Zawgyiျဖင့္ဖတ္ရန္
အဆိုေတာ္လင္းလင္းတစ္ေယာက္ မႏၱေလးက ခ်စ္တီးထမင္းဆိုင္မွာ တစ္ေယာက္တည္း ထမင္းဝင္စားေနတုန္း သူ႔ကို ခ်စ္တဲ႔ပရိသတ္ေတြက သူမသိေအာင္ တိတ္တိတ္ေလး ေငြရွင္းေပးသြားလို႔ ၾကည္ႏူးဝမ္းသာေနရပါတယ္တဲ႔။
ဒီေငြပမာဏက မေျပာပေလာက္ေပမယ့္ သူ႔ကို ခ်စ္တဲ႔ ပရိသတ္ေတြကခ်စ္လို႔ ေငြရွင္းေပးတာ ျဖစ္တဲ႔အတြက္ လင္းလင္း က ” ဒီေန႔သူတို့က ကိုယ္စားတဲ့ထမင္းကို ပိုက္ဆံနဲ႔ရွင္းတာမဟုတ္ ခ်စ္ျခင္းနဲ႔ရွင္းတာ,ကိုယ္က ထမင္းကိုစားတာမဟုတ္ ပီတိကိုစားတာ” ဆိုျပီး သူ႔ရဲ႔ ေဖ့ဘုတ္မွာ တင္ထားတာ ျဖစ္ပါတယ္။
လင္းလင္းက ” ၈၁ လမ္း ပန္းခ်ယ္ရီ မွာ ခ်စ္တီးထမင္းဆြဲခ်င္လို့ ဝင္ဆြဲတယ္, ကိုယ္မသိေအာင္ ကိုယ္စားတဲ့ ထမင္းဖိုးသူတို့ကရွင္းတယ္, လူေကာင္ႀကီးေတြက အႀကီးႀကီး ၊ တက္တူးအ႐ုပ္ေတြလဲ အမ်ားႀကီး၊ အသက္က်ေတာ့ ကိုယ့္ထက္ဆယ္ႏွစ္ေက်ာ္ ငယ္တယ္ ၊ သူတို့နာမည္မသိဘူး, ရာဇဝင္မသိဘူး, သိဖို့လဲမလိုဘူး၊ အေႏွာက္အယွက္လဲမေပး၊ ၿပီးေတာ့ လာႏႈတ္ဆက္တယ္၊ ယဥ္ယဥ္ေက်းေက်းဘဲ ကေလးေတြနဲ႔ မိသားစုက်န္းမာရဲ့လား ေမးတယ္၊ ဒီကေနခံစားမိတယ္ ၊ ကိုယ့္ဝါသနာနဲ႔ လုပ္ေနတဲ့ ဂီတအလုပ္ေပၚမွာ သက္ဝင္ယုံၾကည္မွု လိပ္ျပာသန႔္သန႔္လုပ္တယ္ ၊ သူတို့က(သူတို့လို ေရာင္းရင္းေတြက) ခ်စ္ျခင္းနဲ႔အားေပးတယ္ ၊ ေက်နပ္တယ္ ၊ ေစာက္ရမ္းေက်နပ္တယ္” လို႔ ေျပာထားတာျဖစ္ပါတယ္။
သူက ” က်ေနာ္လိုခ်င္တာလဲ ဒါဘဲ၊ က်ေနာ့္ဂီတဟာ အရက္ဝိုင္းေတြနဲ႔ ေဖာ္လံဖား ေအာက္တန္းစားေတြ အတြက္မဟုတ္၊ ဆိုခ်င္တဲ့ပြဲဆိုမယ္ မဆိုခ်င္မဆိုဘူး၊ ကိုယ္ဆိုတဲ့ပြဲဟာ ကိုယ္ဆိုခ်င္တဲ့ပြဲျဖစ္ဖို့ပဲ လိုတယ္” လို႔လည္း ျပတ္ျပတ္သားသားေျပာထားပါေသးတယ္။
အဆုိေတာ္လင္းလင္းဟာ ဇနီးျဖစ္သူ ခ်စ္သုေဝ ခ်စ္ရတဲ႔ အမႊာသမီးေလးေတြျဖစ္တဲ႔ ေခတ္သစ္တို႔နဲ႔အတူ ပရိသတ္ခ်စ္ခင္ရတဲ႔ မိသားစုေလးတစ္ခု ပိုင္ဆုိင္ထားသူလည္းျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ရန်
အဆိုတော်လင်းလင်းတစ်ယောက် မန္တလေးက ချစ်တီးထမင်းဆိုင်မှာ တစ်ယောက်တည်း ထမင်းဝင်စားနေတုန်း သူ့ကို ချစ်တဲ့ပရိသတ်တွေက သူမသိအောင် တိတ်တိတ်လေး ငွေရှင်းပေးသွားလို့ ကြည်နူးဝမ်းသာနေရပါတယ်တဲ့။
ဒီငွေပမာဏက မပြောပလောက်ပေမယ့် သူ့ကို ချစ်တဲ့ ပရိသတ်တွေကချစ်လို့ ငွေရှင်းပေးတာ ဖြစ်တဲ့အတွက် လင်းလင်း က ” ဒီနေ့သူတို့က ကိုယ်စားတဲ့ထမင်းကို ပိုက်ဆံနဲ့ရှင်းတာမဟုတ် ချစ်ခြင်းနဲ့ရှင်းတာ,ကိုယ်က ထမင်းကိုစားတာမဟုတ် ပီတိကိုစားတာ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်မှာ တင်ထားတာ ဖြစ်ပါတယ်။
လင်းလင်းက ” ၈၁ လမ်း ပန်းချယ်ရီ မှာ ချစ်တီးထမင်းဆွဲချင်လို့ ဝင်ဆွဲတယ်, ကိုယ်မသိအောင် ကိုယ်စားတဲ့ ထမင်းဖိုးသူတို့ကရှင်းတယ်, လူကောင်ကြီးတွေက အကြီးကြီး ၊ တက်တူးအရုပ်တွေလဲ အများကြီး၊ အသက်ကျတော့ ကိုယ့်ထက်ဆယ်နှစ်ကျော် ငယ်တယ် ၊ သူတို့နာမည်မသိဘူး, ရာဇဝင်မသိဘူး, သိဖို့လဲမလိုဘူး၊ အနှောက်အယှက်လဲမပေး၊ ပြီးတော့ လာနှုတ်ဆက်တယ်၊ ယဉ်ယဉ်ကျေးကျေးဘဲ ကလေးတွေနဲ့ မိသားစုကျန်းမာရဲ့လား မေးတယ်၊ ဒီကနေခံစားမိတယ် ၊ ကိုယ့်ဝါသနာနဲ့ လုပ်နေတဲ့ ဂီတအလုပ်ပေါ်မှာ သက်ဝင်ယုံကြည်မှု လိပ်ပြာသန့်သန့်လုပ်တယ် ၊ သူတို့က(သူတို့လို ရောင်းရင်းတွေက) ချစ်ခြင်းနဲ့အားပေးတယ် ၊ ကျေနပ်တယ် ၊ စောက်ရမ်းကျေနပ်တယ်” လို့ ပြောထားတာဖြစ်ပါတယ်။
သူက ” ကျနော်လိုချင်တာလဲ ဒါဘဲ၊ ကျနော့်ဂီတဟာ အရက်ဝိုင်းတွေနဲ့ ဖော်လံဖား အောက်တန်းစားတွေ အတွက်မဟုတ်၊ ဆိုချင်တဲ့ပွဲဆိုမယ် မဆိုချင်မဆိုဘူး၊ ကိုယ်ဆိုတဲ့ပွဲဟာ ကိုယ်ဆိုချင်တဲ့ပွဲဖြစ်ဖို့ပဲ လိုတယ်” လို့လည်း ပြတ်ပြတ်သားသားပြောထားပါသေးတယ်။
အဆိုတော်လင်းလင်းဟာ ဇနီးဖြစ်သူ ချစ်သုဝေ ချစ်ရတဲ့ အမွှာသမီးလေးတွေဖြစ်တဲ့ ခေတ်သစ်တို့နဲ့အတူ ပရိသတ်ချစ်ခင်ရတဲ့ မိသားစုလေးတစ်ခု ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။
Credit: Cele Star

မှတ်ချက်များ