Zawgyi ဖြင့်ဖတ်ရန်
၉။Audi Aicon
၈။Icona Nucleus
၇။Mustang Shelby GT500
၆။ McLaren Senna
၎။Renault EZ-GO
၃။Hyundia Le Fil Rouge
၂။BMW Gran Coupe
Unicode ဖြင့်ဖတ်ရန်
သိပ်မကြာတော့တဲ့ အနာဂတ်မှာ ထွက်ပေါ်လာတော့မယ့် အမိုက်စားကား ( ၉ ) စီး
လူတိုင်းက အနာဂတ်မှာထွက်ပေါ်လာမယ့် ကားတွေကို တစ်ချက်လောက်တော့ကြည့်ချင်ကြပြီး အခုကလည်းခေတ်ကြီးကတိုးတက်နေပါပြီ။ပေါက်ကွဲအားပြင်းတဲ့အင်ဂျင်တွေနဲ့ စွမ်းအားမြင့် လျှပ်စစ်စွမ်းအင်သုံးကားတွေကိုပိုမိုလက်ခံလာကြတယ်တွေ့ရပါတယ်။အာက်မှာတော့အနာဂတ်ရဲ့ကားအလန်းတွေကိုပြထားပါတယ်။
၉။Audi Aicon
Audi ကထုတ်တဲ့ လျှပ်စစ်ကားဖြစ်ပြီး bleedind edge နည်းပညာသုံးထားတာပါ။ဒါက မောင်းသူမဲ့ဖြစ်ပြီး စတီယာရင်တွေခြေနင်းကိရိယာတွေမပါဝင်ပါဘူး။
ထိုင်ခုံတွေကလည်းအမိုက်စားပါ။ရှေ့မီးသီးတွေမပါပဲ လေဆာတွေ ရေဒါတွေသာပါဝင်ပါတယ်။Audi ကတော့ ဒီကားရဲ့နာမည်ကို ‘မနက်ဖြန်ရဲ့ ကမ္ဘာ ‘ လို့တင်စားပါတယ်။
၈။Icona Nucleus
မောင်းသူမဲ့ကားပဲဖြစ်ပြီး အလိုအလျောက်စနစ် အဆင့်၅ ကိုအသုံးပြုထားတာကြောင့်အပေါ်က Audi ကားနဲ့တူပါတယ်။ဒီကားရဲ့စက်ပိုင်းဆိုင်ရာတွေကို စီးနင်းသူက ဘာမှပြုလုပ်ပေးစရာမလိုပါဘူး။သွားချင်တဲ့ နေရာကိုညွှန်ပြပေးရုံပါပဲ။ဝင်ပေါက်ကတော့တစ်ပေါက်သာပါရှိပါတယ်။
၇။Mustang Shelby GT500
ဒီကားကတော့ကိုယ်တိုင်မောင်းချင်သူတွေအတွက်ဖြစ်ပြီး ၁၉၆၇ က မော်ဒယ်ဟောင်းထက် နှစ်ဆ ပိုစွမ်းအားမြင့်ပါတယ်။မြင်းကောင်ရေအား ရ၇၂ hp အထိရှိတာပါ။
၆။ McLaren Senna
ဒီကားကိုတော့ Formula 1 ရဲ့ ဂန္တဝင်Senna နဲ့ ထရပ်ကားမောင်းသူ McLarenတို့ကို အစွဲပြုကာ နာမည်ပေးထားပါတယ်။ရန်လိုတဲ့ သွင်ပြင်ဖြစ်ပြီး အလယ်အင်ဂျင်ပါရှိကာ ကားဘီးကလည်းရှယ်ပါပဲ။
၅။Pininfarina HK GT electric supercar
ခေတ်မီနည်းပညာသုံး လျှပ်စစ်ကားပါပဲ။ဘက်ထရီစွမ်းအားမြင့်ပြီး ထိန်းချုပ်မှုပိုင်းကလည်းတိကျပါတယ်။ဒီဇိုင်းကတော့အမိုး ဖွင့်နိုင်ပိတ်နိုင်တဲ့ ပုံစံပါပဲ။
၄။Renault EZ-GO
ကားထဲ ဝင်ပေါက်ကအနည်းငယ်ကွဲပြားပေမယ့် ကျန်တာအားလုံး အလန်းစားတွေပါ။ဒါကို စက်ရုပ်တက္ကစီလို့ခေါ်ကြပြီး လူထုကလက်ခံနိုင်မယ့် ဒီဇိုင်းနဲ့ပေါ့။
၃။Hyundia Le Fil Rouge
LED မီးတွေအပြင် ဒီကားပုံစံတွေက လမ်းပေါ်က အခြားကားတွေထက် ပိုမိုထင်ရှားနေမှာတော့အမှန်ပါပဲ။ဒီကားကအချိန်တစ်ခုရောက်လာရင်တော့ လှပတဲ့ဇိမ်ခံကားတစ်စီးဖြစ်လာမှာပါ။
၂။BMW Gran Coupe
ဂန္တဝင်ပြိုင်ကားတွေပုံစံနဲ့ ဇိမ်ခံကားပါပဲ။BMW ကထုတ်လုပ်တာဆိုတော့ အင်ဂျင်ပိုင်းနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုသလို သင်နှစ်သက်မယ့် ကားတစ်စီးပါပဲ။
၁။Lagonda Vision Concept
ကားအလျားက အခြားကားတွေထက် အနည်းငယ်ပိုပြီး ထုထည်ကြီးတဲ့ ဒီကားဟာအလိုအလျောက်စနစ်ကတော့ အဆင့်၄ ရှိပါတယ်။ အလိုအလျောက်မောင်းနှင်စနစ်ထားနိုင်သလို သင်ကိုယ်တိုင်လည်းမောင်းနှင်နိုင်ပါသေးတယ်။ လက်ကိုင်ကို ဘယ်နဲ့ညာပြောင်းကိုင်နိုင်ပြီး အရှေ့ခန်းက ခရီးသည်ရဲ့ ခုံကို ၁၈ဝ ဒီဂရီလှည့်နိုင်ကာ နောက်လူနဲ့ အေးဆေးစကားပြောနိုင်တာကလည်း ဒီကားရဲ့ အားသာချက်ပေါ့။
share form: burmese.asia
MJY
မှတ်ချက်များ