ရည္းစာငွားသည္ တစ္ႏွစ္ျမန္မာေငြ သိန္း(၁၂၀၀)ေပးမည္ဆိုၿပီး ေၾကာ္ျငာထားေသာ အမ်ိဳးသမီးေလး




Zawgyi ျဖင့္ဖတ္ရန္

လူ႔ဘဝမွာ လိုတာမရ ရတာမလိုဆိုတာ ျဖစ္စဥ္ႀကီးတခုလို႔ေတာင္ ထင္မွတ္စရာပါ။အခု ကိစၥမွာပါလဲ ကံထူးရွင္အမ်ိဳးသမီးေလးက ခ်စ္ခ်င္သူေတြ ဝိုင္းဝိုင္းလည္ေနေသာ္လဲ သူမလိုခ်င္တာေတာ့ မရေသးပါဘူးတဲ့။အျပည့္အစုံကို ဖက္လက္ဖတ္ရႈလိုက္ပါအုံးေနာ္

တစ္ႏွစ္ကို ျမန္မာေငြသိန္း (၁၂၀၀) ေက်ာ္ေပးၿပီး သူမရဲ႕ရည္းစားအျဖစ္ကမ္းလွမ္းေနေသာ ၿဗိတိန္ေကာင္မေလးတစ္ေယာက္။အသက္ (၁၇) ႏွစ္ နဲ႔ ယူ႐ိုထီေပါက္ကာ သန္းနဲ႔ခ်ီခ်မ္းသာသြားခဲ့သူ အမ်ိဳးသမီးေလး Jane Park ဟာ အ ခုႏွစ္ထဲအသက္ (၂၃) ႏွစ္ရွိေနၿပီျဖစ္ပါတယ္။ ယူ႐ိုထီေပါက္တဲ့ ကံထူးရွင္ေတြထဲ အသက္အငယ္ဆုံးကံထူးရွင္ေလးျဖစ္ေနဆဲပါပဲ။



ငယ္ ငယ္႐ြယ္႐ြယ္နဲ႔ စိတ္ေတာင္မကူးဖူးတဲ့ပိုက္ဆံေတြ ပိုင္ဆိုင္ခြင့္ရရွိခဲ့တဲ့အတြက္ သူမဘဝဟာေန႔ခ်င္းညခ်င္းဆိုသလိုေျပာင္းလဲသြားခဲ့ပါတယ္။ တစ္နာရီကို ေဒၚလာ (၁၀.၅၀) သာရရွိတဲ့ အလုပ္ကေန ထြက္ၿပီး မိခင္ျဖစ္သူနဲ႔ အတူတူေနေနတဲ့ တိုက္ခန္းက်ဥ္းေလးကေန ကိုယ္ပိုင္အိမ္သို႔ ေျပာင္းေ႐ႊ႕ေနခဲ့ပါတယ္။ မိန္းကေလးျဖစ္တဲ့အတြက္ အလွအပေရးရာမွာလည္း ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ခဲ့ပါသးတယ္။ သြားဖုံးခြဲစိတ္ျပဳျပင္တာေတြနဲ႔ ရင္၊တင္ခြဲစိတ္ျပဳျပင္တာေတြျပဳလုပ္ကာ အရင္ကထက္ပိုၿပီး လွပလာခဲ့ၿပီး ပိုက္ဆံေလးကလည္း ခ်မ္းသာေနေသာ္လည္း ဘဝရဲ႕အႀကီးမားဆုံးဟာကြက္တစ္ခု သူမမွာရွိေနဆဲပါ။



အိမ္ေတြ၊ ကားေတြနဲ႔ ဇိမ္ခံခရီးေတြ ကမာၻပတ္ခရီးစဥ္ေတြနဲ႔ သူမဘဝဟာ ျပည့္ႏွက္ေနေပမယ့္ အခ်စ္ေရးမွာေတာ့ ကံဆိုးေနရဆဲပါပဲ။ သူမထီေပါက္တဲ့သတင္းဟာ ၿဗိတိန္တစ္ႏိုင္ငံလုံးသိေနတဲ့အတြက္ သူမဆီကို ခ်င္းကပ္လာတဲ့ ေယာက္်ားတိုင္းဟာ သူမကို တကယ္ပဲခ်စ္လို႔လား ဒါမွမဟုတ္ သူမဘဏ္စာအုပ္ထဲက ကိန္းကဏန္းေတြကိုပဲ ခ်စ္တာလား ေဝခြဲလို႔မရခဲ့ပါဘူး။ သူမကို တကယ္မခ်စ္တဲ့လူဆီကို တစ္ဘဝလုံးပုံေအာပစ္မိလိုက္တဲ့အခါ သူမရဲ႕ဘဝေရာ ပိုင္ဆိုင္မႈေတြေရာ အရာရာအားလုံးဆုံးရႈံးသြားမွာကို ေၾကာက္လို႔ေနပါတယ္။




“သစၥာတရားဆိုတာ တန္ဖိုးႀကီးတယ္။ သစၥာရွိတဲ့လူကို ေပးတဲ့လခဆိုတာ ယွဥ္လိုက္ရင္ နည္းနည္းေလးပါ” လို႔ Jane က ဆိုပါတယ္။ Jane ဟာ သူမရဲ႕ ခ်စ္သူအျဖစ္ သစၥာရွိရွိ ခ်စ္ေနေပးဖို႔အတြက္ တစ္ႏွစ္ကို ေဒၚလာ (၇၈,၀၀၀) ကို လခအျဖစ္ေပးကာ ငွားရမ္းဖို႔ ေခၚထားေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျဖသြားခဲ့ပါတယ္။ သူမရဲ႕ ရည္းစားျဖစ္ခြင့္ရဖို႔ ကိုယ္ေရးအက်ဥ္းနဲ႔တကြ ေလွ်ာက္ထားႏိုင္ဖို႔အတြက္ website တစ္ခုကိုေတာင္ တည္ေထာင္ထားတယ္လို႔လည္း သိရပါတယ္။

စာဖတ္သူတို႔လဲ ဆႏၵနဲ႔ဘဝ တထပ္ထဲ ထပ္တူၾက ၾကပါေစ။မူရင္းေရးသားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါတယ္ ခင္ဗ်ာ။

share from:burmese.asia


Unicode ဖြင့်ဖတ်ရန်

ရည်းစာငှားသည် တစ်နှစ်မြန်မာငွေ သိန်း(၁၂၀၀)ပေးမည်ဆိုပြီး ကြော်ငြာထားသော အမျိုးသမီးလေး



လူ့ဘဝမှာ လိုတာမရ ရတာမလိုဆိုတာ ဖြစ်စဉ်ကြီးတခုလို့တောင် ထင်မှတ်စရာပါ။အခု ကိစ္စမှာပါလဲ ကံထူးရှင်အမျိုးသမီးလေးက ချစ်ချင်သူတွေ ဝိုင်းဝိုင်းလည်နေသော်လဲ သူမလိုချင်တာတော့ မရသေးပါဘူးတဲ့။အပြည့်အစုံကို ဖက်လက်ဖတ်ရှုလိုက်ပါအုံးနော်

တစ်နှစ်ကို မြန်မာငွေသိန်း (၁၂၀၀) ကျော်ပေးပြီး သူမရဲ့ရည်းစားအဖြစ်ကမ်းလှမ်းနေသော ဗြိတိန်ကောင်မလေးတစ်ယောက်။အသက် (၁၇) နှစ် နဲ့ ယူရိုထီပေါက်ကာ သန်းနဲ့ချီချမ်းသာသွားခဲ့သူ အမျိုးသမီးလေး Jane Park ဟာ အ ခုနှစ်ထဲအသက် (၂၃) နှစ်ရှိနေပြီဖြစ်ပါတယ်။ ယူရိုထီပေါက်တဲ့ ကံထူးရှင်တွေထဲ အသက်အငယ်ဆုံးကံထူးရှင်လေးဖြစ်နေဆဲပါပဲ။



ငယ် ငယ်ရွယ်ရွယ်နဲ့ စိတ်တောင်မကူးဖူးတဲ့ပိုက်ဆံတွေ ပိုင်ဆိုင်ခွင့်ရရှိခဲ့တဲ့အတွက် သူမဘဝဟာနေ့ချင်းညချင်းဆိုသလိုပြောင်းလဲသွားခဲ့ပါတယ်။ တစ်နာရီကို ဒေါ်လာ (၁၀.၅၀) သာရရှိတဲ့ အလုပ်ကနေ ထွက်ပြီး မိခင်ဖြစ်သူနဲ့ အတူတူနေနေတဲ့ တိုက်ခန်းကျဉ်းလေးကနေ ကိုယ်ပိုင်အိမ်သို့ ပြောင်းရွှေ့နေခဲ့ပါတယ်။ မိန်းကလေးဖြစ်တဲ့အတွက် အလှအပရေးရာမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါသးတယ်။ သွားဖုံးခွဲစိတ်ပြုပြင်တာတွေနဲ့ ရင်၊တင်ခွဲစိတ်ပြုပြင်တာတွေပြုလုပ်ကာ အရင်ကထက်ပိုပြီး လှပလာခဲ့ပြီး ပိုက်ဆံလေးကလည်း ချမ်းသာနေသော်လည်း ဘဝရဲ့အကြီးမားဆုံးဟာကွက်တစ်ခု သူမမှာရှိနေဆဲပါ။



အိမ်တွေ၊ ကားတွေနဲ့ ဇိမ်ခံခရီးတွေ ကမ္ဘာပတ်ခရီးစဉ်တွေနဲ့ သူမဘဝဟာ ပြည့်နှက်နေပေမယ့် အချစ်ရေးမှာတော့ ကံဆိုးနေရဆဲပါပဲ။ သူမထီပေါက်တဲ့သတင်းဟာ ဗြိတိန်တစ်နိုင်ငံလုံးသိနေတဲ့အတွက် သူမဆီကို ချင်းကပ်လာတဲ့ ယောက်ျားတိုင်းဟာ သူမကို တကယ်ပဲချစ်လို့လား ဒါမှမဟုတ် သူမဘဏ်စာအုပ်ထဲက ကိန်းကဏန်းတွေကိုပဲ ချစ်တာလား ဝေခွဲလို့မရခဲ့ပါဘူး။ သူမကို တကယ်မချစ်တဲ့လူဆီကို တစ်ဘဝလုံးပုံအောပစ်မိလိုက်တဲ့အခါ သူမရဲ့ဘဝရော ပိုင်ဆိုင်မှုတွေရော အရာရာအားလုံးဆုံးရှုံးသွားမှာကို ကြောက်လို့နေပါတယ်။



“သစ္စာတရားဆိုတာ တန်ဖိုးကြီးတယ်။ သစ္စာရှိတဲ့လူကို ပေးတဲ့လခဆိုတာ ယှဉ်လိုက်ရင် နည်းနည်းလေးပါ” လို့ Jane က ဆိုပါတယ်။ Jane ဟာ သူမရဲ့ ချစ်သူအဖြစ် သစ္စာရှိရှိ ချစ်နေပေးဖို့အတွက် တစ်နှစ်ကို ဒေါ်လာ (၇၈,၀၀၀) ကို လခအဖြစ်ပေးကာ ငှားရမ်းဖို့ ခေါ်ထားကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။ သူမရဲ့ ရည်းစားဖြစ်ခွင့်ရဖို့ ကိုယ်ရေးအကျဉ်းနဲ့တကွ လျှောက်ထားနိုင်ဖို့အတွက် website တစ်ခုကိုတောင် တည်ထောင်ထားတယ်လို့လည်း သိရပါတယ်။

စာဖတ်သူတို့လဲ ဆန္ဒနဲ့ဘဝ တထပ်ထဲ ထပ်တူကြ ကြပါစေ။မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါတယ် ခင်ဗျာ။

share from:burmese.asia


မှတ်ချက်များ