သြားရည္က်ေစမယ့္..ငါးသံပုရာေပါင္း လုပ္နည္း…


Zawgyi ျဖင့္ဖတ္ရန္
ငါးသံပုရာေပါင္း ကို အမ်ိဳးမ်ိဳးလုပ္စားတဲ့နည္းထဲကမွ ဒါကနည္းတမ်ိဳးပါ။ လုပ္နည္းကေတာ့ လြယ္ကူပါတယ္။ လုပ္စားၾကည့္ေနာ္။ အျခားနည္းေ တြနဲ႔လဲ အ၇မ္းေတာ့ သိပ္မကြာပါဘူး။ ဒါေပမယ့္ ပိုလြယ္လို႔.. လုပ္စားၾကည့္ေနာ္။
ပါဝင္ေသာပစၥည္းမ်ား
၁။ ကကတစ္ငါး (သို႔) စလားဗီးယားငါး – ၁ ေကာင္
၂။ ၾကက္သြန္ျဖဴ – ၃ မႊာ
၃။ င႐ုတ္သီးစိမ္း – ၃ ေတာင့္
၄။ ၾကက္သြန္ၿမိတ္ – ၂ ပင္
၅။ နံနံပင္ – ၅ ပင္
၆။ ဂ်င္း – လက္တဆစ္
၇။ ပဲငံျပာရည္ – ထမင္းစားဇြန္း ၁ ဇြန္း ခြဲ
၈။ သၾကား (သို႔) အခ်ိဳမႈုန္႔- လက္ဖက္ရည္ဇြန္း တ ဝက္
၉။ ၾကက္သားမႈန္႔- ထမင္းစားဇြန္း ၁ ဇြန္း
၁၀။ သံပုရာသီး – ၁ ျခမ္း
၁၁။ ေရ – ၁ ခြက္
( ၁ ခြက္ = 240ml = ႐ိုး႐ိုးေကာ္ဖီခြက္ ၁ ခြက္ = ထမင္းစားဇြန္း ၁၆ ဇြန္း) ( ထမင္းစားဇြန္း = 1 tablespoon = 15 ml) (လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)
ျပဳလုပ္နည္း
၁။ ငါးကို သန္႔စင္ထားပါ။ ဂ်င္းကို ေထာင္းထားပါ။ ၾကက္သြန္ျဖဴကို ပါးပါးလွီးထားပါ။ င႐ုတ္သီးကို အေသးေလးေတြလွီးထားပါ။ ၾကက္သြန္ၿမိတ္ႏွင့္ နံနံပင္ကို ႏႈတ္ႏႈတ္ဆင္းထားပါ။
၂။ သန္႔စင္ထားေသာ ငါးေပၚကို ေထာင္းထားေသာ ဂ်င္းမွအ၇ည္မ်ားညႇစ္ခ်ပါ။ ၿပီးလွ်င္ မိနစ္ ၂၀ ခန္႔ေပါင္းပါ။ ေပါင္းၿပီး ငါးမွထြက္လာေသာ အ၇ည္မ်ားကို သြန္ပစ္ပါ။ (အညႇီနံ႔မ်ားပါသြားပါလိမ့္မည္။)
၃။ ေပါင္းထားေသာ ငါးေပၚကို ၾကက္သြန္ၿမိတ္ႏွင့္ နံနံပင္မ်ား အုပ္ထားပါ။
၄။ ဒယ္အိုးတခုထဲတြင္ ေရထည့္၊ ၾကက္သားမႈန႔္ ၊ သၾကား(သို႔) အခ်ိဳမႈန္႔၊ ပဲငံျပာရည္ တို႔ကို ထည့္ရ်္ ဆူလာေအာင္တည္ပါ။ ဆူလာလွ်င္ ၾကက္သြန္ျဖဴ ႏွင့္ င႐ုတ္သီးကို ထည့္၇်္
င႐ုတ္သီး အနံ႔ေမႊးလာသည္အထိတည္ပါ။ င႐ုတ္သီး အနံ႔ေမႊးလာလွ်င္ မီးဖိုကို ပိတ္ရ်္ သံပုရာရည္ကို ညႇစ္ထည့္ပါ။ (ခ်ဥ္မခ်ဥ္ၾကည့္ၿပီး သံပုရာရည္လိုသေလာက္ထပ္ထည့္ပါ။)
၅။ ျပဳလုပ္ထားေသာ အ၇ည္ကို ေပါင္းထားေသာ ငါးေပၚကို ဆမ္းပါ။
၆။ အ၇သာရွိရွိ ငါးသံပုရာေပါင္းကို သုံးေဆာင္ႏိုင္ပါၿပီ။
Credit to Khin Lay

Unicode ဖြင့်ဖတ်ရန်
သွားရည်ကျစေမယ့်..ငါးသံပုရာပေါင်း လုပ်နည်း…
ငါးသံပုရာပေါင်း ကို အမျိုးမျိုးလုပ်စားတဲ့နည်းထဲကမှ ဒါကနည်းတမျိုးပါ။ လုပ်နည်းကတော့ လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။ အခြားနည်းေ တွနဲ့လဲ အ၇မ်းတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး – ၁ ကောင်
၂။ ကြက်သွန်ဖြူ – ၃ မွှာ
၃။ ငရုတ်သီးစိမ်း – ၃ တောင့်
၄။ ကြက်သွန်မြိတ် – ၂ ပင်
၅။ နံနံပင် – ၅ ပင်
၆။ ဂျင်း – လက်တဆစ်
၇။ ပဲငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
၈။ သကြား (သို့) အချိုမှုုန့်- လက်ဖက်ရည်ဇွန်း တ ဝက်
၉။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း
၁၀။ သံပုရာသီး – ၁ ခြမ်း
၁၁။ ရေ – ၁ ခွက်
( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ငါးကို သန့်စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို အသေးလေးတွေလှီးထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်ဆင်းထားပါ။
၂။ သန့်စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှအ၇ည်များညှစ်ချပါ။ ပြီးလျှင် မိနစ် ၂၀ ခန့်ပေါင်းပါ။ ပေါင်းပြီး ငါးမှထွက်လာသော အ၇ည်များကို သွန်ပစ်ပါ။ (အညှီနံ့များပါသွားပါလိမ့်မည်။)
၃။ ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ။
၄။ ဒယ်အိုးတခုထဲတွင် ရေထည့်၊ ကြက်သားမှုန့် ၊ သကြား(သို့) အချိုမှုန့်၊ ပဲငံပြာရည် တို့ကို ထည့်ရျ် ဆူလာအောင်တည်ပါ။ ဆူလာလျှင် ကြက်သွန်ဖြူ နှင့် ငရုတ်သီးကို ထည့်၇ျ်
ငရုတ်သီး အနံ့မွှေးလာသည်အထိတည်ပါ။ ငရုတ်သီး အနံ့မွှေးလာလျှင် မီးဖိုကို ပိတ်ရျ် သံပုရာရည်ကို ညှစ်ထည့်ပါ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည်လိုသလောက်ထပ်ထည့်ပါ။)
၅။ ပြုလုပ်ထားသော အ၇ည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ။
၆။ အ၇သာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ။
Credit to Khin Lay

မှတ်ချက်များ