ေယာက်ာ္းတစ္ေယာက္ကို ေအာင္ျမင္ေအာင္ ပံ့ပိုးေပးႏိုင္တဲ့ မိန္းမ “၁၀” မ်ိဳး …


Zawgyiျဖင့္ဖတ္ရန္

ေယာက်ာ္းတစ္ေယာက္ အလုပ္ကိုင္ ေအာင္ျမင္ဖို႔ဆိုတာ ငယ္႐ြယ္စဥ္က သူတို႔ရဲ႕မိခင္ ၊ ဖခင္ေတြက အဓိက ပံ့ပိုးမႈေတြ ေပးခဲ့ရတာပါ ။ ဒါေပမဲ့ အိမ္ေထာင္ ရက္သား က်လာတဲ့အခါ ကိုယ့္ရဲ႕ လက္တြဲေဖၚရဲ႕ ပံ့ပိုးမႈဟာ ပိုၿပီးအဓိက က်သြားပါၿပီ ။ ပံ့ပိုးတယ္ဆိုတဲ့ အရာဟာ ေငြေၾကး ပိုင္းရယ္မွာ မဟုတ္ပါဘူး က်န္တဲ့အခ်က္ေတြနဲ႔လည္း အမ်ားႀကီး ဆက္ႏြယ္ေနပါ ေသးတယ္ …။

မိန္းမတစ္ေယာက္ဟာ ေယာက်ာ္းတစ္ေယာက္ကို အေအာင္ျမင္ ဆုံးေနရာကို တြန္းပို႔ႏိုင္သလို အနိမ့္က်ဆုံး ျဖစ္ေအာင္လည္း ဆြဲခ်တတ္ ပါေသးတယ္ ။ ဒီေတာ့ မိန္းမတစ္ေယာက္ရဲ႕ ေနရာက ဘယ္ေလာက္ေတာင္ အဓိက က်တတ္သလဲ ဆိုတာနဲ႔ ဘယ္လိုအခ်က္ ေလးေတြ ပိုင္ဆိုင္ထားလဲ ဆိုတာကို ၾကည့္လိုက္ ၾကရေအာင္ေနာ္ ….

(၁) သေဘာထားႀကီးၿပီး လူအကဲခတ္ေတာ္တဲ့ မိန္းမ

သူမဟာ အင္မတန္မွ ပါးနပ္ တတ္ၿပီး သင္ရဲ႕မ်က္တေတာင္ တခတ္တြင္းမွာ သင္ဘာျဖစ္ေနလဲ ဆိုတာကို အကဲခတ္ခန႔္မွန္းသိရွိႏိုင္ၿပီး သင္ေပ်ာ္ေနခ်ိန္မွာ သင္နဲ႔အတူေပ်ာ္႐ႊင္မႈေတြကို အတူခံစားေပး တတ္ပါတယ္ ။ သင္မ်က္ေမွာင္ တစ္ခ်က္ကုတ္လိုက္လို႔ ဘယ္ေလာက္ပဲ သင္ကေပ်ာ္႐ႊင္ခ်င္ေယာင္ ေဆာင္ျပေဆာင္ျပ သင့္ရဲ႕ဒုကၡေတြ အခက္ခဲေတြကို ေဝမွ်ၿပီး ခံစား နားလည္ ေျဖရွင္းေပး တတ္ပါတယ္ …။

(၂) ဂုဏ္သတင္းေက်ာ္ေဇာ္ ေမႊးပ်ံ႕တဲ့မိန္းမ

သူမဟာ ဘယ္ေလာက္ပဲ သင့္ထက္ ပညာေတြတတ္ ေနပါေစ ၊ ဘယ္ေလာက္ပဲ ရာထူးဂုဏ္ရွိန္ ေတြရွိေနပါေစ ။ သင့္ကို သင့္ရဲ႕ပတ္ဝန္းက်င္ အသိုင္းဝိုင္းမွာ သင့္ကိုေနရာေပး ေလးေလး စားစား ဆက္ဆံ တတ္ၿပီး သူမရဲ႕ ဂုဏ္ရွိန္ဝါနဲ႔ သင့္ကိုပါ လႊမ္းၿခဳံ ေတာက္ပေစပါတယ္ …။

(၃) သဘာ၀ အလွေလးနဲ႔ ေအးခ်မ္းတဲ့မိန္းမ

သူမရဲ႕အလွဟာ ပန္းေလး တစ္ပြင့္လို မေတာက္ပေနေပမဲ့ ေအးခ်မ္းမႈရွိပါတယ္ ။ သင္ၾကည့္လိုက္တိုင္း သူမဟာ ေအးခ်မ္းတဲ့အသြင္အတိုင္း အျပဳမႈေတြပါ ေအးခ်မ္းျငင္သာေနပါလိမ္မယ္။ သင့္ရဲ႕လုပ္ငန္းခြင္ထဲမွာ သင့္တြက္ အေထာက္အပံ့ မေပးႏိုင္ေပမဲ့ တျခားမိန္းမေတြလို ပူေလာင္ျငဴစူမႈ အလ်ဥ္းမရွိပဲ သင့္ကိုေအးခ်မ္းမႈေတြနဲ႔ သာယာေစႏိုင္ပါတယ္ …။

(၄) ဦးေႏွာက္ေျပးတဲ့မိန္းမ

သူမဟာ အင္မတန္မွ ထိုးထြင္းဉာဏ္ရွိၿပီး သင္အခက္ခဲေလးတစ္ခု ႀကဳံလာၿပီဆိုတာနဲ႔ ေျပလည္မဲ့ ေျဖရွင္းနည္းကို တစ္ထိုင္တည္း ထုတ္ေပးႏိုင္တဲ့ သူမ်ိဳးပါ ။ စီးပြားေရးလုပ္ တဲ့အခါမွာလည္း သင့္ကိုေနာက္ကြယ္ကေန အေကာင္းဆုံး အႀကံေတြနဲ႔ ေရွ႕ဆက္လို႔ရေအာင္ ပို႔ေဆာင္ေပးတဲ့ သူမ်ိဴးပါ …။

(၅) ေပါ့ေပ့ါပါးပါးနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္ရွိတဲ့မိန္းမ

ဒီလို မိန္းမေတြဟာ သင္ဘာပဲလုပ္လုပ္ အၿမဲတေစ ယုံၾကည္ခ်က္အျပည့္နဲ႔ အားေပးတတ္ပါတယ္။ သင္ေအာင္ျမင္သြားခဲ့ရင္လည္း သူ႔ေၾကာင့္ပါလို႔ မ႑ပ္တိုင္တပ္ျပမွာမဟုတ္သလို ၊ ရႈံးနိမ့္ခဲ့ရင္လည္း ျငဴစူေျပာဆိုေနမွာ မဟုတ္ပါဘူး။အရမ္းစိတ္ညစ္ေနတဲ့အခ်ိန္မွာ သင့္ကို ေႏြးေထြးစြာအားေပးပါလိမ့္မယ္။ သူ႔ရဲ႕သင့္ေပၚ ယုံၾကည္ခ်က္ေတြနဲ႔ ျပတ္သားမႈေတြေၾကာင့္ သင္ဟာ လဲရာမွခ်က္ခ်င္းေတာင္ ျပန္ထထိုင္ႏိုင္ေလာက္ေအာင္ သူမ စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္ …။

(၆) ကိုယ့္ကိုယ္ကို ခ်စ္ျမတ္ႏိုးတဲ့ မိန္းမ

သူမဟာ အင္မတန္မွ မိမိကိုယ္ကို အၿမဲလိုလိုအျပင္ဆင္ပိုင္းမွာေရာ ဂုဏ္သိကၡာပိုင္းေတြမွာပါ ျခယ္သျပင္ဆင္ေနေလ့ရွိပါတယ္။ သူမဟာ ဘယ္ေတာ့မဆို သူေၾကာင့္ သင္နံမည္ပ်က္ေစမွာ မဟုတ္သလို အသိုင္းဝိုင္းေရွ႕ထြက္တဲ့အခါမွာလည္း သူ႔ေၾကာင့္သင္ဟာ အလိုလိုေနရင္းနဲ႔ ဂုဏ္ရွိေစႏိုင္မဲ့ မိန္းမမ်ိဳးပါ။ ဘယ္ေတာ့မွ သူ႔အလွေၾကာင့္ သင့္ရဲ႕ပူပန္မႈေတြကို အေနထိုင္ေတြနဲ႔ ေျဖာက္ဖ်တ္ပစ္တတ္ပါတယ္။

(၇) တာဝန္ယူတတ္တဲ့မိန္းမ

သူမဟာ သင့္ရဲ႕ဝင္ေငြထြက္ေငြနဲ႔ ကိုက္ညီေအာင္ သုံးစြဲစီစစ္သလို ၊ စုသင့္တာစု သုံးသင့္တာသုံးၿပီး သင့္ကိုဘယ္ေတာ့မွ စားဝတ္ေနေရးတြက္ ပူပန္ေစမွာ မဟုတ္ပါဘူး ။ သူမဟာ အလုပ္လုပ္တဲ့ေနရာမွာ အင္မတန္မွ တိက်ၿပီး တာဝန္ယူစိတ္ အျပည့္လည္း ရွိတတ္ပါတယ္ …။

(၈) စကားေျပာဆို ကြၽမ္းက်င္တဲ့မိန္းမ

သူမဟာ စကားေျပာျခင္း အတတ္ပညာကို တစ္ဖတ္ကမ္းခပ္ ကြၽမ္းက်င္တတ္ၿပီး အေပါင္းသင့္ဆံ့တဲ့သူျဖစ္ပါလိမ့္မယ္။ သူမနဲ႔ စကားေျပာလိုက္တိုင္း လူတိုင္း စိတ္ခ်မ္းသာရၿပီး ဘယ္လိုလူကို ဘယ္လို အေျခေနမ်ိဳးမွာ ဘာေျပာရမလဲ ဆိုတာနဲ႔ သူမဟာ လူေတြကို ေကာင္းေကာင္းစြဲေဆာင္ႏိုင္ပါတယ္။သူမေၾကာင့္ပဲ သင္ဟာ ဒိထက္က်ယ္ျပန႔္တဲ့ အသိုင္းဝိုင္းတစ္ခုကို သိကြၽမ္းခြင့္ ရႏိုင္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္ …။

(၉) ဆုံးျဖတ္ခ်က္ ျပတ္သားတဲ့မိန္းမ

သူမဟာ စဥ္းစားဆုံးျဖတ္တဲ့ ေနရာမွာ အင္မတန္မွ ပညာသားပါၿပီး အရာရာ စိတ္ခ်ရပါတယ္ ။ ဘယ္ေတာ့မွ ေသးေသးမႊားမႊား ကိစၥေတြနဲ႔ အေတာ္တန္ႀကီးတဲ့ ကိစၥေတြကို သင့္ဆီမေရာက္ေစပဲ ေျဖရွင္းတတ္ပါတယ္ ။ သင့္ရဲ႕အလုပ္ကိုင္ေတြကို ဘယ္ေတာ့မွမထိခိုက္ေစ ပဲ အိမ္မႈကိစၥေတြပါ သူတစ္ေယာက္တည္း ျဖစ္ေအာင္စီမံတတ္ၿပီး သင့္ကိုအလုပ္လုပ္တဲ့ေနရာမွာ စိတ္အျပည့္ဝရေအာင္ လႊတ္ထားေပးတတ္ပါတယ္ …။

(၁၀) ေခတ္အျမင္ရွိတဲ့မိန္းမ

သူမဟာ အင္မတန္မွ ေခတ္နဲ႔ေလ်ာညီစြာ ေနထိုင္တတ္ၿပီး အေနထိုင္ တည္ၿငိမ္တတ္ပါတယ္။ အမ်ားသူငွာနဲ႔ သဟဇာတရွိၿပီး သင္ရဲ႕ လုပ္ေဖၚကိုင္ဖက္ ေတြနဲကလည္း ေက်လည္စြာဆက္ဆံတတ္ ပါတယ္ ။သင္မိတ္ဆက္ေပးလာသမွ် လုပ္ေဖၚကိုင္ဖက္ မိန္းကေလးေတြကိုလည္း ဘယ္ေတာ့မွ သံသယမ်က္လုံးနဲ႔ မၾကည့္ပဲ သူငယ္ခ်င္းျဖစ္ေအာင္ ဆြဲေဆာင္သိမ္းသြင္း တတ္ပါေသးတယ္ေနာ္ …။ ။

Credit:: ခ်စ္တဲ့ မႏုႆ

Unicodeဖြင့်ဖတ်ရန်

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး …

ယောကျာ်းတစ်ယောက် အလုပ်ကိုင် အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင် ၊ ဖခင်တွေက အဓိက ပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ ။ ဒါပေမဲ့ အိမ်ထောင် ရက်သား ကျလာတဲ့အခါ ကိုယ့်ရဲ့ လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိက ကျသွားပါပြီ ။ ပံ့ပိုးတယ်ဆိုတဲ့ အရာဟာ ငွေကြေး ပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီး ဆက်နွယ်နေပါ သေးတယ် …။

မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင် ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံး ဖြစ်အောင်လည်း ဆွဲချတတ် ပါသေးတယ် ။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိက ကျတတ်သလဲ ဆိုတာနဲ့ ဘယ်လိုအချက် လေးတွေ ပိုင်ဆိုင်ထားလဲ ဆိုတာကို ကြည့်လိုက် ကြရအောင်နော် ….

(၁) သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့ မိန်းမ

သူမဟာ အင်မတန်မှ ပါးနပ် တတ်ပြီး သင်ရဲ့မျက်တတောင် တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲ ဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေး တတ်ပါတယ် ။ သင်မျက်မှောင် တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစား နားလည် ဖြေရှင်းပေး တတ်ပါတယ် …။

(၂) ဂုဏ်သတင်းကျော်ဇော် မွှေးပျံ့တဲ့မိန်းမ

သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေတတ် နေပါစေ ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန် တွေရှိနေပါစေ ။ သင့်ကို သင့်ရဲ့ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ သင့်ကိုနေရာပေး လေးလေး စားစား ဆက်ဆံ တတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံ တောက်ပစေပါတယ် …။

(၃) သဘာ၀ အလှလေးနဲ့ အေးချမ်းတဲ့မိန်းမ

သူမရဲ့အလှဟာ ပန်းလေး တစ်ပွင့်လို မတောက်ပနေပေမဲ့ အေးချမ်းမှုရှိပါတယ် ။ သင်ကြည့်လိုက်တိုင်း သူမဟာ အေးချမ်းတဲ့အသွင်အတိုင်း အပြုမှုတွေပါ အေးချမ်းငြင်သာနေပါလိမ်မယ်။ သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်တွက် အထောက်အပံ့ မပေးနိုင်ပေမဲ့ တခြားမိန်းမတွေလို ပူလောင်ငြူစူမှု အလျဉ်းမရှိပဲ သင့်ကိုအေးချမ်းမှုတွေနဲ့ သာယာစေနိုင်ပါတယ် …။

(၄) ဦးနှောက်ပြေးတဲ့မိန်းမ

သူမဟာ အင်မတန်မှ ထိုးထွင်းဉာဏ်ရှိပြီး သင်အခက်ခဲလေးတစ်ခု ကြုံလာပြီဆိုတာနဲ့ ပြေလည်မဲ့ ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့ သူမျိုးပါ ။ စီးပွားရေးလုပ် တဲ့အခါမှာလည်း သင့်ကိုနောက်ကွယ်ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ရအောင် ပို့ဆောင်ပေးတဲ့ သူမျိူးပါ …။

(၅) ပေါ့ပေ့ါပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့မိန်းမ

ဒီလို မိန်းမတွေဟာ သင်ဘာပဲလုပ်လုပ် အမြဲတစေ ယုံကြည်ချက်အပြည့်နဲ့ အားပေးတတ်ပါတယ်။ သင်အောင်မြင်သွားခဲ့ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင်တပ်ပြမှာမဟုတ်သလို ၊ ရှုံးနိမ့်ခဲ့ရင်လည်း ငြူစူပြောဆိုနေမှာ မဟုတ်ပါဘူး။အရမ်းစိတ်ညစ်နေတဲ့အချိန်မှာ သင့်ကို နွေးထွေးစွာအားပေးပါလိမ့်မယ်။ သူ့ရဲ့သင့်ပေါ် ယုံကြည်ချက်တွေနဲ့ ပြတ်သားမှုတွေကြောင့် သင်ဟာ လဲရာမှချက်ချင်းတောင် ပြန်ထထိုင်နိုင်လောက်အောင် သူမ စွမ်းဆောင်နိုင်ပါလိမ့်မယ် …။

(၆) ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့ မိန်းမ

သူမဟာ အင်မတန်မှ မိမိကိုယ်ကို အမြဲလိုလိုအပြင်ဆင်ပိုင်းမှာရော ဂုဏ်သိက္ခာပိုင်းတွေမှာပါ ခြယ်သပြင်ဆင်နေလေ့ရှိပါတယ်။ သူမဟာ ဘယ်တော့မဆို သူကြောင့် သင်နံမည်ပျက်စေမှာ မဟုတ်သလို အသိုင်းဝိုင်းရှေ့ထွက်တဲ့အခါမှာလည်း သူ့ကြောင့်သင်ဟာ အလိုလိုနေရင်းနဲ့ ဂုဏ်ရှိစေနိုင်မဲ့ မိန်းမမျိုးပါ။ ဘယ်တော့မှ သူ့အလှကြောင့် သင့်ရဲ့ပူပန်မှုတွေကို အနေထိုင်တွေနဲ့ ဖြောက်ဖျတ်ပစ်တတ်ပါတယ်။

(၇) တာဝန်ယူတတ်တဲ့မိန်းမ

သူမဟာ သင့်ရဲ့ဝင်ငွေထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲစီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာသုံးပြီး သင့်ကိုဘယ်တော့မှ စားဝတ်နေရေးတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။ သူမဟာ အလုပ်လုပ်တဲ့နေရာမှာ အင်မတန်မှ တိကျပြီး တာဝန်ယူစိတ် အပြည့်လည်း ရှိတတ်ပါတယ် …။

(၈) စကားပြောဆို ကျွမ်းကျင်တဲ့မိန်းမ

သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖတ်ကမ်းခပ် ကျွမ်းကျင်တတ်ပြီး အပေါင်းသင့်ဆံ့တဲ့သူဖြစ်ပါလိမ့်မယ်။ သူမနဲ့ စကားပြောလိုက်တိုင်း လူတိုင်း စိတ်ချမ်းသာရပြီး ဘယ်လိုလူကို ဘယ်လို အခြေနေမျိုးမှာ ဘာပြောရမလဲ ဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်းစွဲဆောင်နိုင်ပါတယ်။သူမကြောင့်ပဲ သင်ဟာ ဒိထက်ကျယ်ပြန့်တဲ့ အသိုင်းဝိုင်းတစ်ခုကို သိကျွမ်းခွင့် ရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ် …။

(၉) ဆုံးဖြတ်ချက် ပြတ်သားတဲ့မိန်းမ

သူမဟာ စဉ်းစားဆုံးဖြတ်တဲ့ နေရာမှာ အင်မတန်မှ ပညာသားပါပြီး အရာရာ စိတ်ချရပါတယ် ။ ဘယ်တော့မှ သေးသေးမွှားမွှား ကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီမရောက်စေပဲ ဖြေရှင်းတတ်ပါတယ် ။ သင့်ရဲ့အလုပ်ကိုင်တွေကို ဘယ်တော့မှမထိခိုက်စေ ပဲ အိမ်မှုကိစ္စတွေပါ သူတစ်ယောက်တည်း ဖြစ်အောင်စီမံတတ်ပြီး သင့်ကိုအလုပ်လုပ်တဲ့နေရာမှာ စိတ်အပြည့်ဝရအောင် လွှတ်ထားပေးတတ်ပါတယ် …။

(၁၀) ခေတ်အမြင်ရှိတဲ့မိန်းမ

သူမဟာ အင်မတန်မှ ခေတ်နဲ့လျောညီစွာ နေထိုင်တတ်ပြီး အနေထိုင် တည်ငြိမ်တတ်ပါတယ်။ အများသူငှာနဲ့ သဟဇာတရှိပြီး သင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် တွေနဲကလည်း ကျေလည်စွာဆက်ဆံတတ် ပါတယ် ။သင်မိတ်ဆက်ပေးလာသမျှ လုပ်ဖေါ်ကိုင်ဖက် မိန်းကလေးတွေကိုလည်း ဘယ်တော့မှ သံသယမျက်လုံးနဲ့ မကြည့်ပဲ သူငယ်ချင်းဖြစ်အောင် ဆွဲဆောင်သိမ်းသွင်း တတ်ပါသေးတယ်နော် …။ ။

Credit:: ချစ်တဲ့ မနုဿ

မှတ်ချက်များ