Myanmar Idol မွ တန္ခြန္ေက်ာ္ထြက္ခြာရျခင္းရဲ႕ အေၾကာင္းရင္းမ်ား အြန္လိုင္းေပၚတြင္ပ်ံ႕ႏွံ႔






Zawgyiျဖင့္ဖတ္ရန္

ျမန္မာအိုင္ေဒါလ္ အဆိုၿပိဳင္ပြဲႀကီးရဲ႕ ဒီကေန႔ညမွာေတာ့ Bottom ထိုင္ခဲ့ရတဲ့သူေတြကေတာ့ အက္စတာ၊ ေအးျမျဖဴ နဲ႔ တန္ခြန္ေက်ာ္ တို႔ ျဖစ္ပါတယ္။ ခံစားသက္ဝင္မႈအားေကာင္းေကာင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ေပမယ့္ ဒိုင္ေတြရဲ႕ မွတ္ခ်က္ေကာင္းေတြရရွိခဲ့တဲ့ တန္ခြန္ေက်ာ္ကေတာ့ Voting အနည္းဆုံးနဲ႔ ထြက္ခြာခဲ့ရတာေၾကာင့္ပရိသတ္ေတြက အရမ္းကို စိတ္မေကာင္း ျဖစ္ေနၾကတာပါ။



ဒီလိုထြက္ခြာခဲ့ရအၿပီးမွာေတာ့ တန္ခြန္ေက်ာ္နဲ႔ ျမန္မာအိုင္ေဒါမွ လူႀကီးေတြရဲ႕အၾကားျပႆနာေတြရွိေနတယ္ဆိုတဲ့ သတင္းတစ္ရပ္က လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ “တန္ခြန္ေက်ာ္က ေျခေထာက္မွာ စတီးေခ်ာင္းထည့္ထားလို႔ကရတာအဆင္မေျပဘူးေျပာတာကို မလုပ္ခ်င္အိမ္ျပန္လို႔ေျပာလို႔ idolမန္ေနဂ်ာနဲ႔ စကားမ်ားလို႔ ျဖဳတ္ပစ္တာ။



သူ႔ကိုျဖဳတ္လို႔ေကာင္းေအာင္ အက္စတာနဲ႔ေအးျမျဖဴကိုပါ bottomထိုင္ခိုင္းတာ “ဆိုၿပီး ထြက္ေပၚလာတဲ့ ဒီသတင္းမွာေတာ့ အခ်ိဳ႕ကလည္း မယုံမရဲျဖစ္ေနၾကသလို အခ်ိဳ႕ကလည္း ျဖစ္ႏိုင္ေခ်ရွိတယ္လို႔သုံးသပ္ေနၾကတာပါ။



ဘာေၾကာင့္လည္းဆိုေတာ့ လက္ရွိ online voatingမ်ားအရ ပရိသတ္အားေပးမႈ အမ်ားဆုံးရရွိထားတဲ့ ေအးျမျဖဴနဲ႔ အက္စတာ bottomထိုင္ရတဲ့အေၾကာင္းရင္းက ေသြး႐ိုးသား႐ိုးေတာ့မျဖစ္ႏိုင္ဘူးလို႔ ခန္႔မွန္းထားၾကတဲ့သူေတြအမ်ားအျပားပါပဲ။



အဆိုပါသတင္းထြက္ေပၚလာအၿပီးမွာေတာ့ ဒါဟာျဖစ္ႏိုင္ေခ်ရွိတဲ့သတင္းတစ္ပုဒ္လို႔သုံးသပ္ေနၾကပါတယ္ ။ ပရိသတ္ႀကီးေရာဘယ္လိုျမင္လဲေျပာခဲ့ပါဦး ။ တန္ခြန္ေက်ာ္တကယ္ ပဲ ျပႆနာေတြျဖစ္ခဲ့တာလား…။


Unicode ဖြင့်ဖတ်ရန်


မြန်မာအိုင်ဒေါလ် အဆိုပြိုင်ပွဲကြီးရဲ့ ဒီကနေ့ညမှာတော့ Bottom ထိုင်ခဲ့ရတဲ့သူတွေကတော့ အက်စတာ၊ အေးမြဖြူ နဲ့ တန်ခွန်ကျော် တို့ ဖြစ်ပါတယ်။ ခံစားသက်ဝင်မှုအားကောင်းကောင်းနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် ဒိုင်တွေရဲ့ မှတ်ချက်ကောင်းတွေရရှိခဲ့တဲ့ တန်ခွန်ကျော်ကတော့ Voting အနည်းဆုံးနဲ့ ထွက်ခွာခဲ့ရတာကြောင့်ပရိသတ်တွေက အရမ်းကို စိတ်မကောင်း ဖြစ်နေကြတာပါ။



ဒီလိုထွက်ခွာခဲ့ရအပြီးမှာတော့ တန်ခွန်ကျော်နဲ့ မြန်မာအိုင်ဒေါမှ လူကြီးတွေရဲ့အကြားပြဿနာတွေရှိနေတယ်ဆိုတဲ့ သတင်းတစ်ရပ်က လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ “တန်ခွန်ကျော်က ခြေထောက်မှာ စတီးချောင်းထည့်ထားလို့ကရတာအဆင်မပြေဘူးပြောတာကို မလုပ်ချင်အိမ်ပြန်လို့ပြောလို့ idolမန်နေဂျာနဲ့ စကားများလို့ ဖြုတ်ပစ်တာ။



သူ့ကိုဖြုတ်လို့ကောင်းအောင် အက်စတာနဲ့အေးမြဖြူကိုပါ bottomထိုင်ခိုင်းတာ “ဆိုပြီး ထွက်ပေါ်လာတဲ့ ဒီသတင်းမှာတော့ အချို့ကလည်း မယုံမရဲဖြစ်နေကြသလို အချို့ကလည်း ဖြစ်နိုင်ချေရှိတယ်လို့သုံးသပ်နေကြတာပါ။



ဘာကြောင့်လည်းဆိုတော့ လက်ရှိ online voatingများအရ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ အေးမြဖြူနဲ့ အက်စတာ bottomထိုင်ရတဲ့အကြောင်းရင်းက သွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူးလို့ ခန့်မှန်းထားကြတဲ့သူတွေအများအပြားပါပဲ။



အဆိုပါသတင်းထွက်ပေါ်လာအပြီးမှာတော့ ဒါဟာဖြစ်နိုင်ချေရှိတဲ့သတင်းတစ်ပုဒ်လို့သုံးသပ်နေကြပါတယ် ။ ပရိသတ်ကြီးရောဘယ်လိုမြင်လဲပြောခဲ့ပါဦး ။ တန်ခွန်ကျော်တကယ် ပဲ ပြဿနာတွေဖြစ်ခဲ့တာလား…။

Credit:  Theesay chin 


မှတ်ချက်များ