ဒီေကာင္ေလးမင္းအေပၚအေတာ္ခ်စ္ေနမိျပီဆိုတာ ဒါမ်ိဳးေလးေတြကေျပာျပေန…
Zawgyiျဖင့္ဖတ္ရန္
ေယာက်ာ္းေလးတစ္ေယာက္က သူခ်စ္တဲ႔မိန္းကေလး အေပၚကို မတရားေတြစိတ္မခ်ျပ ဂရုစိုက္ျပ ခ်စ္ေျကာင္းဖြဲ႕ႏြဲ႕ျပမွ ခ်စ္တတ္တယ္လုိ႕ထင္ရင္ လံုး၀ကို မွားသြားမွာပါေနာ္။ ေယာက္်ားေလးတစ္ေယာက္ခ်စ္တတ္သြားတယ္ဆုိတာမ်ိဳးက လုပ္ယူစရာမလိုပဲ ေအာ္တုိ ကိုရင္ထဲကျဖစ္လာသမ်ွကို လုပ္ေဆာင္ေပးျခင္းပါပဲ။ မိန္းကေလးတုိင္းကေတာ႔ ကိုယ္႔ခ်စ္သူကိုယ္႔အေပၚတကယ္ကိုနွစ္နွစ္ကာကာခ်စ္တာလိုခ်င္တတ္ျကပင္မဲ႔ဒီလုိကုသိုလ္ကိုရတဲ႔ မိန္းကေလးက သံုးပံုပံုတစ္ပံုသာရွိတတ္ျကတာပါ။ ဒါေျကာင္႔ ခ်စ္တာျခင္းတူတာေတာင္ကိုယ္ကတစ္ျခားသူေတြရဲ႕ခ်စ္သူနဲ႕မတူပဲ
ကိုယ္႔အေပၚတကယ္ကို ခ်စ္ျမတ္နုိးေနတဲ႔ ေယာက်္ားသားကို ပိုင္ဆုိင္ေနရျပီဆိုတာ ဒီအခ်က္ေတြကေနသင္ခံစားမိမွာပါ…
(၁) တန္ဖိုးထားတယ္
ကိုယ္႕အေပၚဆက္ဆံတဲ႔အခါမွာ ေပါ႔ ေပါ႔ ျပတ္ျပတ္အေလးမထားတာမ်ိဳးလုံုး၀မရွိပဲနဲ႕တန္ဖိုးထားဂရုစိုက္တယ္။ အျမဲပူကပ္ျပီးခ်စ္လုိက္တာခ်စ္လုိက္တာနဲ႕ လုပ္ျပမေနရင္ေတာင္ သင္႔ကိုတန္ဖိုးထားေျကာင္းကို ေဘးနားကသူေတြပါခံစားမိေအာင္ကို ခ်စ္တတ္ျကသူ
ေတြပါ။
(၂) စိတ္ပူပန္တယ္
သင္႔အေပၚကို စိတ္ပူပန္တတ္တယ္။ တစ္ခုခုျဖစ္သ ြားမွာ ကို အင္မတန္စိုးရိမ္ျကီးတတ္ျကသူေတြပါ။ တစ္ဖြဖြနဲ႕ ဘယ္လုိေနဘယ္လိုထုိင္ဆိုျပီး မွာေနတဲ႔ျကားထဲ ကပဲ စိတ္ကပူေသးတာမလို႕ လိုအပ္ရင္ကိုယ္တိုင္လိုက္ေစာင္႔ေရွာက္တတ္တဲ႔သူေတြပါ။
(၃) သ၀န္တုိတယ္
သ၀န္တိုတာနဲ႕သမုတ္တာနဲ႕တစ္ျခားစီပါေနာ္။ နင္ဒီေကာင္ကို ျကို္က္ေနတာလား နင္နဲ႕ဒီေကာင္ကဘာလဲဆိုျပီးမိန္းက ေလးတစ္ေယာက္ရဲ႕သိကၡာကိုနင္းေျခတဲ႔စကားမ်ိဳးက သမုတ္တဲ႔ဘက္ေရာက္ေနပါျပီ။ သ၀န္တုိတယ္ဆုိတာ ကိုယ္႔ေကာင္မေလးကို ဘဲေတြ၀ိုင္းရိႈးရင္ ငါပိုင္တယ္ဆုိတဲ႔အထာေလးနဲ႕အနားကပ္ထားတာမ်ိဳး၊ ငါ႔ကေလးကိုမထိနဲ႕ကြဆိုျပီး ကာကြယ္ေပးတာမိ်ဳးပါ။
(၄) လံုျခံဳမႈေပးတယ္
အေကာင္းဆံုးေယာက်ား္ေတြက စိတ္ကိုလံုျခံဳမႈေပးတဲ႔ေယာက်ား္မ်ိဳးပါပဲ။ သစၥာရွိလည္းရွိ၊ ကိုယ္႔အတြက္လည္းျကည္႔ေပးတဲ႔ ဖခင္လုိ အစ္ကိုလို ခ်စ္သူရည္းစားလို ဘက္ေပါင္းစံုကေနေပးတဲ႔လံုျခံဳမႈက ဘယ္ေနရာေရာက္ေရာက္ကိုယ္႕မ်က္လံုးနဲ႕စိတ္ကို စိတ္ခ်လက္ခ်အိပ္စက္နုိင္ေစတဲ႔အခ်စ္မ်ိဳးခံစားခ်က္မ်ိဳးပါ။
(၅) မ်က္နွာမငယ္ရဖို႕တာ၀န္ယူတယ္
ကိုယ္တကယ္ခ်စ္တဲ႔မိန္းကေလးကုိတစ္သတ္လံုးအတြက္တာ၀န္ယူခ်င္တတ္ျကတာပါ။ ကိုယ္႔မိန္းကေလးကိုကိုယ္႕ေျကာင္႔ဘယ္ေတာ႔မွမ်က္နွာမငယ္ေစခ်င္သလုိ ကိုယ္တုိင္လည္းသူ႕အတြက္တံတုိင္းသဖြယ္ရွိေနခ်င္တတ္ျကတာမ်ိဳးပါ။
တကယ္ေတာ႔ခ်စ္တတ္တဲ႔ေယာက္်ားေတြရဲ႕အခ်စ္ကိုခံရတာကိုယ္တုိင္ပဲသိပါတယ္ …ဒါပင္မဲ႔သိပ္ခ်စ္တတ္တဲ႔ေယာက္်ားေတြခ်စ္တာခံရတဲ႔မမိန္းကေလးဖို႕ေတာ႔ကိုယ္တိုင္တင္မကပဲ ေဘးကသူေတြပါ မင္းေကာင္ေလးရဲ႕အခ်စ္ေတြကိုခံစားမိနုိင္တာမ်ိဳးပါ…
Credit:Trend Myanmar
Unicodeဖြင့်ဖတ်ရန်
ဒီကောင်လေးမင်းအပေါ်အတော်ချစ်နေမိပြီဆိုတာ ဒါမျိုးလေးတွေကပြောပြနေ…
ယောကျာ်းလေးတစ်ယောက်က သူချစ်တဲ့မိန်းကလေး အပေါ်ကို မတရားတွေစိတ်မချပြ ဂရုစိုက်ပြ ချစ်ကြောင်းဖွဲ့နွဲ့ပြမှ ချစ်တတ်တယ်လို့ထင်ရင် လုံးဝကို မှားသွားမှာပါနော်။ ယောက်ျားလေးတစ်ယောက်ချစ်တတ်သွားတယ်ဆိုတာမျိုးက လုပ်ယူစရာမလိုပဲ အော်တို ကိုရင်ထဲကဖြစ်လာသမျှကို လုပ်ဆောင်ပေးခြင်းပါပဲ။ မိန်းကလေးတိုင်းကတော့ ကိုယ့်ချစ်သူကိုယ့်အပေါ်တကယ်ကိုနှစ်နှစ်ကာကာချစ်တာလိုချင်တတ်ကြပင်မဲ့ဒီလိုကုသိုလ်ကိုရတဲ့ မိန်းကလေးက သုံးပုံပုံတစ်ပုံသာရှိတတ်ကြတာပါ။ ဒါကြောင့် ချစ်တာခြင်းတူတာတောင်ကိုယ်ကတစ်ခြားသူတွေရဲ့ချစ်သူနဲ့မတူပဲ
ကိုယ့်အပေါ်တကယ်ကို ချစ်မြတ်နိုးနေတဲ့ ယောကျ်ားသားကို ပိုင်ဆိုင်နေရပြီဆိုတာ ဒီအချက်တွေကနေသင်ခံစားမိမှာပါ…
(၁) တန်ဖိုးထားတယ်
ကိုယ့်အပေါ်ဆက်ဆံတဲ့အခါမှာ ပေါ့ ပေါ့ ပြတ်ပြတ်အလေးမထားတာမျိုးလုံးဝမရှိပဲနဲ့တန်ဖိုးထားဂရုစိုက်တယ်။ အမြဲပူကပ်ပြီးချစ်လိုက်တာချစ်လိုက်တာနဲ့ လုပ်ပြမနေရင်တောင် သင့်ကိုတန်ဖိုးထားကြောင်းကို ဘေးနားကသူတွေပါခံစားမိအောင်ကို ချစ်တတ်ကြသူ
တွေပါ။
(၂) စိတ်ပူပန်တယ်
သင့်အပေါ်ကို စိတ်ပူပန်တတ်တယ်။ တစ်ခုခုဖြစ်သ ွားမှာ ကို အင်မတန်စိုးရိမ်ကြီးတတ်ကြသူတွေပါ။ တစ်ဖွဖွနဲ့ ဘယ်လိုနေဘယ်လိုထိုင်ဆိုပြီး မှာနေတဲ့ကြားထဲ ကပဲ စိတ်ကပူသေးတာမလို့ လိုအပ်ရင်ကိုယ်တိုင်လိုက်စောင့်ရှောက်တတ်တဲ့သူတွေပါ။
(၃) သဝန်တိုတယ်
သဝန်တိုတာနဲ့သမုတ်တာနဲ့တစ်ခြားစီပါနော်။ နင်ဒီကောင်ကို ကြိုက်နေတာလား နင်နဲ့ဒီကောင်ကဘာလဲဆိုပြီးမိန်းက လေးတစ်ယောက်ရဲ့သိက္ခာကိုနင်းခြေတဲ့စကားမျိုးက သမုတ်တဲ့ဘက်ရောက်နေပါပြီ။ သဝန်တိုတယ်ဆိုတာ ကိုယ့်ကောင်မလေးကို ဘဲတွေဝိုင်းရှိုးရင် ငါပိုင်တယ်ဆိုတဲ့အထာလေးနဲ့အနားကပ်ထားတာမျိုး၊ ငါ့ကလေးကိုမထိနဲ့ကွဆိုပြီး ကာကွယ်ပေးတာမျိုးပါ။
(၄) လုံခြုံမှုပေးတယ်
အကောင်းဆုံးယောကျာ်းတွေက စိတ်ကိုလုံခြုံမှုပေးတဲ့ယောကျာ်းမျိုးပါပဲ။ သစ္စာရှိလည်းရှိ၊ ကိုယ့်အတွက်လည်းကြည့်ပေးတဲ့ ဖခင်လို အစ်ကိုလို ချစ်သူရည်းစားလို ဘက်ပေါင်းစုံကနေပေးတဲ့လုံခြုံမှုက ဘယ်နေရာရောက်ရောက်ကိုယ့်မျက်လုံးနဲ့စိတ်ကို စိတ်ချလက်ချအိပ်စက်နိုင်စေတဲ့အချစ်မျိုးခံစားချက်မျိုးပါ။
(၅) မျက်နှာမငယ်ရဖို့တာဝန်ယူတယ်
ကိုယ်တကယ်ချစ်တဲ့မိန်းကလေးကိုတစ်သတ်လုံးအတွက်တာဝန်ယူချင်တတ်ကြတာပါ။ ကိုယ့်မိန်းကလေးကိုကိုယ့်ကြောင့်ဘယ်တော့မှမျက်နှာမငယ်စေချင်သလို ကိုယ်တိုင်လည်းသူ့အတွက်တံတိုင်းသဖွယ်ရှိနေချင်တတ်ကြတာမျိုးပါ။
တကယ်တော့ချစ်တတ်တဲ့ယောက်ျားတွေရဲ့အချစ်ကိုခံရတာကိုယ်တိုင်ပဲသိပါတယ် …ဒါပင်မဲ့သိပ်ချစ်တတ်တဲ့ယောက်ျားတွေချစ်တာခံရတဲ့မမိန်းကလေးဖို့တော့ကိုယ်တိုင်တင်မကပဲ ဘေးကသူတွေပါ မင်းကောင်လေးရဲ့အချစ်တွေကိုခံစားမိနိုင်တာမျိုးပါ…
Credit:Trend Myanmar


မှတ်ချက်များ