ၿပံဳးၿပံဳးရႊင္ရႊင္နဲ႔ အလုပ္ေတြ ျပန္လုပ္ေနတဲ့ Goo Hyesun
Zawgyiျဖင့္ဖတ္ရန္
မင္းသမီးေခ်ာ Goo Hyesun ကေတာ့ အခုဆုိရင္ သူမရဲ႕ အလုပ္ေတြကို ၿပံဳးၿပံဳးရႊင္ရႊင္နဲ႔ ျပန္စ လုပ္ေနပါၿပီ။ အလုပ္ေတြ ျပန္လုပ္ေနတဲ့ အ ေၾကာင္းကိုေတာ့ သူမရဲ႕ IG မွာ အသိေပးခဲ့တာပါ။ ႏို၀င္ဘာ (၈)ရက္ေန႔မွာေတာ့ Goo Hyesun က သူမရဲ႕ IG မွာ Post တစ္ခု တင္ခဲ့ ပါတယ္။ မွန္ေရွ႕မွာ Selfie ဆြဲ ထားတဲ့ ပံုေလးပါ။ ပံုရဲ႕ Caption မွာေတာ့ ..
“The autumn girlㅎ I came for a shooting.” ဆုိၿပီး တင္ထားပါတယ္။ Shooting လို႔ပဲ ေျပာထားေပမယ့္ ဘာရႈတင္လဲ ဆိုတာကိုေတာ့ ေသခ်ာ ထုတ္မ ေျပာခဲ့ပါဘူး။ ပရိသတ္ေ တြကေတာ့ ဒါဟာ သူမရဲ႕အႏုပညာလႈပ္ရွားမႈ လည္း ျဖစ္ႏိုင္တယ္လု႔ိ လည္း ထင္ေၾကး ေပးေနၾကပါတယ္။ စီးပြားေရး ေၾကာ္ျငာလား၊ တျခားရႈတင္လား ဒါမွမဟုတ္ သူမရဲ႕ စာေရးဆရာမ ဘ၀ နဲ႔ ပတ္သက္တဲ့ ရႈတင္လားဆိုတာကိုေတာ့ ဘ ယ္သူမွ ေသခ်ာ မသိရေသးပါဘူး။
Goo Hyesun ကေတာ့ ကြာရွင္းေတာ့မယ္လုိ႔ ေၾကညာခဲ့ၿပီးေနာက္ ပိုင္း သူမရဲ႕ အိမ္ေထာင္ေရး အရႈပ္ေတာ္ပံုေတြကို တစ္ခုၿပီးတစ္ခု ခ်ျပခဲ့ပါတယ္။ အဲ့ဒီအထဲမွာေတာ့ သူမနဲ႔ ခင္ပြန္းျဖစ္သူတုိ႔ ေျပာတဲ့ စကားေတြကို screen shot လည္း ရိုက္ျပခဲ့ပါတယ္။ အိမ္ေထာင္ ေရး အရႈပ္ေတာ္ပံုေတြကို ဖြင့္ခ်ၿပီးေနာက္ပိုင္းမွာေတာ့ အႏုပညာေလာကေန အနားယူေတာ့မယ္လုိ႕ IG ကေန ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သီခ်င္းအသစ္ထုတ္ဖို႔အတြက္ျပင္ဆင္ေနၿပီလုိ႔လည္း သူမရဲ႕ Fan ေတြကို ေျပာျပခဲ့ပါတယ္။
Source:Kstarlive
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ပြုံးပြုံးရွှင်ရွှင်နဲ့ အလုပ်တွေ ပြန်လုပ်နေတဲ့ Goo Hyesun
မင်းသမီးချော Goo Hyesun ကတော့ အခုဆိုရင် သူမရဲ့ အလုပ်တွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်စ လုပ်နေပါပြီ။ အလုပ်တွေ ပြန်လုပ်နေတဲ့ အ ကြောင်းကိုတော့ သူမရဲ့ IG မှာ အသိပေးခဲ့တာပါ။ နိုဝင်ဘာ (၈)ရက်နေ့မှာတော့ Goo Hyesun က သူမရဲ့ IG မှာ Post တစ်ခု တင်ခဲ့ ပါတယ်။ မှန်ရှေ့မှာ Selfie ဆွဲ ထားတဲ့ ပုံလေးပါ။ ပုံရဲ့ Caption မှာတော့ ..
“The autumn girlㅎ I came for a shooting.” ဆိုပြီး တင်ထားပါတယ်။ Shooting လို့ပဲ ပြောထားပေမယ့် ဘာရှုတင်လဲ ဆိုတာကိုတော့ သေချာ ထုတ်မ ပြောခဲ့ပါဘူး။ ပရိသတ်ေ တွကတော့ ဒါဟာ သူမရဲ့အနုပညာလှုပ်ရှားမှု လည်း ဖြစ်နိုင်တယ်လု့ိ လည်း ထင်ကြေး ပေးနေကြပါတယ်။ စီးပွားရေး ကြော်ငြာလား၊ တခြားရှုတင်လား ဒါမှမဟုတ် သူမရဲ့ စာရေးဆရာမ ဘ၀ နဲ့ ပတ်သက်တဲ့ ရှုတင်လားဆိုတာကိုတော့ ဘ ယ်သူမှ သေချာ မသိရသေးပါဘူး။
Goo Hyesun ကတော့ ကွာရှင်းတော့မယ်လို့ ကြေညာခဲ့ပြီးနောက် ပိုင်း သူမရဲ့ အိမ်ထောင်ရေး အရှုပ်တော်ပုံတွေကို တစ်ခုပြီးတစ်ခု ချပြခဲ့ပါတယ်။ အဲ့ဒီအထဲမှာတော့ သူမနဲ့ ခင်ပွန်းဖြစ်သူတို့ ပြောတဲ့ စကားတွေကို screen shot လည်း ရိုက်ပြခဲ့ပါတယ်။ အိမ်ထောင် ရေး အရှုပ်တော်ပုံတွေကို ဖွင့်ချပြီးနောက်ပိုင်းမှာတော့ အနုပညာလောကနေ အနားယူတော့မယ်လို့ IG ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သီချင်းအသစ်ထုတ်ဖို့အတွက်ပြင်ဆင်နေပြီလို့လည်း သူမရဲ့ Fan တွေကို ပြောပြခဲ့ပါတယ်။
Source:Kstarlive
Credit:Aunty May


မှတ်ချက်များ