ခ်စ္သူရွိသူတုိင္း လက္ခံနားလည္သင္႔တဲ႔ ခ်စ္ေရးခ်စ္ရာ တကယ္႔အမွန္ဘ၀ေတြက…
Zawgyiျဖင့္ဖတ္ရန္
ခ်စ္သူရည္းစားဘ၀ ဆုိတာ လူတုိင္းထင္ထားသလုိ သိပ္လြယ္ျပီးေပ်ာ္စရာေတြခ်ည္းျပည္႔နွက္ေနတာမိ်ဳးမဟုတ္ပါဘူး။ ငါသာခ်စ္သူရလာရင္ ဒီလုိေတြေနမယ္ ဘယ္လုိေတြေနမယ္ဆုိျပီးေတြးထားတတ္ပင္မဲ႔ တကယ္တမ္းလက္ေတြ႕မွာ ေတာ႔ ကိုယ္ဖန္တီးခ်င္သလိုအခ်စ္ေရးထက္ လက္ေတြ႕မွာတကယ္ထင္မထားတဲ႔ အခ်စ္ေရးမ်ိဳးေတြထဲမွာ သာယာေနမိေနတာမ်ိဳးပါ။
ဒါေျကာင္႔ခ်စ္သူရည္းစားထားေတာ႔မယ္လို႕စိတ္ကူးထားတဲ႔သူေတြ (ဒါမွမဟုတ္) အခ်စ္ေရးဆိုတာ ျကီးကို ပံုျပင္ေတြရုပ္ရွင္ေတြထဲကအတိုင္းအျမဲအေကာင္းဆံုးေတြခ်ည္းလုိ႕ထင္ေနတဲ႔သူေတြ အမွန္ျမင္ဖုိ႕အတြက္လက္ေတြ႕ခ်စ္သူသမီးရည္းစားေတြရဲ႕ဘ၀က ထင္သေလာက္ကဗ်ာမဆန္ပင္မဲ႔လည္း ေပ်ာ္ေနျကတယဆိုတာ ကို အခုလို Sharing လုပ္ေပးလုိက္တယ္ေနာ္…တကယ္႔အခ်စ္ေရးတစ္ခုမွာ
(၁) Romantic ဆန္တဲ႔အခ်ိန္ေတြကိုခ်ည္းပဲပိုင္ဆုိင္ရမယ္လုိ႕ထင္ပင္မဲ႔ တကယ္တမ္းခ်ိန္းေတြ႕တဲ႔အခ်ိန္ တစ္ေယာက္ေပၚတစ္ေယာက္စိတ္ပါလက္ပါျဖစ္သြားတဲ႔အခ်ိန္မွာ Ro ဖုိ႕ထက္တစ္ေယာက္ေပၚတစ္ေယာက္ရင္းရင္းနွီးနွီးဆက္ဆံေျပာဆုိျကဖို႕ကိုပဲအားသန္လာျကတာပါ။ ဟန္ေရးလုပ္ျပီး ခ်ိန္းေတြ႕တာထက္ စျကေနာက္ျကနဲ႕ေပ်ာ္ရႊင္စရာအခ်စ္ေရးကို ပိုျပီးဖန္တီးမိသြားတတ္ျကပါတယ္။
(၂) ၀ါသနာတူမွ အိမ္ေထာင္ဖက္ေကာင္း ပါတနာေကာင္းလို႕ထင္ေနတာလြဲပါတယ္
တကယ္႔အခ်စ္ေရးမွာ တစ္ေယာက္လုပ္တာကို တစ္ေယာက္ကလုိက္လုပ္မွ အခ်စ္ေရးကတည္ျမဲေနတာမဟုတ္ပါဘူး။ တစ္ေယာက္ လုပ္တာကို တစ္ေယာက္က အားေပးရင္းျကည္ျကည္နူးနူးနဲ႕ျဖတ္သန္း မိေနတာလည္းခ်စ္ျခင္းပါပဲ။ ငါဒါျကုိက္လုိ႕နင္ျကိုက္ရမယ္ဆိုတာ ထက္ နင္ေပ်ာ္တာလုပ္တာကိုျကည္႔ရင္းငါလည္းေပ်ာ္ရတယ္ဆုိတာမ်ိဳးပါ။
(၃) သိပ္ခ်စ္ျကတဲ႔အတြဲဆုိတာ ဘယ္ေတာ႔မွရန္မျဖစ္ဘူးလုိ႕ထင္ျကတယ္
မွားပါတယ္ ။ တစ္ေယာက္နဲ႕တစ္ေယာက္ ရန္မျဖစ္တဲ႔အတြဲဆိုတာ တကယ္မခ်စ္ျကတဲ႔အတြဲပါ။ ခ်စ္ရင္ေတာ႔ တစ္ေယာက္ေပၚတစ္ေယာက္စိုးရိမ္စိတ္ေတြနဲ႕ရန္ျဖစ္စကားမ်ားတာ အနည္းနဲ႕အမ်ားေတာ႔ရွိျကအံုးမွာပါပဲ။ ဒီလိုရန္ျဖစ္ရငး္းနဲ႕မွျပန္ခ်စ္သြားတာမ်ိဳးမွအခ်စ္စစ္ပါ။
(၄) နွစ္ဖက္အမ်ိဳးတုိင္းကို အခ်င္းခ်င္းလက္ခံျကည္ျဖဴနုိင္ျကတယ္။
နွစ္ဦးနွစ္ဖက္ကေဆြးမ်ိဳးသားခ်င္းေတြကို အခ်င္းခ်င္းလက္ခံနုိင္ျကတယ္ဆိုတာမ်ိဳးကရုပ္ရွင္ထဲမွာသာေတြ႕ရင္ေတြ႕ရမွာပါ။ တကယ္တမ္းက နွစ္ဦးနွစ္ဖက္လံုးရဲ႕ေဆြမ်ိဳးသား
ခ်င္းေတြနဲ႕တည္႕ဖို႕ဆိုတာမ်ိဳးက ေတာ္ေတာ္ရွားပါတယ္။
(၅) သိပ္ခ်စ္ျကတဲ႔စံုတြဲတုိင္းဟာ အျမဲတူတူရွိေနျကတယ္လုိ႕ထင္ရင္မွားပါတယ္
သိပ္ခ်စ္တတ္ျကတဲ႔ စံုတြဲေတြက အျမဲအေနနီးျပီးတူတူရွိေနတတ္ျကတယ္လို႕ထင္ျကပါတယ္။ တကယ္ေတာ႔ သိပ္ခ်စ္ျကတဲ႔စံုတြဲတုိုင္းအျမဲတူတူရွိမေနနိုင္ပါဘူး။ သူတို႕ရဲ႕အခ်စ္ေတြက တစ္ေယာက္နဲ႕ တစ္ေယာက္ ေ၀းကြာသြားျပီးမွပိုျပီးတုိးလာတာမ်ိဳးပါ။
Credit:Trend Myanmar
Unicodeဖြင့်ဖတ်ရန်
ချစ်သူရှိသူတိုင်း လက်ခံနားလည်သင့်တဲ့ ချစ်ရေးချစ်ရာ တကယ့်အမှန်ဘဝတွေက…
ချစ်သူရည်းစားဘ၀ ဆိုတာ လူတိုင်းထင်ထားသလို သိပ်လွယ်ပြီးပျော်စရာတွေချည်းပြည့်နှက်နေတာမျိုးမဟုတ်ပါဘူး။ ငါသာချစ်သူရလာရင် ဒီလိုတွေနေမယ် ဘယ်လိုတွေနေမယ်ဆိုပြီးတွေးထားတတ်ပင်မဲ့ တကယ်တမ်းလက်တွေ့မှာ တော့ ကိုယ်ဖန်တီးချင်သလိုအချစ်ရေးထက် လက်တွေ့မှာတကယ်ထင်မထားတဲ့ အချစ်ရေးမျိုးတွေထဲမှာ သာယာနေမိနေတာမျိုးပါ။
ဒါကြောင့်ချစ်သူရည်းစားထားတော့မယ်လို့စိတ်ကူးထားတဲ့သူတွေ (ဒါမှမဟုတ်) အချစ်ရေးဆိုတာ ကြီးကို ပုံပြင်တွေရုပ်ရှင်တွေထဲကအတိုင်းအမြဲအကောင်းဆုံးတွေချည်းလို့ထင်နေတဲ့သူတွေ အမှန်မြင်ဖို့အတွက်လက်တွေ့ချစ်သူသမီးရည်းစားတွေရဲ့ဘဝက ထင်သလောက်ကဗျာမဆန်ပင်မဲ့လည်း ပျော်နေကြတယဆိုတာ ကို အခုလို Sharing လုပ်ပေးလိုက်တယ်နော်…တကယ့်အချစ်ရေးတစ်ခုမှာ
(၁) Romantic ဆန်တဲ့အချိန်တွေကိုချည်းပဲပိုင်ဆိုင်ရမယ်လို့ထင်ပင်မဲ့ တကယ်တမ်းချိန်းတွေ့တဲ့အချိန် တစ်ယောက်ပေါ်တစ်ယောက်စိတ်ပါလက်ပါဖြစ်သွားတဲ့အချိန်မှာ Ro ဖို့ထက်တစ်ယောက်ပေါ်တစ်ယောက်ရင်းရင်းနှီးနှီးဆက်ဆံပြောဆိုကြဖို့ကိုပဲအားသန်လာကြတာပါ။ ဟန်ရေးလုပ်ပြီး ချိန်းတွေ့တာထက် စကြနောက်ကြနဲ့ပျော်ရွှင်စရာအချစ်ရေးကို ပိုပြီးဖန်တီးမိသွားတတ်ကြပါတယ်။
(၂) ဝါသနာတူမှ အိမ်ထောင်ဖက်ကောင်း ပါတနာကောင်းလို့ထင်နေတာလွဲပါတယ်
တကယ့်အချစ်ရေးမှာ တစ်ယောက်လုပ်တာကို တစ်ယောက်ကလိုက်လုပ်မှ အချစ်ရေးကတည်မြဲနေတာမဟုတ်ပါဘူး။ တစ်ယောက် လုပ်တာကို တစ်ယောက်က အားပေးရင်း
ကြည်ကြည်နူးနူးနဲ့ဖြတ်သန်း မိနေတာလည်းချစ်ခြင်းပါပဲ။ ငါဒါကြိုက်လို့နင်ကြိုက်ရမယ်ဆိုတာ ထက် နင်ပျော်တာလုပ်တာကိုကြည့်ရင်းငါလည်းပျော်ရတယ်ဆိုတာမျိုးပါ။
(၃) သိပ်ချစ်ကြတဲ့အတွဲဆိုတာ ဘယ်တော့မှရန်မဖြစ်ဘူးလို့ထင်ကြတယ်
မှားပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်တဲ့အတွဲဆိုတာ တကယ်မချစ်ကြတဲ့အတွဲပါ။ ချစ်ရင်တော့ တစ်ယောက်ပေါ်တစ်ယောက်စိုးရိမ်စိတ်တွေနဲ့ရန်ဖြစ်စကားများတာ အနည်းနဲ့အများတော့ရှိကြအုံးမှာပါပဲ။ ဒီလိုရန်ဖြစ်ရင်းးနဲ့မှပြန်ချစ်သွားတာမျိုးမှအချစ်စစ်ပါ။
(၄) နှစ်ဖက်အမျိုးတိုင်းကို အချင်းချင်းလက်ခံကြည်ဖြူနိုင်ကြတယ်။
နှစ်ဦးနှစ်ဖက်ကဆွေးမျိုးသားချင်းတွေကို အချင်းချင်းလက်ခံနိုင်ကြတယ်ဆိုတာမျိုးကရုပ်ရှင်ထဲမှာသာတွေ့ရင်တွေ့ရမှာပါ။ တကယ်တမ်းက နှစ်ဦးနှစ်ဖက်လုံးရဲ့ဆွေမျိုးသား
ချင်းတွေနဲ့တည့်ဖို့ဆိုတာမျိုးက တော်တော်ရှားပါတယ်။
(၅) သိပ်ချစ်ကြတဲ့စုံတွဲတိုင်းဟာ အမြဲတူတူရှိနေကြတယ်လို့ထင်ရင်မှားပါတယ်
သိပ်ချစ်တတ်ကြတဲ့ စုံတွဲတွေက အမြဲအနေနီးပြီးတူတူရှိနေတတ်ကြတယ်လို့ထင်ကြပါတယ်။ တကယ်တော့ သိပ်ချစ်ကြတဲ့စုံတွဲတိုင်းအမြဲတူတူရှိမနေနိုင်ပါဘူး။ သူတို့ရဲ့အချစ်တွေက တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားပြီးမှပိုပြီးတိုးလာတာမျိုးပါ။
Credit:Trend Myanmar


မှတ်ချက်များ