ထီေပါက္ရင္ ကားျပန္ဝယ္ေပးမယ္လို႔ ေျပာေတာ့ သားက ေက်ာင္းျပန္တက္ခ်င္တာဆိုတဲ့ ထီေရာင္းတဲ့ ကေလး
Zawgyi ျဖင့္ဖတ္ရန္
ဘဝမွာ စားဝတ္ေနေရးအေျခအေနေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ႐ုန္းကန္ေနရသူေတြ အမ်ားႀကီးရွိပါတယ္…သူတို႔ဘဝေတြဟာ ကိုယ္တိုင္ႀကိဳးစားဖို႔လိုသလို တတ္ႏိုင္သူေတြကလည္း ေဘးကေနဝိုင္းဝန္းေထာက္ပံ့ေပးဖို႔လိုပါတယ္..ဒါမွသာ ဆင္းရဲမႈေတြေလ်ာ့ပါးၿပီး လူတိုင္းေအးေဆးေနႏိုင္တဲ့ ပတ္ဝန္းက်င္တစ္ခုကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္…ခုေျပာခ်င္တဲ့အေၾကာင္းေလးကလည္း အသက္ငယ္ငယ္နဲ႔ ထီေရာင္းေနတဲ့ ကေလးေလးတစ္ဦးရဲ႕ ေက်ာင္းတက္ခ်င္တဲ့ အိပ္မက္ေလးတစ္ခုအေၾကာင္းပဲ ျဖစ္ပါတယ္… ဒီအေၾကာင္းေလးကို လူမႈကြန္ရက္မွာ ခုလို ေဖာ္ျပထားတာေတြ႕ရပါတယ္…
“ခ်စ္လိုက္တာ..ဓာတ္ပုံအ႐ိုက္ခံရင္ထီထိုးမယ္ ဆိုေတာ့.႐ိုက္ပါအန္တီ ႐ိုက္ပါ သားဆီမွာထီထိုးပါတဲ့
သူေ႐ြးေပးတဲ့ ၁၀ေစာင္တြဲယူေတာ့…ဖုန္းနံပါတ္ေရးတယ္ လက္ေရးက ခေနာ္ခနဲ႔… ဘယ္ႏွတန္းအထိေက်ာင္းေနဖူးသတုံးဆိုေတာ့…၅တန္းနဲ႔ေက်ာင္းထြက္လိုက္ရတာ တဲ့တို႔တိုင္းျပည္က မဖူးခင္ေႂကြရတဲ့ပန္းေတြ…သူထီေရာင္းေနတဲ့လမ္းက စာသင္ေက်ာင္းနဲ႔ကပ္လ်က္ စာသင္ခန္းထဲကစာအံသံေတြလမ္းမကၾကားေနရတယ္ ကေလးရယ္…သူလည္း ေက်ာင္းေနခ်င္ရွာမွာပဲ …အဲ့ဒီအ႐ြယ္ေလးေတြစာသင္ခန္းထဲမရွိပဲလမ္းေပၚမွာရွာေဖြစားေနရတာျမင္ရရင္ေလ အလိုလိုရင္ထဲမွာမေကာင္းေတာ့ဘူး..လူတကာရဲ႕အခက္အခဲ ကိုယ္တစ္ေယာက္ထဲ ဘယ္ရွင္းေပးႏိုင္ပါ့မလဲ..ဒါေပမယ့္ ကိုယ့္ေၾကာင့္သူ႔ ေသာကေလး နဲနဲျဖစ္ျဖစ္သက္သာမယ္ဆိုလည္းလုပ္မယ္..
တကယ္က ဒီလအတြက္ထီက႐ုံးမွာ ညီမတစ္ေယာက္ဆီကထိုးၿပီးသား..သူ႔ကိုျမင္ေတာ့ ၁၀ေစာင္ထပ္ထိုးတယ္..ဆုႀကီးေပါက္ရင္ မင္းကိုထီေရာင္းဖို႔ကားတစ္စီးဝယ္ေပးမယ္လို႔ ဆိုေတာ့ သားက ထီေပါက္ရင္ ေက်ာင္းျပန္တက္မွာ တဲ့ ။
Ok အန္တီေပါက္ရင္လည္း သားကိုေက်ာင္းျပန္တက္ရေအာင္လုပ္ေပးမယ္လို႔ ေျပာေတာ့ ရီေနတယ္ ။ကိုယ္လည္း ဒီထီေပါက္ရင္ဆိုၿပီး စိတ္ကူးယဥ္ခြင့္ရွိသလို သူလည္းအေတြးနဲ႔ေပ်ာ္ပါေစ ။ေက်ာင္းထဲမွာေပ်ာ္ႏိုင္ပါေစ ကေလးရယ္ ။” ဆိုၿပီး ကိုယ္တိုင္ႀကဳံရသူတစ္ဦးက ေရးထားတာပဲ ျဖစ္ပါေစ…
က်ေနာ္တို႔ ပတ္ဝန္းက်င္မွာ ေက်ာင္းေနခ်င္တဲ့ အဲဒီလို ကေလးေတြ ဘယ္ေလာက္မ်ားေနၿပီလဲ….က်ေနာ္တို႔ သူတို႔ကို ဘာေတြကူညီႏိုင္မလဲ….ဒါေတြ စဥ္းစားဖို႔လိုပါတယ္…ကိုယ္တိုင္မကူညီႏိုင္ေတာင္မွ ကူညီႏိုင္သူေတြ ေတြ႕ေအာင္ Share ေပးတာ အပန္းမႀကီးတာမို႔ ဒီစာေလးကို ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္ေနာ္..
Writer – HW (Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
ထီပေါက်ရင် ကားပြန်ဝယ်ပေးမယ်လို့ ပြောတော့ သားက ကျောင်းပြန်တက်ချင်တာဆိုတဲ့ ထီရောင်းတဲ့ ကလေး
ဘဝမှာ စားဝတ်နေရေးအခြေအနေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်နေရသူတွေ အများကြီးရှိပါတယ်…သူတို့ဘဝတွေဟာ ကိုယ်တိုင်ကြိုးစားဖို့လိုသလို တတ်နိုင်သူတွေကလည်း ဘေးကနေဝိုင်းဝန်းထောက်ပံ့ပေးဖို့လိုပါတယ်..ဒါမှသာ ဆင်းရဲမှုတွေလျော့ပါးပြီး လူတိုင်းအေးဆေးနေနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်…ခုပြောချင်တဲ့အကြောင်းလေးကလည်း အသက်ငယ်ငယ်နဲ့ ထီရောင်းနေတဲ့ ကလေးလေးတစ်ဦးရဲ့ ကျောင်းတက်ချင်တဲ့ အိပ်မက်လေးတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်… ဒီအကြောင်းလေးကို လူမှုကွန်ရက်မှာ ခုလို ဖော်ပြထားတာတွေ့ရပါတယ်…
“ချစ်လိုက်တာ..ဓာတ်ပုံအရိုက်ခံရင်ထီထိုးမယ် ဆိုတော့.ရိုက်ပါအန်တီ ရိုက်ပါ သားဆီမှာထီထိုးပါတဲ့
သူရွေးပေးတဲ့ ၁၀စောင်တွဲယူတော့…ဖုန်းနံပါတ်ရေးတယ် လက်ရေးက ခနော်ခနဲ့… ဘယ်နှတန်းအထိကျောင်းနေဖူးသတုံးဆိုတော့…၅တန်းနဲ့ကျောင်းထွက်လိုက်ရတာ တဲ့တို့တိုင်းပြည်က မဖူးခင်ကြွေရတဲ့ပန်းတွေ…သူထီရောင်းနေတဲ့လမ်းက စာသင်ကျောင်းနဲ့ကပ်လျက် စာသင်ခန်းထဲကစာအံသံတွေလမ်းမကကြားနေရတယ် ကလေးရယ်…သူလည်း ကျောင်းနေချင်ရှာမှာပဲ …အဲ့ဒီအရွယ်လေးတွေစာသင်ခန်းထဲမရှိပဲလမ်းပေါ်မှာရှာဖွေစားနေရတာမြင်ရရင်လေ အလိုလိုရင်ထဲမှာမကောင်းတော့ဘူး..လူတကာရဲ့အခက်အခဲ ကိုယ်တစ်ယောက်ထဲ ဘယ်ရှင်းပေးနိုင်ပါ့မလဲ..ဒါပေမယ့် ကိုယ့်ကြောင့်သူ့ သောကလေး နဲနဲဖြစ်ဖြစ်သက်သာမယ်ဆိုလည်းလုပ်မယ်..
တကယ်က ဒီလအတွက်ထီကရုံးမှာ ညီမတစ်ယောက်ဆီကထိုးပြီးသား..သူ့ကိုမြင်တော့ ၁၀စောင်ထပ်ထိုးတယ်..ဆုကြီးပေါက်ရင် မင်းကိုထီရောင်းဖို့ကားတစ်စီးဝယ်ပေးမယ်လို့ ဆိုတော့ သားက ထီပေါက်ရင် ကျောင်းပြန်တက်မှာ တဲ့ ။
Ok အန်တီပေါက်ရင်လည်း သားကိုကျောင်းပြန်တက်ရအောင်လုပ်ပေးမယ်လို့ ပြောတော့ ရီနေတယ် ။ကိုယ်လည်း ဒီထီပေါက်ရင်ဆိုပြီး စိတ်ကူးယဉ်ခွင့်ရှိသလို သူလည်းအတွေးနဲ့ပျော်ပါစေ ။ကျောင်းထဲမှာပျော်နိုင်ပါစေ ကလေးရယ် ။” ဆိုပြီး ကိုယ်တိုင်ကြုံရသူတစ်ဦးက ရေးထားတာပဲ ဖြစ်ပါစေ…
ကျနော်တို့ ပတ်ဝန်းကျင်မှာ ကျောင်းနေချင်တဲ့ အဲဒီလို ကလေးတွေ ဘယ်လောက်များနေပြီလဲ….ကျနော်တို့ သူတို့ကို ဘာတွေကူညီနိုင်မလဲ….ဒါတွေ စဉ်းစားဖို့လိုပါတယ်…ကိုယ်တိုင်မကူညီနိုင်တောင်မှ ကူညီနိုင်သူတွေ တွေ့အောင် Share ပေးတာ အပန်းမကြီးတာမို့ ဒီစာလေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်..
Writer – HW (Shwe Yaung Lan)

မှတ်ချက်များ