ဘယ်သူမှမရိုက်ဖူးသေးတဲ့ ရုပ်ရှင်တစ်ကားရိုက်ကူးသွားမယ်လို့ပြောပီးနောက် နိုင်ငံခြားမင်းသားကြီးဂျင်မီဂယ်ရီဂျူ နီယာနဲ့ပါ ဖုန်းပြောဆိုနေတဲ့ နေထူးနိုင်



Zawgyi ဖြင့်ဖတ်ရန်









zaw 28



Unicode ဖြင့်ဖတ်ရန်

ဘယ်သူမှမရိုက်ဖူးသေးတဲ့ ရုပ်ရှင်တစ်ကားရိုက်ကူးသွားမယ်လို့ပြောပီးနောက် နိုင်ငံံခြားမင်းသားကြီးဂျင်မီဂယ်ရီဂျူ နီယာနဲ့ပါ ဖုန်းပြောဆိုနေတဲ့ နေထူးနိုင်

မြန်မာနိုင်ငံရုပ်ရှင်နဲ့ ဗီဒီယိုလောကရဲ့ အက်ရှင်မင်းသားတစ်ယောက်လို့ဆိုရလောက်အောင် အက်ရှင်ဇာတ်လမ်းတွေကိုပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် နာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ မင်းသားတစ်လက်ပဲဖြစ်တဲ့ နေထူးနိုင်ကတော့ နှစ်တော်တော်ကြာကြာ ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ ပရိသတ်တွေအတွက် ဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးနေပါတယ်။လက်ရှိမှာတော့ နိုင်ငံကျော် မင်သားကြီး ဂျင်မီဂယ်ရီဂျူနီယာနဲ့ပါ ဖုန်းပြောဆိုနေတာဖြစ်ပြီး “ဘာတွေပြောကြမယ်ထင်လဲ” ဆိုပြီး ပရိသတ်တွေ ခန့်မှန်းခိုင်းလိုက်ပါတယ်။



နေထူးနိုင်နဲ့ ဖုန်းပြောဆိုနေတဲ့ ဂျင်မီဂယ်ရီဂျူနီယာကတော့ နိုင်ငံကျော်မင်သားကြီးဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ‘Happy. Thank You. More. Please.” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် Sundance ရုပ်ရှင်ပွဲတော်မှာ Audience Award ကိုရရှိခဲ့ပါသေးတယ်။Netflix တွင် မေလမှစပြီး ထုတ်လွင့်ပြသခဲ့တဲ့ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “When They See Us” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။



ကွီးနေထူးနိုင် ကတော့ မကြာသေးခင်မှာ မြန်မာရုပ်ရှင်နှစ်(၁၀၀)တွင် ဘယ်သူမှမရိုက်ဖူးသေးတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ကူးသွားမယ်လို့ ဆိုထားပါတယ်။ပရိသတ်ကြီးရေ ကွီးနေထူးနိုင်တစ်ယောက် နိုင်ငံကျော်မင်သားကြီး ဂျင်မီဂယ်ရီဂျူနီယာနဲ့အတူ ရုပ်ရှင်ဇာတ်ကြီးများရိုက်ကူးဖို့များလား။

share from: burmese.asia


မှတ်ချက်များ