ဇာတ္လမ္းတြဲတစ္ခုမွာ အတူသရုပ္ေဆာင္မယ္လို႔သတင္းေတြထြက္ေနတဲ့ Song-Song စံုတြဲ


Zawgyiျဖင့္ဖတ္ရန္

Song Hye-kyo နဲ႔ Song Joong-ki တို႕ႏွစ္ေယာက္ကေတာ့ မၾကာခင္မွာ အသစ္ရိုက္ကူးမယ့္ ဇာတ္လမ္းတြဲအသစ္ထဲမွာ အတူတူတြဲၿပီး သရုပ္ေဆာင္ဖို႔ရွိိေနတယ္လို႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။ သူတို႕ႏွစ္ေယာက္ကေတာ့ “Descendants of the Sun” ဇာတ္လမ္းတြဲမွာ အတူသရုပ္ေဆာင္ခဲ့ၿပီးေနာက္ တစ္ႏွစ္အၾကာမွာ လက္ထပ္ခဲ့ၾကပါတယ္။

အဲဒီေနာက္မွာေတာ့ ေနာက္ထက္ တစ္ႏွစ္ခြဲေက်ာ္ၾကာတဲ့အခ်ိန္မွာ လူသိရွင္ၾကား ကြာရွင္းခဲ့ၾကတာျဖစ္ပါတယ္။ သူတို႕ႏွစ္ေယာက္ကေတာ့ ကြာရွင္းၿပီးကတည္းက အႏုပညာလႈပ္ရွားမႈေတြကို ခပ္က်ဲက်ဲ ပဲ ျပဳလုပ္ေနတာျဖစ္ၿပီး Song Joong-ki ကေတာ့ Arthal Chronicles ၿပီးကတည္းက ပရိသတ္ေတြေရွ႕ကို ရုပ္လံုး ထြက္မျပတာေတာင္ ေတာ္ေတာ္ၾကာပါၿပီ။

မၾကာခင္မွာ ဇာတ္လမ္းတြဲ အသစ္အတူရိုက္ကူးမယ္ဆိုတဲ့ သတင္းထြက္ရံုနဲ႔တင္ ပရိသတ္ေတြကေတာ့ ရင္ခုန္စိတ္လႈပ္ရွားၿပီး ဒီသတင္းအမွန္ျဖစ္ဖို႔ ေစာင့္ဆိုင္းေနၾကပါၿပီ။

 Source: Kdramastars

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ဇာတ်လမ်းတွဲတစ်ခုမှာ အတူသရုပ်ဆောင်မယ်လို့သတင်းတွေထွက်နေတဲ့ Song-Song စုံတွဲ

Song Hye-kyo နဲ့ Song Joong-ki တို့နှစ်ယောက်ကတော့ မကြာခင်မှာ အသစ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအသစ်ထဲမှာ အတူတူတွဲပြီး သရုပ်ဆောင်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ “Descendants of the Sun” ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့ပြီးနောက် တစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ နောက်ထက် တစ်နှစ်ခွဲကျော်ကြာတဲ့အချိန်မှာ လူသိရှင်ကြား ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ကွာရှင်းပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေကို ခပ်ကျဲကျဲ ပဲ ပြုလုပ်နေတာဖြစ်ပြီး Song Joong-ki ကတော့ Arthal Chronicles ပြီးကတည်းက ပရိသတ်တွေရှေ့ကို ရုပ်လုံး ထွက်မပြတာတောင် တော်တော်ကြာပါပြီ။

မကြာခင်မှာ ဇာတ်လမ်းတွဲ အသစ်အတူရိုက်ကူးမယ်ဆိုတဲ့ သတင်းထွက်ရုံနဲ့တင် ပရိသတ်တွေကတော့ ရင်ခုန်စိတ်လှုပ်ရှားပြီး ဒီသတင်းအမှန်ဖြစ်ဖို့ စောင့်ဆိုင်းနေကြပါပြီ။

 Source: Kdramastars

Credit:Shwemom

မှတ်ချက်များ