လမ္းခင္းတဲ့ ေက်ာက္တုံး ကို “သံစားေက်ာက္” ဆိုၿပီး သိန္းေပါင္း ၆၀၀၀ နဲ႔ လိမ္ေရာင္းသြားတဲ့ သူေတြ




Zawgyi ျဖင့္ဖတ္ရန္

သမၼာအာဇီဝနဲ႔ လုပ္မစားဘဲ ရရာစားစားလိမ္လည္လွည့္ဖ်ားေနၾကတဲ့ လူလိမ္ေတြေလာကမွာ ေပါပါတယ္…ဒီလိုလက္ေၾကာမတင္းတဲ့ သူေတြ လူမႈပတ္ဝန္းက်င္မွာ မရွိေအာင္က်ေနာ္တို႔ ဝိုင္းဝန္းႀကိဳးစားဖို႔လိုပါတယ္….ေနာက္ၿပီး လူလိမ္ေတြရဲ႕ အလြယ္တကူလွည့္ပတ္ျခင္းကို မခံရေအာင္ အျဖစ္အပ်က္ေလးတစ္ခုလည္း ေဖာ္ျပခ်င္ပါတယ္..ဒါကေတာ့ သံစားေက်ာက္လို႔ ဆိုၿပီး လမ္းခင္းေက်ာက္ေတြကို ေဆးဆိုးၿပီး သိန္း ၆၀၀၀ နဲ႔ လိမ္ညာေရာင္းသြားတဲ့ အျဖစ္ေလးပါပဲ…ခုေတာ့ ရဲကလိုက္ရွာဖမ္းေနၿပီလို႔ ဆိုပါတယ္..


ျဖစ္ပုံကေတာ့ ႏိုဝင္ဘာ ၅ ရက္ေန႔ ညေန ၅ နာရီေလာက္မွာ ဦးဆမ္႐ိုင္း အသက္ ၄၃ ႏွစ္ (၁၀) ရပ္ကြက္ ကမာ႐ြတ္ၿမိဳ႕နယ္ေနသူ အပါအဝင္ ေယာက္က်ား (၅ )ဦးပါတဲ့ အဖြဲ႕ကေန သံစားေက်ာက္ဝယ္ဖို႔အတြက္ အျမန္လမ္း ၁၂၂ မိုင္ကို သြားခဲ့တယ္လို႔ဆိုပါတယ္…. ကိုေက်ာ္မင္းခိုင္(၃၇)ႏွစ္ ေပါက္ကုန္းေက်း႐ြာအုတ္တြင္းၿမိဳ႕ေနသူကေနၿပီးေတာ့ သူတို႔ကို ဆက္သြယ္ ကမ္းလွမ္းလာတာေၾကာင့္ျဖစ္ပါတယ္…. အဲတာနဲ႔ သံစားေက်ာက္ဝယ္ဖို႔ အျမန္လမ္း ၁၂၂ မိုင္ ေရာက္ေတာ့ ဦးဆမ္႐ိုင္းကေန ေက်ာ္မင္းခိုင္ပါ (၆)ဦးအဖြဲ႕ ထံကေန နမူနာေက်ာက္ကို ၾကည့္ၿပီး စရံေငြငါးသိန္းက်ပ္ေပးခဲ့တယ္လို႔ ဆိုပါတယ္….



.အဲဒီေနာက္ ေနာက္တစ္ေန႔မွာ အေရာင္းအဝယ္လုပ္ဖို႔ ထပ္ခ်ိန္းလိုက္ပါတယ္……… ေနာက္တစ္ေန႔ေရာက္ေတာ့ နံနက္ ၇ နာရီခြဲမွာ ခ်ိန္းထားတဲ့ ရန္ကုန္-ေနျပည္ေတာ္လမ္း ၁၁၈/၇- ၁၁၉/ဝၾကား ေနရာသို႔ ေရာက္ရွိၿပီး ေက်ာက္ကို သိန္း ၆၀၀၀ ျဖင့္ေရာင္းခ်ဖို႔ ကမ္းလွမ္းပါတယ္…အဲဒီေနာက္ စရံေငြသိန္း (၁၅၀)ေပးၿပီး စာခ်ဳပ္ ခ်ဳပ္ဖို႔ ေက်း႐ြာလူႀကီးေတြရွိတဲ့ဆီလာရာလမ္းမွာ ေရာင္းခ်တဲ့ ေက်ာ္မင္းခိုင္တို႔အဖြဲ႕က လိုက္ပါလာျခင္းမရွိဘဲ ေက်ာက္ကို ထားၿပီး ေငြထုပ္ကို ယူေျပး သြားတယ္လို႔ ဆိုပါတယ္…. ေက်ာက္ကို စစ္ၾကည့္ရာမွာေတာ့ ေဆးဆိုးထားတဲ့ လမ္းခင္းေက်ာက္ျဖစ္ေနတာကို ေတြ႕ရပါတယ္….

အဲတာေၾကာင့္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ ျဖဴးစခန္းကို သြားေရာက္တိုင္ၾကားခဲ့တာေၾကာင့္ ရဲစခန္းကေန တရားခံေတြကို လိုက္ရွာေနၿပီလို႔ သိရပါတယ္….
ပရိသတ္ႀကီးေရ ဒီလိုပဲ လူလိမ္ေတြက တစ္ဖက္သားကို ယုံေအာင္ေျပာၿပီး လိမ္ညာလွည့္စားတတ္တာေၾကာင့္ သတိထားၾကဖို႔ အသိေပးခ်င္ပါတယ္…..ဒီလိုလူလိမ္ေတြလည္း ပတ္ဝန္းက်င္မွာ မရွိေအာင္ အားလုံးဝိုင္းဝန္းေဖာ္ထုတ္ၾကဖို႔ လိုပါတယ္ေနာ္….

Writer – HW (Shwe Yaung Lan)





Unicode ဖြင့်ဖတ်ရန်

လမ်းခင်းတဲ့ ကျောက်တုံး ကို “သံစားကျောက်” ဆိုပြီး သိန်းပေါင်း ၆၀၀၀ နဲ့ လိမ်ရောင်းသွားတဲ့ သူတွေ


သမ္မာအာဇီဝနဲ့ လုပ်မစားဘဲ ရရာစားစားလိမ်လည်လှည့်ဖျားနေကြတဲ့ လူလိမ်တွေလောကမှာ ပေါပါတယ်…ဒီလိုလက်ကြောမတင်းတဲ့ သူတွေ လူမှုပတ်ဝန်းကျင်မှာ မရှိအောင်ကျနော်တို့ ဝိုင်းဝန်းကြိုးစားဖို့လိုပါတယ်….နောက်ပြီး လူလိမ်တွေရဲ့ အလွယ်တကူလှည့်ပတ်ခြင်းကို မခံရအောင် အဖြစ်အပျက်လေးတစ်ခုလည်း ဖော်ပြချင်ပါတယ်..ဒါကတော့ သံစားကျောက်လို့ ဆိုပြီး လမ်းခင်းကျောက်တွေကို ဆေးဆိုးပြီး သိန်း ၆၀၀၀ နဲ့ လိမ်ညာရောင်းသွားတဲ့ အဖြစ်လေးပါပဲ…ခုတော့ ရဲကလိုက်ရှာဖမ်းနေပြီလို့ ဆိုပါတယ်..


ဖြစ်ပုံကတော့ နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဦးဆမ်ရိုင်း အသက် ၄၃ နှစ် (၁၀) ရပ်ကွက် ကမာရွတ်မြို့နယ်နေသူ အပါအဝင် ယောက်ကျား (၅ )ဦးပါတဲ့ အဖွဲ့ကနေ သံစားကျောက်ဝယ်ဖို့အတွက် အမြန်လမ်း ၁၂၂ မိုင်ကို သွားခဲ့တယ်လို့ဆိုပါတယ်…. ကိုကျော်မင်းခိုင်(၃၇)နှစ် ပေါက်ကုန်းကျေးရွာအုတ်တွင်းမြို့နေသူကနေပြီးတော့ သူတို့ကို ဆက်သွယ် ကမ်းလှမ်းလာတာကြောင့်ဖြစ်ပါတယ်…. အဲတာနဲ့ သံစားကျောက်ဝယ်ဖို့ အမြန်လမ်း ၁၂၂ မိုင် ရောက်တော့ ဦးဆမ်ရိုင်းကနေ ကျော်မင်းခိုင်ပါ (၆)ဦးအဖွဲ့ ထံကနေ နမူနာကျောက်ကို ကြည့်ပြီး စရံငွေငါးသိန်းကျပ်ပေးခဲ့တယ်လို့ ဆိုပါတယ်….



.အဲဒီနောက် နောက်တစ်နေ့မှာ အရောင်းအဝယ်လုပ်ဖို့ ထပ်ချိန်းလိုက်ပါတယ်……… နောက်တစ်နေ့ရောက်တော့ နံနက် ၇ နာရီခွဲမှာ ချိန်းထားတဲ့ ရန်ကုန်-နေပြည်တော်လမ်း ၁၁၈/၇- ၁၁၉/ဝကြား နေရာသို့ ရောက်ရှိပြီး ကျောက်ကို သိန်း ၆၀၀၀ ဖြင့်ရောင်းချဖို့ ကမ်းလှမ်းပါတယ်…အဲဒီနောက် စရံငွေသိန်း (၁၅၀)ပေးပြီး စာချုပ် ချုပ်ဖို့ ကျေးရွာလူကြီးတွေရှိတဲ့ဆီလာရာလမ်းမှာ ရောင်းချတဲ့ ကျော်မင်းခိုင်တို့အဖွဲ့က လိုက်ပါလာခြင်းမရှိဘဲ ကျောက်ကို ထားပြီး ငွေထုပ်ကို ယူပြေး သွားတယ်လို့ ဆိုပါတယ်…. ကျောက်ကို စစ်ကြည့်ရာမှာတော့ ဆေးဆိုးထားတဲ့ လမ်းခင်းကျောက်ဖြစ်နေတာကို တွေ့ရပါတယ်….

အဲတာကြောင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဖြူးစခန်းကို သွားရောက်တိုင်ကြားခဲ့တာကြောင့် ရဲစခန်းကနေ တရားခံတွေကို လိုက်ရှာနေပြီလို့ သိရပါတယ်….
ပရိသတ်ကြီးရေ ဒီလိုပဲ လူလိမ်တွေက တစ်ဖက်သားကို ယုံအောင်ပြောပြီး လိမ်ညာလှည့်စားတတ်တာကြောင့် သတိထားကြဖို့ အသိပေးချင်ပါတယ်…..ဒီလိုလူလိမ်တွေလည်း ပတ်ဝန်းကျင်မှာ မရှိအောင် အားလုံးဝိုင်းဝန်းဖော်ထုတ်ကြဖို့ လိုပါတယ်နော်….

Writer – HW (Shwe Yaung Lan)

မှတ်ချက်များ