂါးက အေသင်ချိုဆွေ ဆိုပြီး ခန့်မှန်းထားကြပေမယ့် ကျားကိုတော့ မည်သူမည်ဝါဆိုတာ ခန့်မှန်းလို့ မရနိုင်ဘဲရှိနေခဲ့ပါတယ်။



ဂြိုလ်သား၊ နဂါးနဲ့ ကျားတို့သုံးဦးဟာ ‘မှားတဲ့ဘက်မှာ’ သီချင်းနဲ့ ဖျော်ဖြေခဲ့ကြပြီး ကျားက ဘယ်သူဆိုတာကိုတော့ ဆယ်လီစုံတွဲတွေထဲက တစ်ဦးဖြစ်တဲ့ မခိုင်လေး က ‘အကျားကြီးကတော့ လုံးဝ ဖမ်းလို့မရဘူးနော်’ ဆိုပြီး ပြောထားပါတယ်။



နဂါးကိုတော့ မိုင်လေးက ‘ကောင်မလေး’ ဆိုပြီး အားပါးတရ အော်ပြောပြီး ခန့်မှန်းထားပါတယ်။



ဒီနေ့ည နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဂြိုလ်သား၊ကျား နဲ့ နဂါးတို့ ဘယ်သူဘယ်ဝါဆိုတာ သိရှိရတော့မှာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော မျက်နှာဖုံးနောက်ကွယ်က အဆိုတော်တွေက ဘယ်သူဖြစ်မယ်လို့ ထင်ပါသလဲ?

Credit: popolay 


မှတ်ချက်များ