ျမန္မာ ေက်ာင္းသားေလး က ေနာ္ေဝ သံအမတ္ႀကီးကို လုပ္ငန္းသုံးေရယာဥ္ ေလ့လာခ်င္လို႔ စာေရးေတာင္းဆို လိုက္တဲ့အခါ
Zawgyi ျဖင့္ဖတ္ရန္
ျမန္မာႏိုင္ငံက ၈ ႏွစ္အ႐ြယ္ မူလတန္းေက်ာင္းသားေလး ေဝဟင္ထြန္းထြန္း (ခ) William က ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္မည့္ ေနာ္ေဝက သုေတသနလုပ္ငန္းသုံးေရယာဥ္ Dr.Fritdjof Nansen ေပၚကို တက္ေရာက္လည္ပတ္ခ်င္တယ္လို႔ ေနာ္ေဝသံအမတ္ဆီကို စာပို႔ခဲ့တယ္လို႔ သိရပါတယ္။
ဒီစာကိုေတာ့ ေနာ္ေဝသံအမတ္ႀကီးက စက္တင္ဘာလ ၁၈ ရက္ေန႔ ရက္စြဲနဲ႔ လက္ခံရရွိခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ေရေနသတၱဝါေတြကို စိတ္ဝင္စားတဲ့ ဝီလ်ံဟာ လာေရာက္လည္ပတ္မည့္ သုေတသနယာဥ္မွာ အႏုၾကည့္မွန္ေျပာင္းေတြ ငါးေတြပါလာမယ္ဆိုတာကို မိခင္ျဖစ္သူထံမွ တစ္ဆင့္သိခဲ့ရၿပီးေနာက္ အခုလို လည္ပတ္ခြင့္ ေတာင္းခံစာေရးသားေပးပို႔ခဲ့တာပါ။
၎ေရယာဥ္ရဲ႕ အမႈထမ္းေတြကလည္း ဝီလ်ံနဲ႔ သူ႔မိခင္ကို ေရယာဥ္တစ္ပတ္ လိုက္လံျပသေပးခဲ့ၿပီးေတာ့ ဝီလ်ံစိတ္တိုင္းက် လည္ပတ္ခြင့္ေပးခဲ့တယ္လို႔ သိရပါတယ္။
အခုလို ကေလးငယ္အတြက္ ေဆာင္႐ြက္ေပးႏိုင္ခဲ့မႈဟာ အနာဂါတ္ရဲ႕ ပညာရွင္တစ္ေယာက္ျဖစ္လာႏိုင္မယ့္သူကို ျပသေပးခဲ့ရလို႔ ဂုဏ္ယူမိတယ္လို႔ ထုတ္ျပန္ခ်က္မွာေတြ႕ရွိရပါတယ္။
Writer- SMT(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
မြန်မာ ကျောင်းသားလေး က နော်ဝေ သံအမတ်ကြီးကို လုပ်ငန်းသုံးရေယာဉ် လေ့လာချင်လို့ စာရေးတောင်းဆို လိုက်တဲ့အခါ
မြန်မာနိုင်ငံက ၈ နှစ်အရွယ် မူလတန်းကျောင်းသားလေး ဝေဟင်ထွန်းထွန်း (ခ) William က မြန်မာနိုင်ငံကို လာရောက်လည်ပတ်မည့် နော်ဝေက သုတေသနလုပ်ငန်းသုံးရေယာဉ် Dr.Fritdjof Nansen ပေါ်ကို တက်ရောက်လည်ပတ်ချင်တယ်လို့ နော်ဝေသံအမတ်ဆီကို စာပို့ခဲ့တယ်လို့ သိရပါတယ်။
ဒီစာကိုတော့ နော်ဝေသံအမတ်ကြီးက စက်တင်ဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ လက်ခံရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရေနေသတ္တဝါတွေကို စိတ်ဝင်စားတဲ့ ဝီလျံဟာ လာရောက်လည်ပတ်မည့် သုတေသနယာဉ်မှာ အနုကြည့်မှန်ပြောင်းတွေ ငါးတွေပါလာမယ်ဆိုတာကို မိခင်ဖြစ်သူထံမှ တစ်ဆင့်သိခဲ့ရပြီးနောက် အခုလို လည်ပတ်ခွင့် တောင်းခံစာရေးသားပေးပို့ခဲ့တာပါ။
၎င်းရေယာဉ်ရဲ့ အမှုထမ်းတွေကလည်း ဝီလျံနဲ့ သူ့မိခင်ကို ရေယာဉ်တစ်ပတ် လိုက်လံပြသပေးခဲ့ပြီးတော့ ဝီလျံစိတ်တိုင်းကျ လည်ပတ်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ကလေးငယ်အတွက် ဆောင်ရွက်ပေးနိုင်ခဲ့မှုဟာ အနာဂါတ်ရဲ့ ပညာရှင်တစ်ယောက်ဖြစ်လာနိုင်မယ့်သူကို ပြသပေးခဲ့ရလို့ ဂုဏ်ယူမိတယ်လို့ ထုတ်ပြန်ချက်မှာတွေ့ရှိရပါတယ်။
Writer- SMT(Shwe Yaung Lan)

မှတ်ချက်များ