Zawgyi ျဖင့္ဖတ္ရန္
ျမန္မာ့ဂုဏ္ေဆာင္ ေအာင္လအန္ဆန္းကေတာ့ ျမန္မာ့စပါးအုံး(Burmese Python) လို႔ နာမည္ႀကီးလွၿပီး ONE Championship ပြဲေတြမွာေအာင္ပြဲခံတဲ့အခါ ျမန္မာအလံေတာ္ကို ၿခဳံၿပီး ေအာင္ပြဲခံေလ့ရွိတာလည္းျဖစ္ပါတယ္။ေအာင္လဟာ ျမန္မာႏိုင္ငံကို ကမာၻကသိေအာင္ အဓိကလုပ္ေဆာင္ေနသလို ျမန္မာ့႐ိုးရာ ကခ်င္႐ိုးရာတို႔ကိုလည္း အခြင့္ရသလို Promote ေပးလွ်က္ရွိတာပါ။
ယခုအခ်ိန္မွာေတာ့ ေအာင္လဟာ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိေနၿပီး ပညာေရး တိုးတက္ေရးႏွင့္ ျပည္သူ႔ေတြ႕ဆုံပြဲမ်ားျပဳလုပ္လွ်က္ရွိတာလည္းျဖစ္ပါတယ္။ေတာင္သူဦးႀကီးေတြနဲ႔ ဧရာဝတီတိုင္းမွာ လိုက္လံေတြ႕ဆုံေနတဲ့ ပြဲေတြမွာလည္း ေအာင္လဟာ ပရိသတ္ေတြဆီကတခဲနက္ အားေပးမႈေတြကိုရရွိခဲ့တာပါ။ၿပီးခဲ့တဲ့ရက္ပိုင္းမွာပဲ ေအာင္လဟာ သူ႔ရဲ႕ ပရိသတ္နဲ႔ သန္းနဲ႔ခ်ီတဲ့ လူမႈကြန္ယက္စာမ်က္ႏွာကေန ျမန္မာ့႐ိုးရာမုန႔္ဟင္းခါးကို စားျပခဲ့တာျဖစ္ၿပီးကမာၻ႔တဝန္းက သူ႔ပရိသတ္ေတြကို မုန႔္ဟင္းခါးအေၾကာင္း ရွင္းျပသြားခဲ့တာပါ။ေအာင္လက ဒါက ဂ်ပန္႐ိုးရာေခါက္ဆြဲ ရာမန္လို ျမန္မာ့႐ိုးရာအစားအစာတစ္ခုပါ။ငါးအႏွစ္ေတြနဲ႔ခ်က္ထားၿပီး ဆန္ေခါက္ဆြဲနဲ႔ေရာစပ္စားသုံးရတာပါ။ ေဈးႏႈန္းအလြန္သက္သာၿပီး အရသာေကာင္းပါတယ္လို႔ မိတ္ဆက္ေပးသြားခဲ့ပါတယ္။
ေအာင္လရဲ႕ မုန႔္ဟင္းခါးစားျပေနတဲ့ Video ဖိုင္ေလးကို ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။ ေအာင္လကို ခ်စ္တယ္ ဆိုရင္ ဒီပို႔စ္ေလးကိုရွဲသြားၾကပါအုန္းေနာ္။
Writer – Magic (Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
မြန်မာ့ မုန့်ဟင်းခါးကို ကမ္ဘာကျော်အောင် လုပ်ပေးနေတဲ့ အောင်လအန်ဆန် ( ရုပ်သံ )
မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းကတော့ မြန်မာ့စပါးအုံး(Burmese Python) လို့ နာမည်ကြီးလှပြီး ONE Championship ပွဲတွေမှာအောင်ပွဲခံတဲ့အခါ မြန်မာအလံတော်ကို ခြုံပြီး အောင်ပွဲခံလေ့ရှိတာလည်းဖြစ်ပါတယ်။အောင်လဟာ မြန်မာနိုင်ငံကို ကမ္ဘာကသိအောင် အဓိကလုပ်ဆောင်နေသလို မြန်မာ့ရိုးရာ ကချင်ရိုးရာတို့ကိုလည်း အခွင့်ရသလို Promote ပေးလျှက်ရှိတာပါ။
ယခုအချိန်မှာတော့ အောင်လဟာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး ပညာရေး တိုးတက်ရေးနှင့် ပြည်သူ့တွေ့ဆုံပွဲများပြုလုပ်လျှက်ရှိတာလည်းဖြစ်ပါတယ်။တောင်သူဦးကြီးတွေနဲ့ ဧရာဝတီတိုင်းမှာ လိုက်လံတွေ့ဆုံနေတဲ့ ပွဲတွေမှာလည်း အောင်လဟာ ပရိသတ်တွေဆီကတခဲနက် အားပေးမှုတွေကိုရရှိခဲ့တာပါ။ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အောင်လဟာ သူ့ရဲ့ ပရိသတ်နဲ့ သန်းနဲ့ချီတဲ့ လူမှုကွန်ယက်စာမျက်နှာကနေ မြန်မာ့ရိုးရာမုန့်ဟင်းခါးကို စားပြခဲ့တာဖြစ်ပြီးကမ္ဘာ့တဝန်းက သူ့ပရိသတ်တွေကို မုန့်ဟင်းခါးအကြောင်း ရှင်းပြသွားခဲ့တာပါ။အောင်လက ဒါက ဂျပန်ရိုးရာခေါက်ဆွဲ ရာမန်လို မြန်မာ့ရိုးရာအစားအစာတစ်ခုပါ။ငါးအနှစ်တွေနဲ့ချက်ထားပြီး ဆန်ခေါက်ဆွဲနဲ့ရောစပ်စားသုံးရတာပါ။ ဈေးနှုန်းအလွန်သက်သာပြီး အရသာကောင်းပါတယ်လို့ မိတ်ဆက်ပေးသွားခဲ့ပါတယ်။
အောင်လရဲ့ မုန့်ဟင်းခါးစားပြနေတဲ့ Video ဖိုင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ အောင်လကို ချစ်တယ် ဆိုရင် ဒီပို့စ်လေးကိုရှဲသွားကြပါအုန်းနော်။
Writer – Magic (Shwe Yaung Lan)

မှတ်ချက်များ