ႏို႕နံ႕ေလး ေမႊးျပီး အရသာေကာင္းလြန္းတဲ့ ႏို႔ဘိန္းမုန္႔

Zawgyiျဖင့္ဖတ္ရန္
ဂ်ံဳ မႈန္႔= ၁ဘူး(ႏို႔ဆီဘူး) / သၾကား = ၁၅က်ပ္သား (အခ်ဳိေလ်ွာ့ထားပါတယ္)
ႏြားႏုိ႔ (က်ိဳၿပီး)=250ml /အုန္းသီး= အနည္းငယ္(အဖတ္ျခစ္ထားပါ)
ၾကက္ဥ = ၁လုံး / ငွက္ေပ်ာသီး =၁လုံး (ေခ်ထားပါ)
ေျမပဲ ေထာင္း= အနည္းငယ္ /ႏွမ္း=အနည္းငယ္
ဆား = ၁ဇြန္း(လက္ဖက္ရည္ ဇြန္း) /ေဆာ္ဒါ =၁/၂ဇြန္း(လက္ဖက္ရည္ဇြန္း၀က္)
ယိစ္(yeast) / ဘိန္းေစ့ = ၁ဇြန္း (ထမင္း စားဇြန္း)
ေထာပတ္ = ၃ဇြန္း
ဂ်ံဳ ကို ဇကာခ်ၿပီး ႏြားႏို႔ 150ml နဲ႔ ေရာေမြထားပါ /သၾကားကို က်န္တဲ့ ႏြားႏုိ႔ နဲ႔ေရာေဖ်ာ္ပါ
ၾကက္ဥ ကိုေက်ေအာင္ေခါက္ ထားၿပီးဆိုဒါနဲ႔ ယိစ္ကိုေ၇ေႏြး ေလးနဲနဲထည့္ ေဖ်ာ္ပါ
ဂ်ံဳ ၇ည္ +သၾကားေဖ်ာ္ထားတဲ့အရည္ၾကက္ဥ +ဆား+ယိစ္ေဖ်ာ္ထားတဲ့ေရ+ ငွက္ေပ်ာသီး ေရာေမြၿပီး ခန ႏွပ္ထားပါ
၃၀မိနစ္ ေလာက္ပါ /ဖုတ္မယ့္ဘန္းထဲ ေထာပတ္၁ဇြန္းသုတ္ မုန္႔၇ည္ေလာင္းထည့္ပါ /ဘန္းအျပည့္မထည့္ပါနဲ႔ေနာ္ အေပၚယံ ပြတက္လာမွာမို႔ပါ / အုန္းသီး ေျမပဲ ဘိန္းေစ့ ျဖဴး နွမ္းျဖဴး အေပၚမီး မ်ားမ်ားေအာက္မီး နဲနဲ ၁၈၀ံ နဲ႔ ၃၀မိနစ္ဖုတ္ပါ္
အေပၚယံ နီၿပီးေဖာင္းလာ၇င္ ၇ပါၿပီ /မုန္႔ရၿပီဆိုရင္ အေပၚယံ ေထာပတ္ ၂ဇြန္းထပ္ဆမ္းလိုက္ရင္ မုန္႔သားပိုေကာင္းပါတယ္
မကပ္တဲ့အိုးနဲ႔ အ၀ိုင္းပုံေသးေသး လုပ္ခ်င္လဲရပါတယ္ /oven မလိုတဲ့နည္းပါ
မကပ္အိုးထဲ ဆီနဲနဲထည့္ ေထာပတ္ေလးနဲနဲသုတ္ၿပီး မုန္႔ရည္ေလာင္းထည့္ အဖံုးခနအုပ္ထားၿပီး
တ၀က္က်က္ရင္
အုန္းသီး ႏွမ္း ေျမပဲ ဘိန္းေစ့ ျဖဴး ၿပီးခနတည္ထား ၿပီးရင္ ဟိုဘက္ျပန္လွန္ၿပီးေထာပတ္နဲနဲသုတ္ ေနာ
က္တခါျပန္လွန္ၿပီးရင္ က်က္ပါၿပီ႐ွင္
့မုန္႕လုပ္နည္းတင္ေပးထားတဲ့ Yamin Myanmar snacks ကိုလည္း ေက်းဇူးအထူးတင္ပါတယ္ရွင္
Unicodeဖြင့်ဖတ်ရန်
နို့နံ့လေး မွှေးပြီး အရသာကောင်းလွန်းတဲ့ နို့ဘိန်းမုန့်

ဂျုံ မှုန့်= ၁ဘူး(နို့ဆီဘူး) / သကြား = ၁၅ကျပ်သား (အချိုလျှော့ထားပါတယ်)
နွားနို့ (ကျိုပြီး)=250ml /အုန်းသီး= အနည်းငယ်(အဖတ်ခြစ်ထားပါ)
ကြက်ဥ = ၁လုံး / ငှက်ပျောသီး =၁လုံး (ချေထားပါ)
မြေပဲ ထောင်း= အနည်းငယ် /နှမ်း=အနည်းငယ်
ဆား = ၁ဇွန်း(လက်ဖက်ရည် ဇွန်း) /ဆော်ဒါ =၁/၂ဇွန်း(လက်ဖက်ရည်ဇွန်းဝက်)
ယိစ်(yeast) / ဘိန်းစေ့ = ၁ဇွန်း (ထမင်း စားဇွန်း)
ထောပတ် = ၃ဇွန်း
ဂျုံ ကို ဇကာချပြီး နွားနို့ 150ml နဲ့ ရောမွေထားပါ /သကြားကို ကျန်တဲ့ နွားနို့ နဲ့ရောဖျော်ပါ
ကြက်ဥ ကိုကျေအောင်ခေါက် ထားပြီးဆိုဒါနဲ့ ယိစ်ကိုရေနွေး လေးနဲနဲထည့် ဖျော်ပါ
ဂျုံ ၇ည် +သကြားဖျော်ထားတဲ့အရည်ကြက်ဥ +ဆား+ယိစ်ဖျော်ထားတဲ့ရေ+ ငှက်ပျောသီး ရောမွေပြီး ခန နှပ်ထားပါ
၃၀မိနစ် လောက်ပါ /ဖုတ်မယ့်ဘန်းထဲ ထောပတ်၁ဇွန်းသုတ် မုန့်၇ည်လောင်းထည့်ပါ /ဘန်းအပြည့်မထည့်ပါနဲ့နော် အပေါ်ယံ ပွတက်လာမှာမို့ပါ / အုန်းသီး မြေပဲ ဘိန်းစေ့ ဖြူး နှမ်းဖြူး အပေါ်မီး များများအောက်မီး နဲနဲ ၁၈ဝံ နဲ့ ၃၀မိနစ်ဖုတ်ပါ်
အပေါ်ယံ နီပြီးဖောင်းလာ၇င် ၇ပါပြီ /မုန့်ရပြီဆိုရင် အပေါ်ယံ ထောပတ် ၂ဇွန်းထပ်ဆမ်းလိုက်ရင် မုန့်သားပိုကောင်းပါတယ်
မကပ်တဲ့အိုးနဲ့ အဝိုင်းပုံသေးသေး လုပ်ချင်လဲရပါတယ် /oven မလိုတဲ့နည်းပါ
မကပ်အိုးထဲ ဆီနဲနဲထည့် ထောပတ်လေးနဲနဲသုတ်ပြီး မုန့်ရည်လောင်းထည့် အဖုံးခနအုပ်ထားပြီး
တဝက်ကျက်ရင်
အုန်းသီး နှမ်း မြေပဲ ဘိန်းစေ့ ဖြူး ပြီးခနတည်ထား ပြီးရင် ဟိုဘက်ပြန်လှန်ပြီးထောပတ်နဲနဲသုတ် နော
က်တခါပြန်လှန်ပြီးရင် ကျက်ပါပြီရှင်
Credit & Thanks :Yamin Myanmar snacks
့မုန့်လုပ်နည်းတင်ပေးထားတဲ့ Yamin Myanmar snacks ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင်

မှတ်ချက်များ