ကိုယ့္⁠ေရွ႕မွာ ဓာတ္လိုက္⁠ေနတဲ့သူကို ⁠ေတြ႕ရင္ ဒီလိုအသက္ကယ္ပါ



Zawgyi ျဖင့္ဖတ္ရန္



၁။ လွ်ပ္စီး⁠ေ⁠ၾကာင္းရွိတဲ့⁠ေနရာမွ⁠ေဝး⁠ေသာ⁠ေနရာသို႔ လူနာကို⁠ေ႐ြ႕ပါ။

circuit breaker, fuse box (သို႔) Outside Switch တို႔မွတဆင့္ လွ်ပ္စစ္စီးဆင္းမႈ⁠ျဖတ္⁠ေတာက္ပါ။ မီးမပိတ္⁠ႏိုင္လွ်င္ လွ်ပ္စစ္မစီးကူး⁠ႏိုင္တဲ့ သစ္သား⁠ျပား၊ ပလပ္စတစ္တံ⁠ျမက္စည္း႐ိုး၊ သစ္သားထိုင္ခုံ၊ ရာ ဘာ⁠ေ⁠ျခသုတ္ခုံတို႔ကို အသုံး⁠ျပဳ၍ဓာတ္လိုက္⁠ေနသူကို လွ်ပ္စစ္စီး⁠ေ⁠ၾကာင္းမွ ဖယ္ထုတ္ပါ။ အကူအညီ⁠ေပးလာသူရဲ႕ ⁠ေ⁠ျခ⁠ေထာက္ (သို႔) ခ⁠ႏၶာကိုယ္⁠ေအာက္ပိုင္းက တစစ္စစ္ခံစား⁠ေနရလွ်င္ ဓာတ္လိုက္⁠ေနသူကိုမကူညီ⁠ေသးဘဲ လွ်ပ္စီး⁠ေ⁠ၾကာင္းစီးနင္းမႈမရွိ တဲ့⁠ေနရာကို⁠ေ႐ြး⁠ၿပီး⁠ေနပါ။

၂။ လိုအပ္လွ်င္ CPR ⁠ျပဳလုပ္ပါ။

အသက္မရႉ⁠ေတာ့ရင္ (သို႔) ⁠ႏွလုံးခုန္ရပ္သြားလွ်င္ လူ⁠ႀကီးအတြက္ CPR နဲ႔ က⁠ေလးအတြက္ CPR ⁠ႏွစ္မ်ိဳး ထဲကအသက္ အ႐ြယ္အပိုင္းအ⁠ျခားအလိုက္ ကိုက္ညီတဲ့ CPR နည္းစနစ္နဲ႔ အသက္ကယ္ပါ။ ဓာတ္လိုက္ခံရသူကလူ⁠ႀကီးဆိုလွ်င္ မိမိ၏ လက္ဝါး⁠ႏွစ္ဖက္ကိုထပ္⁠ၿပီးရင္အုံ⁠ႏွစ္ဖက္၏ အလယ္၊ ရင္ၫြန႔္႐ိုး အ⁠ေပၚမွာတင္ပါ။ က⁠ေလးငယ္ဆိုလွ်င္ ရင္ၫႊန႔္႐ိုး⁠ေပၚကိုလက္⁠ႏွစ္⁠ေခ်ာင္းတင္⁠ၿပီးဖိ⁠ေပးရပါမယ္။ မိမိ၏ လက္⁠ႏွစ္ဘက္ကို ဆန႔္တန္းထား⁠ၿပီးကိုယ္အ⁠ေလးခ်ိန္ကို မိမိလက္⁠ႏွစ္ဖက္အ⁠ေပၚသို႔ ⁠ေ⁠ျပာင္း⁠ေ႐ႊ႕ကာ လက္ဝါး⁠ျဖင့္ ရင္ဘတ္ကို ၂ လက္မ⁠ေလာက္ထိနိမ့္သြား⁠ေအာင္ ဖိ⁠ေပးရပါမယ္။ နံ႐ိုး⁠ေပၚကို မဖိမိ⁠ေအာင္ ဂ႐ုစိုက္ ရပါမယ္။ ⁠ႏို႔စို႔အ႐ြယ္က⁠ေလး⁠ေတြကို⁠ေတာ့ ၁ လက္မ⁠ေလာက္သာနိမ့္သြား⁠ေအာင္ ဖိ⁠ေပးရပါမယ္။ ⁠ႏွစ္လက္မခန႔္က်သြား⁠ေအာင္ဖိ⁠ၿပီးပါကလက္ကိုလုံးဝ⁠ႂကြလိုက္ရပါမယ္။ တစ္မိနစ္လွ်င္ အ⁠ႀကိမ္ ၁၀၀ ⁠ႏႈန္းနဲ႔ ရင္ဘတ္ကိုအ⁠ႀကိမ္ ၃၀ ဖိ⁠ေပးရပါမယ္။ တစ္⁠ႀကိမ္နဲ႔တစ္⁠ႀကိမ္⁠ၾကား ရင္ဘတ္မို႔လာတဲ့အခ်ိန္ကို ခဏ⁠ေစာင့္⁠ေပးရပါမယ္။
အသက္ရႉ⁠ၿပီလားဆိုတာကိုလည္းအ⁠ၿမဲသတိထား⁠ၾကည့္ရပါမယ္။ အသက္မရႉလာမခ်င္း CPR ⁠ျပဳလုပ္⁠ေပးပါ။
CPR ⁠ျပဳလုပ္တာနဲ႔ပတ္သက္⁠ၿပီး ကြၽမ္းက်င္သူဆိုရင္⁠ေတာ့လူနာ၏ ⁠ေခါင္းကို ⁠ေမာ့⁠ေပး⁠ျခင္း၊ ⁠ေမး⁠ေစ့ကို အ⁠ေပၚသို႔ ပင့္⁠ေပး⁠ျခင္း⁠ျဖင့္ အသက္ရႉလမ္း⁠ေ⁠ၾကာင္းကို ပြင့္⁠ေအာင္လုပ္⁠ေပးရပါမယ္။ ⁠ႏွာ⁠ေခါင္းကို လက္နဲ႔ ညႇစ္ထား⁠ၿပီး လူနာနဲ႔ ပါးစပ္ခ်င္း⁠ေတ့ကာ ⁠ေလ⁠ႏွစ္ခါမႈတ္သြင္း⁠ေပး⁠ၿပီး ရင္ဘတ္ကိုအ⁠ႀကိမ္ ၃၀ ဖိ⁠ေပးရပါမယ္။ ထိုသို႔ ရင္ဘတ္ကို အ⁠ႀကိမ္ ၃၀ ဖိ⁠ေပး⁠ျခင္း၊ ⁠ေလ⁠ႏွစ္ခါမႈတ္⁠ေပး⁠ျခင္းတို႔ကိုအသက္မရႉ မခ်င္း⁠ျပဳလုပ္⁠ေပးရပါမယ္။

အ⁠ျခားထိခိုက္တဲ့ဒဏ္ရာ⁠ေတြကိုကုသပါ။

ဓာတ္လိုက္⁠ျခင္းခံလိုက္ရတဲ့အတြက္ ပူးတြဲဒဏ္ရာအနာတရ⁠ေတြပါရရွိ⁠ႏိုင္ပါ⁠ေသးတယ္။ (ဥပမာ – လဲက်သြားတဲ့အတြက္ အ႐ိုးက်ိဳး⁠ျခင္း၊ ⁠ေသြးထြက္သံယို⁠ျဖစ္⁠ျခင္း၊ မီး⁠ေလာင္⁠ျခင္း)
ဒါ⁠ေ⁠ၾကာင့္ ဓာတ္လိုက္ခံရ⁠ၿပီး ⁠ျပန္⁠ေကာင္းသြားရင္⁠ေတာင္လိုအပ္သည္မ်ားကို စမ္းသပ္စစ္⁠ေဆး⁠ၿပီး ကုသမႈ ခံယူရန္⁠ေဆး႐ုံ၊ ⁠ေဆးခန္းသို႔သြား⁠ေရာက္သင့္ပါတယ္။

Credit – drmyanmar.com

Unicode ဖြင့်ဖတ်ရန်

ကိုယ့်⁠ရှေ့မှာ ဓာတ်လိုက်⁠နေတဲ့သူကို ⁠တွေ့ရင် ဒီလိုအသက်ကယ်ပါ



၁။ လျှပ်စီး⁠ေ⁠ကြာင်းရှိတဲ့⁠နေရာမှ⁠ဝေး⁠သော⁠နေရာသို့ လူနာကို⁠ရွေ့ပါ။

circuit breaker, fuse box (သို့) Outside Switch တို့မှတဆင့် လျှပ်စစ်စီးဆင်းမှု⁠ဖြတ်⁠တောက်ပါ။ မီးမပိတ်⁠နိုင်လျှင် လျှပ်စစ်မစီးကူး⁠နိုင်တဲ့ သစ်သား⁠ပြား၊ ပလပ်စတစ်တံ⁠မြက်စည်းရိုး၊ သစ်သားထိုင်ခုံ၊ ရာ ဘာ⁠ေ⁠ခြသုတ်ခုံတို့ကို အသုံး⁠ပြု၍ဓာတ်လိုက်⁠နေသူကို လျှပ်စစ်စီး⁠ေ⁠ကြာင်းမှ ဖယ်ထုတ်ပါ။ အကူအညီ⁠ပေးလာသူရဲ့ ⁠ေ⁠ခြ⁠ထောက် (သို့) ခ⁠န္ဓာကိုယ်⁠အောက်ပိုင်းက တစစ်စစ်ခံစား⁠နေရလျှင် ဓာတ်လိုက်⁠နေသူကိုမကူညီ⁠သေးဘဲ လျှပ်စီး⁠ေ⁠ကြာင်းစီးနင်းမှုမရှိ တဲ့⁠နေရာကို⁠ရွေး⁠ပြီး⁠နေပါ။

၂။ လိုအပ်လျှင် CPR ⁠ပြုလုပ်ပါ။

အသက်မရှူ⁠တော့ရင် (သို့) ⁠နှလုံးခုန်ရပ်သွားလျှင် လူ⁠ကြီးအတွက် CPR နဲ့ က⁠လေးအတွက် CPR ⁠နှစ်မျိုး ထဲကအသက် အရွယ်အပိုင်းအ⁠ခြားအလိုက် ကိုက်ညီတဲ့ CPR နည်းစနစ်နဲ့ အသက်ကယ်ပါ။ ဓာတ်လိုက်ခံရသူကလူ⁠ကြီးဆိုလျှင် မိမိ၏ လက်ဝါး⁠နှစ်ဖက်ကိုထပ်⁠ပြီးရင်အုံ⁠နှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အ⁠ပေါ်မှာတင်ပါ။ က⁠လေးငယ်ဆိုလျှင် ရင်ညွှန့်ရိုး⁠ပေါ်ကိုလက်⁠နှစ်⁠ချောင်းတင်⁠ပြီးဖိ⁠ပေးရပါမယ်။ မိမိ၏ လက်⁠နှစ်ဘက်ကို ဆန့်တန်းထား⁠ပြီးကိုယ်အ⁠လေးချိန်ကို မိမိလက်⁠နှစ်ဖက်အ⁠ပေါ်သို့ ⁠ေ⁠ပြာင်း⁠ရွှေ့ကာ လက်ဝါး⁠ဖြင့် ရင်ဘတ်ကို ၂ လက်မ⁠လောက်ထိနိမ့်သွား⁠အောင် ဖိ⁠ပေးရပါမယ်။ နံရိုး⁠ပေါ်ကို မဖိမိ⁠အောင် ဂရုစိုက် ရပါမယ်။ ⁠နို့စို့အရွယ်က⁠လေး⁠တွေကို⁠တော့ ၁ လက်မ⁠လောက်သာနိမ့်သွား⁠အောင် ဖိ⁠ပေးရပါမယ်။ ⁠နှစ်လက်မခန့်ကျသွား⁠အောင်ဖိ⁠ပြီးပါကလက်ကိုလုံးဝ⁠ကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အ⁠ကြိမ် ၁၀၀ ⁠နှုန်းနဲ့ ရင်ဘတ်ကိုအ⁠ကြိမ် ၃၀ ဖိ⁠ပေးရပါမယ်။ တစ်⁠ကြိမ်နဲ့တစ်⁠ကြိမ်⁠ကြား ရင်ဘတ်မို့လာတဲ့အချိန်ကို ခဏ⁠စောင့်⁠ပေးရပါမယ်။
အသက်ရှူ⁠ပြီလားဆိုတာကိုလည်းအ⁠မြဲသတိထား⁠ကြည့်ရပါမယ်။ အသက်မရှူလာမချင်း CPR ⁠ပြုလုပ်⁠ပေးပါ။
CPR ⁠ပြုလုပ်တာနဲ့ပတ်သက်⁠ပြီး ကျွမ်းကျင်သူဆိုရင်⁠တော့လူနာ၏ ⁠ခေါင်းကို ⁠မော့⁠ပေး⁠ခြင်း၊ ⁠မေး⁠စေ့ကို အ⁠ပေါ်သို့ ပင့်⁠ပေး⁠ခြင်း⁠ဖြင့် အသက်ရှူလမ်း⁠ေ⁠ကြာင်းကို ပွင့်⁠အောင်လုပ်⁠ပေးရပါမယ်။ ⁠နှာ⁠ခေါင်းကို လက်နဲ့ ညှစ်ထား⁠ပြီး လူနာနဲ့ ပါးစပ်ချင်း⁠တေ့ကာ ⁠လေ⁠နှစ်ခါမှုတ်သွင်း⁠ပေး⁠ပြီး ရင်ဘတ်ကိုအ⁠ကြိမ် ၃၀ ဖိ⁠ပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကို အ⁠ကြိမ် ၃၀ ဖိ⁠ပေး⁠ခြင်း၊ ⁠လေ⁠နှစ်ခါမှုတ်⁠ပေး⁠ခြင်းတို့ကိုအသက်မရှူ မချင်း⁠ပြုလုပ်⁠ပေးရပါမယ်။

အ⁠ခြားထိခိုက်တဲ့ဒဏ်ရာ⁠တွေကိုကုသပါ။

ဓာတ်လိုက်⁠ခြင်းခံလိုက်ရတဲ့အတွက် ပူးတွဲဒဏ်ရာအနာတရ⁠တွေပါရရှိ⁠နိုင်ပါ⁠သေးတယ်။ (ဥပမာ – လဲကျသွားတဲ့အတွက် အရိုးကျိုး⁠ခြင်း၊ ⁠သွေးထွက်သံယို⁠ဖြစ်⁠ခြင်း၊ မီး⁠လောင်⁠ခြင်း)
ဒါ⁠ေ⁠ကြာင့် ဓာတ်လိုက်ခံရ⁠ပြီး ⁠ပြန်⁠ကောင်းသွားရင်⁠တောင်လိုအပ်သည်များကို စမ်းသပ်စစ်⁠ဆေး⁠ပြီး ကုသမှု ခံယူရန်⁠ဆေးရုံ၊ ⁠ဆေးခန်းသို့သွား⁠ရောက်သင့်ပါတယ်။

Credit – drmyanmar.com

မှတ်ချက်များ