Burning Sun အရႈပ္ေတာ္ပုံၾကားမွာ ပါဝင္ခဲ့တဲ့ Seungri မၾကာခင္မွာ စစ္မႈထမ္းသြားမည္
Zawgyi ျဖင့္ဖတ္ရန္
ကိုရီးယား Pop အဆိုေတာ္ ၊ေတးေရးဆရာ ၊ထုတ္လုပ္သူ ၊မင္းသားSeungri ကေတာ့ မၾကာခင္မွာစစ္မႈထမ္းသြားေတာ့မွာပါ။ သူဟာ Big Bang ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ပါ။ ဒီအေၾကာင္းကေတာ့ ႏိုဝင္ဘာ (၂၄)ရက္ေန႔မွာ သတင္းထြက္ ေပၚခဲ့တာပါ။ Kakao Talk chatrooms ထဲက လိင္ပိုင္းဆိုင္ရာ ကိစၥ ေတြမွာ ပါဝင္ ပတ္သက္ေနၾကတဲ့ သူေတြ ထဲမွာေတာ့ FTISLAND အဖြဲ႕ဝင္ Jonghun နဲ႔ Jung Joonyoung တို႔ ကေတာ့ ေထာင္ဒဏ္ေတြ အသီးသီး က်ခံခဲ့ရပါတယ္။ Chatroom ကိစၥမွာေတာ့ အႏုပညာရွင္ေတြလည္း ပါဝင္ေနၿပီး အျမင့္ပိုင္းက ပုဂၢိဳလ္ေတြနဲ႔ လူကုံထံစီးပြားေရးလုပ္ငန္းရွင္ေတြလည္း ပါဝင္ပတ္သတ္ေနခဲ့တာပါ။ Seungriရဲ႕ Chat Room ထဲက ကိစၥေနာက္တစ္ခုက ထပ္ၿပီးေတာ့ ေပၚေပါက္လာခဲ့ျပန္ပါတယ္။
Seungri ကေတာ့ ရင္းႏွီးျမႇပ္ႏွံသူတစ္ဦး(CEO A)နဲ႔ ဘယ္မိန္းကေလးကို ငွားရင္ေဈးဘယ္ေလာက္ရွိေၾကာင္းကို ေျပာျပေနတာျဖစ္ၿပီး ေကာင္မေလးေတြရဲ႕ ဓါတ္ပုံေတြပါ တစ္ဖက္လူ(CEO A)ကို ပို႔ေပးေနတာေတြ ထြက္ေပၚခဲ့ပါတယ္။Seungri ကေတာ့ ျပည့္တန္ဆာ ပြဲစား အလုပ္ကို လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ ၾသဂုတ္လ တည္းက လုပ္ေနခဲ့တာဆိုတဲ့ သတင္းေတြ လည္း ထြက္ေပၚခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း တရားသူႀကီးက Seungri ကိုေတာ့ ဘာအျပစ္ဒဏ္ကိုမွ မေပးပဲ ဒီအတိုင္းပဲ ထားထားတာကိုေတြ႕ ရပါတယ္။ Seungri ကိုယ္တိုင္ကလည္း အလားတူ အရႈပ္အရွင္းျပႆနာေတြထဲမွာ ပါဝင္ ပတ္သက္ေနသူ တစ္ေယာက္ပါ။ Seungri ကေတာ့ မၾကာခင္မွာ စစ္မႈထမ္းေတာင္သြားေတာ့မွာပါ။
‘Burning Sun’ ရဲ႕ မူးယစ္ေဆးနဲ႔ ျပည့္တန္ဆာကိစၥေတြနဲ႔ ပတ္သက္ၿပီး တရား႐ုံးက အစပိုင္းမွာေတာ့ စစ္ေဆးမႈေတြ လုပ္မယ္ဆိုၿပီးျဖစ္ခဲ့ေပမယ့္ေနာက္ပိုင္းမွာေတာ့ သက္ေသ မခိုင္လုံဘူးဆိုၿပီး Seungri ကို တိုက္႐ိုက္အျပစ္ ေပးတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ ရဲ တပ္ဖြဲ႕ကေတာ့ တရား႐ုံးရဲ႕ ဆုံးျဖတ္ ခ်က္ အေပၚ ေလးစားေၾကာင္း နဲ႔ ဝရမ္း ထုတ္ ဖမ္းဆီးမယ့္ အစီအစဥ္ မ်ိဳး မရွိေသး ဘူးလို႔ ေျပာခဲ့ပါတယ္။
Credit: Aunty may
Unicode ဖြင့်ဖတ်ရန်
Burning Sun အရှုပ်တော်ပုံကြားမှာ ပါဝင်ခဲ့တဲ့ Seungri မကြာခင်မှာ စစ်မှုထမ်းသွားမည်
ကိုရီးယား Pop အဆိုတော် ၊တေးရေးဆရာ ၊ထုတ်လုပ်သူ ၊မင်းသားSeungri ကတော့ မကြာခင်မှာစစ်မှုထမ်းသွားတော့မှာပါ။ သူဟာ Big Bang ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ ဒီအကြောင်းကတော့ နိုဝင်ဘာ (၂၄)ရက်နေ့မှာ သတင်းထွက် ပေါ်ခဲ့တာပါ။ Kakao Talk chatrooms ထဲက လိင်ပိုင်းဆိုင်ရာ ကိစ္စ တွေမှာ ပါဝင် ပတ်သက်နေကြတဲ့ သူတွေ ထဲမှာတော့ FTISLAND အဖွဲ့ဝင် Jonghun နဲ့ Jung Joonyoung တို့ ကတော့ ထောင်ဒဏ်တွေ အသီးသီး ကျခံခဲ့ရပါတယ်။ Chatroom ကိစ္စမှာတော့ အနုပညာရှင်တွေလည်း ပါဝင်နေပြီး အမြင့်ပိုင်းက ပုဂ္ဂိုလ်တွေနဲ့ လူကုံထံစီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ပတ်သတ်နေခဲ့တာပါ။ Seungriရဲ့ Chat Room ထဲက ကိစ္စနောက်တစ်ခုက ထပ်ပြီးတော့ ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။
Seungri ကတော့ ရင်းနှီးမြှပ်နှံသူတစ်ဦး(CEO A)နဲ့ ဘယ်မိန်းကလေးကို ငှားရင်ဈေးဘယ်လောက်ရှိကြောင်းကို ပြောပြနေတာဖြစ်ပြီး ကောင်မလေးတွေရဲ့ ဓါတ်ပုံတွေပါ တစ်ဖက်လူ(CEO A)ကို ပို့ပေးနေတာတွေ ထွက်ပေါ်ခဲ့ပါတယ်။Seungri ကတော့ ပြည့်တန်ဆာ ပွဲစား အလုပ်ကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လ တည်းက လုပ်နေခဲ့တာဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း တရားသူကြီးက Seungri ကိုတော့ ဘာအပြစ်ဒဏ်ကိုမှ မပေးပဲ ဒီအတိုင်းပဲ ထားထားတာကိုတွေ့ ရပါတယ်။ Seungri ကိုယ်တိုင်ကလည်း အလားတူ အရှုပ်အရှင်းပြဿနာတွေထဲမှာ ပါဝင် ပတ်သက်နေသူ တစ်ယောက်ပါ။ Seungri ကတော့ မကြာခင်မှာ စစ်မှုထမ်းတောင်သွားတော့မှာပါ။
‘Burning Sun’ ရဲ့ မူးယစ်ဆေးနဲ့ ပြည့်တန်ဆာကိစ္စတွေနဲ့ ပတ်သက်ပြီး တရားရုံးက အစပိုင်းမှာတော့ စစ်ဆေးမှုတွေ လုပ်မယ်ဆိုပြီးဖြစ်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ သက်သေ မခိုင်လုံဘူးဆိုပြီး Seungri ကို တိုက်ရိုက်အပြစ် ပေးတာမျိုးတော့ မရှိခဲ့ပါဘူး။ ရဲ တပ်ဖွဲ့ကတော့ တရားရုံးရဲ့ ဆုံးဖြတ် ချက် အပေါ် လေးစားကြောင်း နဲ့ ဝရမ်း ထုတ် ဖမ်းဆီးမယ့် အစီအစဉ် မျိုး မရှိသေး ဘူးလို့ ပြောခဲ့ပါတယ်။
Credit: Aunty may


မှတ်ချက်များ