မနက္(၅)နာရီထတိုင္း သင့္အတြက္ဘယ္လိုအက်ဳိးေက်းဇူးေတြရေစလဲဆိုတာ…


Zawgyiျဖင့္ဖတ္ရန္

မနက္ (၅)နာရီဆိုတာ အရမ္းကိုအိပ္ေကာင္းတဲ့ အခ်ိန္ၾကီးေနာ္။ အဲ့ဒီအခ်ိန္ထျပီး ဘာလုပ္ရမွာလဲလို႔ ေတြးေနျပီလား။ လုပ္စရာေတြဆိုတာ ပစ္ထားလို႔သာ မ႐ွိတာေလ။ လုပ္ခ်င္ရယ္ တစ္ပုံၾကီးရယ္။ ဒီေတာ့ မနက္ ၅နာရီထတာနဲ႔ ဘယ္လိုအက်ဳိးေက်းဇူးေတြ ရမွာလဲ။ ဘယ္ေလာက္ထိ သင့္ဘဝကို ေျပာင္းလဲေပးႏိုင္မယ္ထင္လဲ။

အိုေခ… မနက္၅နာရီထိုးတာနဲ႔ အိပ္ယာထဲကေန ခ်က္ခ်င္းထလိုက္ပါ။ ထႏုိင္ျပီဆိုတာနဲ႔
ေရခ်ဳိးခန္းထဲ တန္းသြားပါ။ မ်က္ႏွာသစ္ပါ။ မ်က္ႏွာသစ္လိုက္ရင္ အိပ္ခ်င္စိတ္ေတြ ေပ်ာက္သြား
ပါလိမ့္မယ္။ ဒါမွ အိပ္ယာထဲျပန္ေခြခ်င္ေနတဲ့စိတ္ေတြ လန္းဆန္းသြားမွာပါ။

ထျပီးျပီဆုိတာနဲ႔ ဘာလုပ္မလဲ။ သင္ဟာ ေက်ာင္းတက္ေနတဲ့သူလား။ ဒါဆို ေက်ာင္းစာေလ့လာမယ္။ ႐ုံးတက္ေနတဲ့သူေတြမွာလည္း ေလ့လာစရာေတြ တစ္ပံုၾကီး႐ွိတယ္ေနာ္။ မနက္အေစာၾကီးမွာစာဖတ္၊ ေလ့လာတာက ပိုျပီးအက်ဳိး႐ွိပါတယ္။ မွတ္ႏုိင္စြမ္း ပိုေကာင္းတယ္လုိ႔ သိရတယ္။ အခ်ိန္အမ်ားၾကီး ေလ့လာစရာမလိုပါဘူး။ နာရီဝက္ေလာက္ဆို လံုေလာက္ပါတယ္။

ျပီးတာနဲ႔ ေလ့က်င့္ခန္းလုပ္မလား။ စာေရးသူကေတာ့ ေလ့က်င့္ခန္းကို ပံုမွန္လုပ္ေပးဖို႔ တိုက္တြန္းခ်င္ပါတယ္။ ေလ့က်င့္ခန္းလုပ္တဲ့လူတစ္ေယာက္ဟာ သူမ်ားထက္စာရင္ ပိုျပီး သြက္လက္
တက္ၾကြတယ္လို႔ ျမင္ပါတယ္။ ေလ့က်င့္ခန္းကုိလည္း နာရီဝက္ပဲ အခ်ိန္ေပးပါ။

ေလ့က်င့္ခန္းလည္း လုပ္ျပီးျပီဆိုေတာ့ ဗိုက္ဆာမွာအေသခ်ာပါပဲ။

မနက္စာ အိမ္မွာျပင္မယ္ဆိုလည္း အခ်ိန္ရမယ္။ ဆိုင္မွာသြားဝယ္မယ္ဆုိလည္း ေအးေဆး
သြားဝယ္လုိ႔ရတယ္။ အလုပ္အခ်ိန္မမွီမွာ စိတ္ပူစရာမလိုေတာ့ဘူးေပါ့။ မနက္စာကိုလည္း
ေအးေဆး စား ။ ျပီးရင္ ခ်က္ခ်င္းေရမခ်ဳိးနဲ႔ေနာ္။

ေနာက္ထပ္နာရီဝက္ေလာက္ စိတ္ခြန္အားျပည့္ စာေလးဖတ္လိုက္ပါလား။ ဒါဆို သင့္ရဲ႕တစ္ေန႔တာမွာ စိတ္အေႏွာင့္ယွက္ျဖစ္ေစမယ့္အရာေတြကို ေက်ာ္လႊားႏုိင္မယ္ထင္ပါတယ္။ ဟုတ္ျပီ…
နာရီဝက္ျပည့္ျပီဆို ေရခ်ဳိးပါေတာ့။ ေက်ာင္းသြား ၊ ႐ံုးသြားမယ္ဆို ျပင္ဆင္စရာ႐ွိတာ ျပင္ဆင္ပါ။

အရင္လို ကတိုက္က႐ုိက္လုပ္စရာလိုလား။ အလ်င္လိုစရာေရာ လိုေသးလား။ ေစာေစာထတဲ့
အက်ဳိးေက်းဇူးက အဲ့ဒါပါပဲ။ အခ်ိန္႐ွိတဲ့အတြက္ မနက္စာေလးဝသလုိ အလုပ္အခ်ိန္မွီေရာက္ဖုိ႔
အတြက္ စိတ္ေလာေနဖို႔ မလိုေတာ့ဘူး။ အခ်ိန္ေတြေတာင္ ပုိခ်င္ပိုေနဦးမယ္။

မနက္ေစာေစာထဖို႔ကုိ လူတိုင္းပ်င္းၾကပါတယ္။ ေကာင္းမွန္းသိေပမယ့္ လုိက္လုပ္တဲ့အခါ ခက္ခဲပါတယ္။ စိတ္ကိုအလိုလိုက္မိေနေတာ့ ပိုဆိုးတာေပါ့။ ၾကိဳးစားျပီး လုပ္ၾကည့္ပါ။ အက်င့္ျဖစ္သြားတဲ့အခါ ကိုယ့္ကိုကိုယ္တြန္းအားေပးစရာမလိုေတာ့ပဲ သူ႔အလုိလုိထလာပါလိမ့္မယ္။

အက်င့္ဆုိတာ ကိုယ္ကဖ်က္ရင္ ပ်က္ပါတယ္။ အက်င့္ရဲ႕ဖ်က္ဆီးျခင္းကုိေတာ့ မခံပါနဲ႔။

Credit:Trend Myanmar

Unicodeဖြင့်ဖတ်ရန်

မနက်(၅)နာရီထတိုင်း သင့်အတွက်ဘယ်လိုအကျိုးကျေးဇူးတွေရစေလဲဆိုတာ…

မနက် (၅)နာရီဆိုတာ အရမ်းကိုအိပ်ကောင်းတဲ့ အချိန်ကြီးနော်။ အဲ့ဒီအချိန်ထပြီး ဘာလုပ်ရမှာလဲလို့ တွေးနေပြီလား။ လုပ်စရာတွေဆိုတာ ပစ်ထားလို့သာ မရှိတာလေ။ လုပ်ချင်ရယ် တစ်ပုံကြီးရယ်။ ဒီတော့ မနက် ၅နာရီထတာနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရမှာလဲ။ ဘယ်လောက်ထိ သင့်ဘဝကို ပြောင်းလဲပေးနိုင်မယ်ထင်လဲ။

အိုခေ… မနက်၅နာရီထိုးတာနဲ့ အိပ်ယာထဲကနေ ချက်ချင်းထလိုက်ပါ။ ထနိုင်ပြီဆိုတာနဲ့
ရေချိုးခန်းထဲ တန်းသွားပါ။ မျက်နှာသစ်ပါ။ မျက်နှာသစ်လိုက်ရင် အိပ်ချင်စိတ်တွေ ပျောက်သွား
ပါလိမ့်မယ်။ ဒါမှ အိပ်ယာထဲပြန်ခွေချင်နေတဲ့စိတ်တွေ လန်းဆန်းသွားမှာပါ။

ထပြီးပြီဆိုတာနဲ့ ဘာလုပ်မလဲ။ သင်ဟာ ကျောင်းတက်နေတဲ့သူလား။ ဒါဆို ကျောင်းစာလေ့လာမယ်။ ရုံးတက်နေတဲ့သူတွေမှာလည်း လေ့လာစရာတွေ တစ်ပုံကြီးရှိတယ်နော်။ မနက်အစောကြီးမှာစာဖတ်၊ လေ့လာတာက ပိုပြီးအကျိုးရှိပါတယ်။ မှတ်နိုင်စွမ်း ပိုကောင်းတယ်လို့ သိရတယ်။ အချိန်အများကြီး လေ့လာစရာမလိုပါဘူး။ နာရီဝက်လောက်ဆို လုံလောက်ပါတယ်။

ပြီးတာနဲ့ လေ့ကျင့်ခန်းလုပ်မလား။ စာရေးသူကတော့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့လူတစ်ယောက်ဟာ သူများထက်စာရင် ပိုပြီး သွက်လက်
တက်ကြွတယ်လို့ မြင်ပါတယ်။ လေ့ကျင့်ခန်းကိုလည်း နာရီဝက်ပဲ အချိန်ပေးပါ။

လေ့ကျင့်ခန်းလည်း လုပ်ပြီးပြီဆိုတော့ ဗိုက်ဆာမှာအသေချာပါပဲ။

မနက်စာ အိမ်မှာပြင်မယ်ဆိုလည်း အချိန်ရမယ်။ ဆိုင်မှာသွားဝယ်မယ်ဆိုလည်း အေးဆေး
သွားဝယ်လို့ရတယ်။ အလုပ်အချိန်မမှီမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့။ မနက်စာကိုလည်း
အေးဆေး စား ။ ပြီးရင် ချက်ချင်းရေမချိုးနဲ့နော်။

နောက်ထပ်နာရီဝက်လောက် စိတ်ခွန်အားပြည့် စာလေးဖတ်လိုက်ပါလား။ ဒါဆို သင့်ရဲ့တစ်နေ့တာမှာ စိတ်အနှောင့်ယှက်ဖြစ်စေမယ့်အရာတွေကို ကျော်လွှားနိုင်မယ်ထင်ပါတယ်။ ဟုတ်ပြီ…
နာရီဝက်ပြည့်ပြီဆို ရေချိုးပါတော့။ ကျောင်းသွား ၊ ရုံးသွားမယ်ဆို ပြင်ဆင်စရာရှိတာ ပြင်ဆင်ပါ။

အရင်လို ကတိုက်ကရိုက်လုပ်စရာလိုလား။ အလျင်လိုစရာရော လိုသေးလား။ စောစောထတဲ့
အကျိုးကျေးဇူးက အဲ့ဒါပါပဲ။ အချိန်ရှိတဲ့အတွက် မနက်စာလေးဝသလို အလုပ်အချိန်မှီရောက်ဖို့
အတွက် စိတ်လောနေဖို့ မလိုတော့ဘူး။ အချိန်တွေတောင် ပိုချင်ပိုနေဦးမယ်။

မနက်စောစောထဖို့ကို လူတိုင်းပျင်းကြပါတယ်။ ကောင်းမှန်းသိပေမယ့် လိုက်လုပ်တဲ့အခါ ခက်ခဲပါတယ်။ စိတ်ကိုအလိုလိုက်မိနေတော့ ပိုဆိုးတာပေါ့။ ကြိုးစားပြီး လုပ်ကြည့်ပါ။ အကျင့်ဖြစ်သွားတဲ့အခါ ကိုယ့်ကိုကိုယ်တွန်းအားပေးစရာမလိုတော့ပဲ သူ့အလိုလိုထလာပါလိမ့်မယ်။

အကျင့်ဆိုတာ ကိုယ်ကဖျက်ရင် ပျက်ပါတယ်။ အကျင့်ရဲ့ဖျက်ဆီးခြင်းကိုတော့ မခံပါနဲ့။

Credit:Trend Myanmar

မှတ်ချက်များ