Zawgyi ျဖင့္ဖတ္ရန္
ေဆး႐ုံတစ္႐ုံမွ ခုတင္မရွိဘူးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ေဆး႐ုံတတ္ခြင့္မေပးခဲ့တဲ့အတြက္ကိုယ္ဝန္ေဆာင္တစ္ဦးေသဆုံးခဲ့ရတဲ့ ျဖစ္ရပ္တစ္ခု တ႐ုတ္ျပည္မွာျဖစ္ပြားခဲ့ပါတယ္။ေအာက္တိုဘာလ ၃၀ရက္ေန႔မနက္က အသက္၃၉ႏွစ္အ႐ြယ္ရွိတဲ့ ကိုယ္ဝန္ေဆာင္တစ္ဦးဟာ မ်က္ႏွာမွာ အက်ိတ္ဖုေတြထြက္လာတဲ့အတြက္ အမ်ိဳးသားနဲ႔အတူ ေဆး႐ုံကိုလာျပခဲ့ပါတယ္။ ဆရာဝန္ေတြက သူမကိုေဆး႐ုံတတ္ဖို႔လိုအပ္တယ္လို႔သာေျပာခဲ့ၿပီး သူမေဝဒနာရဲ႕အေၾကာင္းအရင္းကို မေျပာခဲ့ၾကပါဘူး။
ထို႔ေနာက္မွာေတာ့ ဒီေဆး႐ုံမွာခုတင္ေနရာမက်န္ေတာ့တဲ့အတြက္ တျခားေဆး႐ုံေျပာင္းဖို႔ေျပာခဲ့တယ္လို႔သိရပါတယ္။
သို႔ေပမယ့္ ထိုအမ်ိဳးသမီးဟာ အရင္က သူမရဲ႕ေဆးစစ္ခ်က္ေတြအားလုံးက ဒီေဆး႐ုံမွာပဲရွိတဲ့အတြက္ ေစာင့္ဆိုင္းခန္းထဲမွာပဲ ဆရာဝန္ေတြ စိတ္ေျပာင္းလာမလား ဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႔ ေစာင့္ေနခဲ့ပါတယ္။
ေန႔လည္၁နာရီေလာက္အခ်ိန္မွာေတာ့ သူတို႔လင္မယားဟာ အိမ္ျပန္ခဲ့ၾကၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးဟာ ေရႁမႊာေပါက္သြားခဲ့တာေၾကာင့္ ေဆး႐ုံသို႔ျပန္လာခဲ့ရပါတယ္။
အမ်ိဳးသမီးဟာ ဝွီးခ်ဲေပၚမွာ ေသြးေတြထြက္ေနေပမယ့္ ဘယ္ဆရာဝန္ကမွ အဖက္မလုပ္ခဲ့ဘူးလို႔ သိရပါတယ္။
မိနစ္၃၀ၾကာၿပီးေနာက္ ဆရာဝန္တစ္ဦးက သူမကိုခြဲစိတ္ခန္းသို႔ပို႔ေပးခဲ့ၾကပါတယ္။ ဆရာဝန္ေတြရဲ႕ေျပာစကားအရ ေမြးလာတဲ့ကေလးဟာ အဆုတ္မွာေရာဂါပိုးဝင္တာေၾကာင့္ အသက္ရႉတဲ့ေနရာမွာ အခက္အခဲရွိတယ္လို႔ ေျပာခဲ့ၾကပါတယ္။
ကိုုယ္ဝန္ေဆာင္ရဲ႕ ခင္ပြန္းျဖစ္သူကိုေတာ့ ေသြးထြက္လြန္ေနတာေၾကာင့္ အနီးကပ္ေစာင့္ၾကည့္ရမွာျဖစ္လို႔ ICU ခန္းကိုေျပာင္းေ႐ြ႕ထားတယ္လို႔ အသိေပးခဲ့ၾကပါတယ္။
၆ရက္ၾကာတဲ့အထိ မိသားစုဟာ ကေလးကိုမျမင္ရဘဲ လိုအပ္တဲ့ေဆးကုသစရိတ္သာအဆက္မျပတ္ေပးေခ်ခဲ့ရပါတယ္။
ႏိုဝင္ဘာလ ၅ရက္ေန႔မွာေတာ့ အမ်ိဳးသမီးဟာေသဆုံးသြားခဲ့ၿပီး သူမအေလာင္းကို ႏိုဝင္ဘာ ၇ရက္ေန႔မွာ မီးသျဂၤ ိုဟ္ခဲ့ေပမယ့္ ေဆး႐ုံကေတာ့ သူမေသဆုံးရတဲ့အေၾကာင္းအရင္းကို မေၾကညာခဲ့ဘူးလို႔ သိရပါတယ္။
ဒါ့ေၾကာင့္ က်န္ရစ္သူမိသားစုက ေဆး႐ုံရဲ႕ေႏွာင့္ေႏွးမႈနဲ႔ ကုသမႈကိုတရားစြဲဆိုခဲ့ၿပီး သက္ဆိုင္ရာကလည္း စုံစမ္းမႈေတြ ျပဳလုပ္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။
Writer -LLA ( Shwe Yaung Lan )
Unicode ဖြင့်ဖတ်ရန်
ဆေးရုံမှာကုတင်မရှိတော့လို့ဆိုပြီး ငြင်းလွတ်ခံရတဲ့ ကိုယ်ဝန်သည် သေဆုံး
ဆေးရုံတစ်ရုံမှ ခုတင်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဆေးရုံတတ်ခွင့်မပေးခဲ့တဲ့အတွက်ကိုယ်ဝန်ဆောင်တစ်ဦးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု တရုတ်ပြည်မှာဖြစ်ပွားခဲ့ပါတယ်။အောက်တိုဘာလ ၃၀ရက်နေ့မနက်က အသက်၃၉နှစ်အရွယ်ရှိတဲ့ ကိုယ်ဝန်ဆောင်တစ်ဦးဟာ မျက်နှာမှာ အကျိတ်ဖုတွေထွက်လာတဲ့အတွက် အမျိုးသားနဲ့အတူ ဆေးရုံကိုလာပြခဲ့ပါတယ်။ ဆရာဝန်တွေက သူမကိုဆေးရုံတတ်ဖို့လိုအပ်တယ်လို့သာပြောခဲ့ပြီး သူမဝေဒနာရဲ့အကြောင်းအရင်းကို မပြောခဲ့ကြပါဘူး။
ထို့နောက်မှာတော့ ဒီဆေးရုံမှာခုတင်နေရာမကျန်တော့တဲ့အတွက် တခြားဆေးရုံပြောင်းဖို့ပြောခဲ့တယ်လို့သိရပါတယ်။
သို့ပေမယ့် ထိုအမျိုးသမီးဟာ အရင်က သူမရဲ့ဆေးစစ်ချက်တွေအားလုံးက ဒီဆေးရုံမှာပဲရှိတဲ့အတွက် စောင့်ဆိုင်းခန်းထဲမှာပဲ ဆရာဝန်တွေ စိတ်ပြောင်းလာမလား ဆိုတဲ့မျှော်လင့်ချက်နဲ့ စောင့်နေခဲ့ပါတယ်။
နေ့လည်၁နာရီလောက်အချိန်မှာတော့ သူတို့လင်မယားဟာ အိမ်ပြန်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ရေမြွှာပေါက်သွားခဲ့တာကြောင့် ဆေးရုံသို့ပြန်လာခဲ့ရပါတယ်။
အမျိုးသမီးဟာ ဝှီးချဲပေါ်မှာ သွေးတွေထွက်နေပေမယ့် ဘယ်ဆရာဝန်ကမှ အဖက်မလုပ်ခဲ့ဘူးလို့ သိရပါတယ်။
မိနစ်၃၀ကြာပြီးနောက် ဆရာဝန်တစ်ဦးက သူမကိုခွဲစိတ်ခန်းသို့ပို့ပေးခဲ့ကြပါတယ်။ ဆရာဝန်တွေရဲ့ပြောစကားအရ မွေးလာတဲ့ကလေးဟာ အဆုတ်မှာရောဂါပိုးဝင်တာကြောင့် အသက်ရှူတဲ့နေရာမှာ အခက်အခဲရှိတယ်လို့ ပြောခဲ့ကြပါတယ်။
ကိုယ်ဝန်ဆောင်ရဲ့ ခင်ပွန်းဖြစ်သူကိုတော့ သွေးထွက်လွန်နေတာကြောင့် အနီးကပ်စောင့်ကြည့်ရမှာဖြစ်လို့ ICU ခန်းကိုပြောင်းရွေ့ထားတယ်လို့ အသိပေးခဲ့ကြပါတယ်။
၆ရက်ကြာတဲ့အထိ မိသားစုဟာ ကလေးကိုမမြင်ရဘဲ လိုအပ်တဲ့ဆေးကုသစရိတ်သာအဆက်မပြတ်ပေးချေခဲ့ရပါတယ်။
နိုဝင်ဘာလ ၅ရက်နေ့မှာတော့ အမျိုးသမီးဟာသေဆုံးသွားခဲ့ပြီး သူမအလောင်းကို နိုဝင်ဘာ ၇ရက်နေ့မှာ မီးသင်္ဂြ ိုဟ်ခဲ့ပေမယ့် ဆေးရုံကတော့ သူမသေဆုံးရတဲ့အကြောင်းအရင်းကို မကြေညာခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ကြောင့် ကျန်ရစ်သူမိသားစုက ဆေးရုံရဲ့နှောင့်နှေးမှုနဲ့ ကုသမှုကိုတရားစွဲဆိုခဲ့ပြီး သက်ဆိုင်ရာကလည်း စုံစမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
Writer -LLA ( Shwe Yaung Lan )
မှတ်ချက်များ