လူေသေခါင္းတလားနဲ႔ မဂၤလာေဆာင္ဆီ ေရာက္လာတဲ့ သတို႔သမီး ( ႐ုပ္ / သံ )
Zawgyi ျဖင့္ဖတ္ရန္
ဂါနာႏိုင္ငံက သတို႔သမီးတစ္ဦးကေတာ့ ဘဝမွာ တမဂၤလာပဲ ရွိတဲ့ သူ႔ရဲ႕ မဂၤလာေဆာင္ကို အဆန္းျပားဆုံး ျဖစ္ေအာင္ က်င္းပခဲ့ပါတယ္။
သူနဲ႔ သတို႔သား ျဖစ္သူတို႔ဟာ သူတို႔ရဲ႕ မဂၤလာေဆာင္ကို အမ်ားနဲ႔ မတူ တမူထူးေအာင္အျပင္ အဆန္းျပားဆုံး စိတ္ကူးကို ပုံေဖာ္ရင္း ဘဝတစ္သက္စာ အမွတ္တရကို ေရးထိုးႏိုင္ဖို႔ ႀကိဳးစားလိုက္တာပါပဲ။
အမည္မသိရတဲ့ ဒီ စုံတြဲရဲ႕ မဂၤလာပြဲဟာ တြစ္တာလို လူမႈမီဒီယာမွာ ျပန႔္ႏွံ႔ေနတာပါ။
ဘာေၾကာင့္လည္းဆိုေတာ့ သတို႔သမီးဟာ သူ႔ မဂၤလာေဆာင္ဆီ လာတဲ့အခါမွာ သာမန္႐ိုး႐ိုးတန္းတန္း လာခဲ့တာ မဟုတ္ဘဲ လူေသေခါင္းတလားထဲ ဝင္ၿပီး ေခါင္းတလားနဲ႔အတူ မဂၤလာ မင္းလမ္းမထဲ ဝင္ေရာက္လာတာပဲ ျဖစ္ပါတယ္။
https://twitter.com/Postsubman/status/1195614578043953152
အဲဒီလို သတို႔သမီး ပါတဲ့ ေခါင္းတလားႀကီးကို တြန္းၿပီး မဂၤလာေဆာင္ပြဲဆီ ေရာက္လာခ်ိန္မွာေတာ့ ပြဲလာပရိသတ္ေတြက ေသာင္းေသာင္းျဖျဖ ေကာင္းခ်ီး ဝိုင္းေပးၾကပါေတာ့တယ္။
သူတို႔ စုံတြဲရဲ႕ စိတ္ကူးဟာ တစ္ကမာၻလုံးမွာ ပထမဆုံးျဖစ္မယ့္ မဂၤလာစိတ္ကူးပဲ ျဖစ္ႏိုင္ပါေတာ့တယ္။
Writer_ ေမာင္သံဆင့္(XYZ News)
Unicode ဖြင့်ဖတ်ရန်
လူသေခေါင်းတလားနဲ့ မင်္ဂလာဆောင်ဆီ ရောက်လာတဲ့ သတို့သမီး ( ရုပ် / သံ )
ဂါနာနိုင်ငံက သတို့သမီးတစ်ဦးကတော့ ဘဝမှာ တမင်္ဂလာပဲ ရှိတဲ့ သူ့ရဲ့ မင်္ဂလာဆောင်ကို အဆန်းပြားဆုံး ဖြစ်အောင် ကျင်းပခဲ့ပါတယ်။
သူနဲ့ သတို့သား ဖြစ်သူတို့ဟာ သူတို့ရဲ့ မင်္ဂလာဆောင်ကို အများနဲ့ မတူ တမူထူးအောင်အပြင် အဆန်းပြားဆုံး စိတ်ကူးကို ပုံဖော်ရင်း ဘဝတစ်သက်စာ အမှတ်တရကို ရေးထိုးနိုင်ဖို့ ကြိုးစားလိုက်တာပါပဲ။
အမည်မသိရတဲ့ ဒီ စုံတွဲရဲ့ မင်္ဂလာပွဲဟာ တွစ်တာလို လူမှုမီဒီယာမှာ ပြန့်နှံ့နေတာပါ။
ဘာကြောင့်လည်းဆိုတော့ သတို့သမီးဟာ သူ့ မင်္ဂလာဆောင်ဆီ လာတဲ့အခါမှာ သာမန်ရိုးရိုးတန်းတန်း လာခဲ့တာ မဟုတ်ဘဲ လူသေခေါင်းတလားထဲ ဝင်ပြီး ခေါင်းတလားနဲ့အတူ မင်္ဂလာ မင်းလမ်းမထဲ ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။
အဲဒီလို သတို့သမီး ပါတဲ့ ခေါင်းတလားကြီးကို တွန်းပြီး မင်္ဂလာဆောင်ပွဲဆီ ရောက်လာချိန်မှာတော့ ပွဲလာပရိသတ်တွေက သောင်းသောင်းဖြဖြ ကောင်းချီး ဝိုင်းပေးကြပါတော့တယ်။
သူတို့ စုံတွဲရဲ့ စိတ်ကူးဟာ တစ်ကမ္ဘာလုံးမှာ ပထမဆုံးဖြစ်မယ့် မင်္ဂလာစိတ်ကူးပဲ ဖြစ်နိုင်ပါတော့တယ်။
Writer_ မောင်သံဆင့်(XYZ News)


မှတ်ချက်များ