ဒီအရာေတြကို ရင္ဆိုင္ေက်ာ္လႊားခဲ့ဖူးၿပီဆိုရင္ သင္ဟာ စိတ္ဓာတ္ႀကံခိုင္သူ တစ္ေယာက္ပါ
Zawgyi ျဖင့္ဖတ္ရန္
စိတ္ဓာတ္ႀကံခိုင္မႈရွိတဲ့သူ တစ္ေယာက္ဆိုတာ ေအာင္ျမင္မႈနဲ႔ ပိုနီးစပ္ပါတယ္။ အခက္အခဲေတာ္ေတာ္မ်ားမ်ားကို ရင္ဆိုင္ေက်ာ္လႊားၿပီးခဲ့တဲ့ အခါမွာ စိတ္ဓာတ္ႀကံခိုင္ျခင္းဆိုတဲ့ ဆုတံဆိပ္ကို ရရွိတတ္ပါတယ္။ ဒီဆုဟာ ကိုယ့္ဘဝနဲ႔ ရင္းၿပီးရရွိလိုက္တဲ့ တန္ဖိုးမျဖတ္ႏိုင္တဲ့ အရာပါ။ ဒီအရာကပဲ အရာရာကို ရင္ဆိုင္ေက်ာ္လႊားဖို႔၊ စိန္ေခၚမႈတိုင္းကို လက္မတြန႔္ဖို႔၊ က်ရႈံးမႈေတြကို မေၾကာက္ဖို႔ အားအင္ေတြေပးပါတယ္။ ကိုယ္ရဲ႕ ဘဝေန႔ရက္ေတြမွာ ဒီလိုအရာေတြကို ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရၿပီဆိုရင္ေတာ့ သင္ဟာ စိတ္ဓာတ္ႀကံခိုင္တဲ့အဆင့္မွာ ရွိႏွင့္ေနပါၿပီေနာ္။
လက္လႊတ္သင့္တဲ့ အရာေတြကို လႊတ္ခ်လိုက္မိၿပီ
တစ္ခါတစ္ေလမွာ လူေတြဟာ ကိုယ့္အတြက္ ခက္ခဲေလးလံတဲ့ အရာေတြကို လႊတ္ခ်ဖို႔ ေၾကာက္ေနတတ္ၾကပါတယ္။ ဒီအရာကို လႊတ္ခ်လိုက္ရင္ ငါ့အတြက္အဆင္မေျပႏိုင္ေတာ့ဘူးလို႔ေတြးရင္း ကိုယ္အတြက္ အဆင္မေျပခက္ခဲတဲ့ အလုပ္ကို ဆက္လုပ္ေနမိတာမ်ိဳး၊ တစ္စုံတစ္ေယာက္ကို လက္လႊတ္ရမွာ ေၾကာက္လို႔ အတင္းဖက္တြယ္ေနတတ္တာမ်ိဳးေတြ ပတ္ဝန္းက်င္မွာ ေတာ္ေတာ္မ်ားမ်ား ေတြ႕ရတတ္ပါတယ္။ ဒါဟာ တကယ့္ေတာ့ ကို္ယ္တိုင္မွားယြင္းစြာ ဆုံးျဖတ္မိေနျခင္းပါ။ အခြင့္အေရးအသစ္ေတြဟာ ကိုယ္ရွာေဖြရင္ ရွာေဖြသေလာက္ ရရွိလာႏိုင္ပါတယ္။ ကိုယ္မလုပ္ခ်င္တဲ့ အလုပ္အကိုင္၊ ႏွစ္ဦးႏွစ္ဖက္ အဆင္မေျပႏိုင္ေတာ့တဲ့ ဆက္ဆံေရးေတြကို လႊတ္ခ်လိုက္မိတဲ့အခါ သင္မထင္ထားေလာက္ေအာင္ သင့္ကို စိတ္သက္သာရာ ရေစႏိုင္ပါတယ္။ ဒီလိုမ်ိဳး လက္လႊတ္သင့္တဲ့ အရာေတြကို လႊတ္ခ်ႏိုင္ရင္ေတာ့ သင္ဟာအေတာ္ေလး စိတ္ဓာတ္ႀကံခိုင္တဲ့ သူတစ္ေယာက္ျဖစ္ေနပါၿပီ။
တစ္ခ်ိဳ႕လူေတြက ကိုယ့္အေပၚ မေကာင္းမွန္းသိေနရင္းနဲ႔ ဆက္ၿပီး ႀကိတ္မွိတ္ေပါင္းသင္းေနရတာမ်ိဳး၊ ကိုယ့္အေပၚ မေကာင္းမွန္းသိတဲ့ ခ်စ္သူကို ဆက္ၿပီးလက္တြဲေနမိတဲ့ အခိုက္အတန႔္ကို လူေတာ္ေတာ္မ်ားမ်ား ရင္ဆိုင္ဖူးၾကမွာပါ။ ဒါဟာ တကယ့္ကို မိုက္႐ူးရဲဆန္တဲ့ သင္ကိုယ္တိုင္လုပ္မိေနတဲ့ အမွားေတြျဖစ္ပါတယ္။ ကိုယ့္အတြက္မေကာင္းတဲ့လူေတြကို ဆက္လက္ ေပါင္းသင္းဆက္ဆံဖို႔ မဆက္ဆံဖို႔က ကိုယ့္ရဲ႕ ဆုံးျဖတ္ခ်တစ္ခုသာ လိုတာပါ။ ဒီလိုပါပဲ ကိုယ့္အေပၚ ခ်စ္ခင္ျမတ္ႏိုးတန္ဖိုးထားတဲ့သူကို ရွာပါတယ္ဆိုမွ ကိုယ့္ကို စိတ္ဒုကၡေပးေနတဲ့ ခ်စ္သူမ်ိဳးကို လမ္းခြဲလိုက္တာကမွ သင့္အတြက္ ပိုအက်ိဳး ရွိပါတယ္။ ဒီလိုလူမ်ိဳးေတြကို ေဝးေဝးေရွာင္ႏိုင္တဲ့ အေျခအေနတစ္ခု ေရာက္လာၿပီဆိုရင္ေတာ့ သင္အေတာ္ေလး ရင့္က်က္ႀကံ့ခိုင္ေနပါၿပီ။
က်ရႈံးျခင္းဆိုတဲ့ အရာကို ေကာင္းေကာင္းနားလည္ၿပီးၿပီ
ဘဝႀကီးက အၿမဲတမ္း အေကာင္းခ်ည္းပဲ ျဖစ္မေနပါဘူး။ ေပ်ာ္စရာေတြလည္း ေတြ႕ႀကဳံရသလို၊ ဝမ္းနည္းစရာေတြလည္း ခံစားၾကရမွာပါ၊ ေအာင္ျမင္ျခင္းေတြလည္း သိမ္းပိုက္ဖူးသလို က်ရႈံးျခင္းဆိုတာကလည္း သင့္ကို ေစာင့္ႀကိဳေနတတ္ပါတယ္။ ဒီလိုမ်ိဳး တစ္စုံတစ္ခု ႀကီးႀကီးမားမား ဆုံးရႈံးဖူးတာမ်ိဳး၊ က်ရႈံးမႈႀကီးတစ္ခုကို ရင္ဆိုင္ခဲ့ရဖူးၿပီ ဆိုရင္ေတာ့ သင္ဟာ အေတာ္ေလး စိတ္ဓာတ္ႀကံခိုင္သူတစ္ေယာက္ ျဖစ္ေနပါၿပီ။ အဲဒီ့က်ရႈံးျခင္း၊ ဆုံးရႈံးမႈက ရလိုက္တဲ့ သင္ခန္းစာက သင့္ကို စိတ္ဓာတ္ႀကံခိုင္လာဖို႔ အမ်ားႀကီး အေထာက္အကူ ျပဳပါတယ္။ ဒီလိုအရာေတြကို ရင္ဆိုင္ေက်ာ္လႊားခဲ့ၿပီးၿပီ ဆိုရင္ေတာ့ သင္ဟာ အေတာ့္ကို ႀကံခိုင္သန္မာတဲ့ သူတစ္ေယာက္ျဖစ္ေနပါၿပီေနာ္။
Credit: aunty may
Unicode ဖြင့်ဖတ်ရန်
ဒီအရာတွေကို ရင်ဆိုင်ကျော်လွှားခဲ့ဖူးပြီဆိုရင် သင်ဟာ စိတ်ဓာတ်ကြံခိုင်သူ တစ်ယောက်ပါ
စိတ်ဓာတ်ကြံခိုင်မှုရှိတဲ့သူ တစ်ယောက်ဆိုတာ အောင်မြင်မှုနဲ့ ပိုနီးစပ်ပါတယ်။ အခက်အခဲတော်တော်များများကို ရင်ဆိုင်ကျော်လွှားပြီးခဲ့တဲ့ အခါမှာ စိတ်ဓာတ်ကြံခိုင်ခြင်းဆိုတဲ့ ဆုတံဆိပ်ကို ရရှိတတ်ပါတယ်။ ဒီဆုဟာ ကိုယ့်ဘဝနဲ့ ရင်းပြီးရရှိလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။ ဒီအရာကပဲ အရာရာကို ရင်ဆိုင်ကျော်လွှားဖို့၊ စိန်ခေါ်မှုတိုင်းကို လက်မတွန့်ဖို့၊ ကျရှုံးမှုတွေကို မကြောက်ဖို့ အားအင်တွေပေးပါတယ်။ ကိုယ်ရဲ့ ဘဝနေ့ရက်တွေမှာ ဒီလိုအရာတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီဆိုရင်တော့ သင်ဟာ စိတ်ဓာတ်ကြံခိုင်တဲ့အဆင့်မှာ ရှိနှင့်နေပါပြီနော်။
လက်လွှတ်သင့်တဲ့ အရာတွေကို လွှတ်ချလိုက်မိပြီ
တစ်ခါတစ်လေမှာ လူတွေဟာ ကိုယ့်အတွက် ခက်ခဲလေးလံတဲ့ အရာတွေကို လွှတ်ချဖို့ ကြောက်နေတတ်ကြပါတယ်။ ဒီအရာကို လွှတ်ချလိုက်ရင် ငါ့အတွက်အဆင်မပြေနိုင်တော့ဘူးလို့တွေးရင်း ကိုယ်အတွက် အဆင်မပြေခက်ခဲတဲ့ အလုပ်ကို ဆက်လုပ်နေမိတာမျိုး၊ တစ်စုံတစ်ယောက်ကို လက်လွှတ်ရမှာ ကြောက်လို့ အတင်းဖက်တွယ်နေတတ်တာမျိုးတွေ ပတ်ဝန်းကျင်မှာ တော်တော်များများ တွေ့ရတတ်ပါတယ်။ ဒါဟာ တကယ့်တော့ ကိုယ်တိုင်မှားယွင်းစွာ ဆုံးဖြတ်မိနေခြင်းပါ။ အခွင့်အရေးအသစ်တွေဟာ ကိုယ်ရှာဖွေရင် ရှာဖွေသလောက် ရရှိလာနိုင်ပါတယ်။ ကိုယ်မလုပ်ချင်တဲ့ အလုပ်အကိုင်၊ နှစ်ဦးနှစ်ဖက် အဆင်မပြေနိုင်တော့တဲ့ ဆက်ဆံရေးတွေကို လွှတ်ချလိုက်မိတဲ့အခါ သင်မထင်ထားလောက်အောင် သင့်ကို စိတ်သက်သာရာ ရစေနိုင်ပါတယ်။ ဒီလိုမျိုး လက်လွှတ်သင့်တဲ့ အရာတွေကို လွှတ်ချနိုင်ရင်တော့ သင်ဟာအတော်လေး စိတ်ဓာတ်ကြံခိုင်တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။
တစ်ချို့လူတွေက ကိုယ့်အပေါ် မကောင်းမှန်းသိနေရင်းနဲ့ ဆက်ပြီး ကြိတ်မှိတ်ပေါင်းသင်းနေရတာမျိုး၊ ကိုယ့်အပေါ် မကောင်းမှန်းသိတဲ့ ချစ်သူကို ဆက်ပြီးလက်တွဲနေမိတဲ့ အခိုက်အတန့်ကို လူတော်တော်များများ ရင်ဆိုင်ဖူးကြမှာပါ။ ဒါဟာ တကယ့်ကို မိုက်ရူးရဲဆန်တဲ့ သင်ကိုယ်တိုင်လုပ်မိနေတဲ့ အမှားတွေဖြစ်ပါတယ်။ ကိုယ့်အတွက်မကောင်းတဲ့လူတွေကို ဆက်လက် ပေါင်းသင်းဆက်ဆံဖို့ မဆက်ဆံဖို့က ကိုယ့်ရဲ့ ဆုံးဖြတ်ချတစ်ခုသာ လိုတာပါ။ ဒီလိုပါပဲ ကိုယ့်အပေါ် ချစ်ခင်မြတ်နိုးတန်ဖိုးထားတဲ့သူကို ရှာပါတယ်ဆိုမှ ကိုယ့်ကို စိတ်ဒုက္ခပေးနေတဲ့ ချစ်သူမျိုးကို လမ်းခွဲလိုက်တာကမှ သင့်အတွက် ပိုအကျိုး ရှိပါတယ်။ ဒီလိုလူမျိုးတွေကို ဝေးဝေးရှောင်နိုင်တဲ့ အခြေအနေတစ်ခု ရောက်လာပြီဆိုရင်တော့ သင်အတော်လေး ရင့်ကျက်ကြံ့ခိုင်နေပါပြီ။
ကျရှုံးခြင်းဆိုတဲ့ အရာကို ကောင်းကောင်းနားလည်ပြီးပြီ
ဘဝကြီးက အမြဲတမ်း အကောင်းချည်းပဲ ဖြစ်မနေပါဘူး။ ပျော်စရာတွေလည်း တွေ့ကြုံရသလို၊ ဝမ်းနည်းစရာတွေလည်း ခံစားကြရမှာပါ၊ အောင်မြင်ခြင်းတွေလည်း သိမ်းပိုက်ဖူးသလို ကျရှုံးခြင်းဆိုတာကလည်း သင့်ကို စောင့်ကြိုနေတတ်ပါတယ်။ ဒီလိုမျိုး တစ်စုံတစ်ခု ကြီးကြီးမားမား ဆုံးရှုံးဖူးတာမျိုး၊ ကျရှုံးမှုကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရဖူးပြီ ဆိုရင်တော့ သင်ဟာ အတော်လေး စိတ်ဓာတ်ကြံခိုင်သူတစ်ယောက် ဖြစ်နေပါပြီ။ အဲဒီ့ကျရှုံးခြင်း၊ ဆုံးရှုံးမှုက ရလိုက်တဲ့ သင်ခန်းစာက သင့်ကို စိတ်ဓာတ်ကြံခိုင်လာဖို့ အများကြီး အထောက်အကူ ပြုပါတယ်။ ဒီလိုအရာတွေကို ရင်ဆိုင်ကျော်လွှားခဲ့ပြီးပြီ ဆိုရင်တော့ သင်ဟာ အတော့်ကို ကြံခိုင်သန်မာတဲ့ သူတစ်ယောက်ဖြစ်နေပါပြီနော်။
Credit: aunty may


မှတ်ချက်များ