လူေတြ မသိတဲ့ ေန႔စဥ္နဲ႔အမွ် ႐ုပ္ေခ်ာတဲ့သူေတြ ရင္ဆိုင္ေနရတဲ့ ဒုကၡမ်ား
Zawgyi ျဖင့္ဖတ္ရန္
လူတိုင္းနီးပါးက ႐ုပ္ေခ်ာခ်င္ၾကတယ္။ ႐ုပ္ေခ်ာၾကတာကို သေဘာက်တယ္။ ႐ုပ္ေခ်ာတာက ေကာင္းတယ္လို႔ ယူဆၾကတယ္ မလား။ တကယ္ေတာ့ ႐ုပ္ရည္ေခ်ာေမာျခင္းကလည္း လူေတြကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစတဲ့ အခက္အခဲ တစ္ခုပါပဲ။ ေန႔စဥ္နဲ႔ အမွ် ႐ုပ္ေခ်ာတဲ့သူေတြက ဒီဒုကၡေတြကို ရင္ဆိုင္ႀကဳံေတြ႕ေနရပါတယ္။
(၁) လူတကာရဲ႕ စိတ္ဝင္စားမႈကို ခံစားရတယ္(မလုံၿခဳံဘူး)
႐ုပ္ရည္ေခ်ာေမာေနတဲ့အတြက္ ဘယ္သြားသြား လူေတြက လိုက္ၾကည့္ေနတတ္ပါတယ္။ ကိုယ့္ကို လိုက္ေစာင့္ၾကည့္ေနသလို ခံစားရတာ တကယ္ေတာ့ မေကာင္းပါဘူးေနာ္။ တစ္ခါတစ္ေလမ်ားဆိုရင္ ဝိုင္းေငးတာ ခံရလို႔ ကိုယ့္ရဲ႕ Privacy ေပ်ာက္ဆုံးသလိုေတာင္ ခံစားရပါတယ္။
(၂) အျပစ္တင္ခံရတယ္
႐ုပ္ေခ်ာတာက ေကာင္းတယ္လို႔ပဲ လက္ခံၾကတာမလား။ ဒါေပမဲ့ ႐ုပ္ေခ်ာတဲ့သူေတြဆီမွာ ႐ုပ္ေခ်ာတာကို အျပစ္တစ္ခုလို ခံစားရတဲ့အခ်ိန္ေတြ ရွိပါတယ္။ စာမရတဲ့အခ်ိန္၊ တစ္ခုခု အမွားလုပ္မိတဲ့အခ်ိန္၊ ေဒါသထြက္မိသြားတဲ့အခ်ိန္ စတာေတြမွာ ႐ုပ္ေလးကေခ်ာၿပီး ဆိုၿပီး အစခ်ီကာ လူေတြ ဝိုင္းအျပစ္တင္တာ ခံေနရပါတယ္။ လူတိုင္း အမွားမကင္းၾကေပမဲ့ ႐ုပ္ေခ်ာတဲ့သူေတြက ထူးၿပီးေတာ့ အေျပာခံရပါတယ္။
(၃) ဘဝင္ျမင့္တယ္ စြပ္စြဲခံရတယ္
တကယ္လို႔ တစ္ေယာက္ေယာက္က သီးသန႔္ ေနတတ္တဲ့ ခပ္ေအးေအးတည္တည္ေနတတ္တဲ့သူဆိုရင္ ဘာမွကိစၥမရွိပါဘူး။ ႐ုပ္ေခ်ာတဲ့သူဆိုရင္ေတာ့ ႐ုပ္ေခ်ာတာကို အေၾကာင္းျပၿပီး ပတ္ဝန္းက်င္က ျပစ္တင္သံေတြကို တိုးတိုးတစ္မ်ိဳး က်ယ္က်ယ္တဖုံ ၾကားေနရမွာပါ။ ႐ုပ္ေခ်ာတိုင္း ဘဝင္ျမင့္ေနတယ္။ ႐ုပ္ေခ်ာတိုင္း သူမ်ားေတြကို အဖက္မလုပ္ဘူး။ သူနဲ႔ မတန္ဘူးမ်ား ထင္ေနလား မသိဘူး စသျဖင့္ မ်ိဳးစုံေအာင္ ၾကားေနရလို႔ စိတ္ရႈပ္ေနၾကရတာပါ။
(၄) ဆန႔္က်င္ဘက္လိင္ဆီက ခ်ဥ္းကပ္ခံရမႈ ပိုးပန္းခံရမႈေတြ မ်ားတယ္။
ကိုယ့္ကို တစ္စုံတစ္ေယာက္က စိတ္ဝင္စားတယ္ ခ်စ္တယ္ ဆိုတာကို လူေတြရဲ႕ သဘာဝအရ သေဘာက်ေလ့ ရွိပါတယ္။ ဒါေပမဲ့ ႐ုပ္ေခ်ာတဲ့သူေတြအဖို႔ေတာ့ စိတ္ညစ္ၿပီး ထြက္ေျပးခ်င္မိတဲ့အထိ ခံစားေနရတာပါ။ အတည္ လာသေဘာက်တဲ့သူေတြ ရွိသလို ရမလားဆိုၿပီး လာစမ္းတဲ့သူေတြလည္း ရွိပါတယ္။ လာၿပီးခ်ဥ္းကပ္တဲ့သူေတြကို ဘာမွမတုံ႔ျပန္ရင္ မာနႀကီးတယ္ အေျပာခံရသလို တုံ႔ျပန္ရင္လည္း ေနာက္တမ်ိဳး အေျပာခံရပါတယ္။ ျငင္းလိုက္တဲ့အခါမွာလည္း သူ႔ေလာက္ ႐ုပ္မေခ်ာလို႔ ျငင္းတယ္ ဆိုတာမ်ိဳး အသံက ၾကားရပါေသးတယ္။
(၅) စုတ္စုတ္ျပတ္ျပတ္ ေနမိတဲ့အခါ
တစ္ခါတစ္ခါက် လူေတြ သတိထားမိလြန္းလို႔ ႐ုပ္ေခ်ာတဲ့သူေတြက ေပတိေပစုတ္ ေနတတ္ၾကပါေသးတယ္။ ဒါေပမဲ့လည္း ႐ုပ္ကေလးက ေခ်ာၿပီး ေနေတာ့ စုတ္ျပတ္ေနတာပဲ လို႔ အေျပာခံရျပန္ေရာ။ တစ္ခါတစ္ေလ အိမ္က မိဘကေတာင္ ကိုယ့္ကို အဲ့လိုေနရမလား ဆူပူပါေသးတယ္။
(၆) သူငယ္ခ်င္းေတြကို အားနာရတယ္(မ်က္ႏွာငယ္ရတယ္)
႐ုပ္ေခ်ာလို႔ မ်က္ႏွာငယ္ရတယ္ဆိုတာ ႐ုပ္ေခ်ာတဲ့သူေတြပဲ နားလည္တာပါ။ ကိုယ္နဲ႔ တြဲေနတဲ့ သူငယ္ခ်င္းေတြက ကိုယ့္လိုပဲ ႐ုပ္ေခ်ာေနရင္ အေၾကာင္းမဟုတ္ေပမဲ့ ကိုယ့္ေလာက္ ႐ုပ္မေခ်ာတဲ့အခါ ကိုယ္က ကြဲထြက္ေနသလို ခံစားရၿပီး အၿမဲ အားနာေနရတာပါ။ သူငယ္ခ်င္းေတြ အျပင္အတူသြားၿပီဆိုရင္လည္း လူေတြက ကိုယ့္ကို ကြက္ၾကည့္ ကြက္ၾကည့္ ျဖစ္ေနလို႔ သူငယ္ခ်င္းေတြပါ ေရာၿပီး စိတ္အေႏွာင့္အယွက္ျဖစ္လို႔ အၿမဲ မ်က္ႏွာငယ္ၿပီး အားနာေနရတဲ့သူေတြ ျဖစ္ပါတယ္။ပုံမွန္ ႐ုပ္ရည္ေလးက အေကာင္းဆုံးေနာ္……႐ုပ္ေခ်ာရတာ အရမ္းပင္ပန္းတယ္
Credit: Aunty may
Unicode ဖြင့်ဖတ်ရန်
လူတွေ မသိတဲ့ နေ့စဉ်နဲ့အမျှ ရုပ်ချောတဲ့သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခများ
လူတိုင်းနီးပါးက ရုပ်ချောချင်ကြတယ်။ ရုပ်ချောကြတာကို သဘောကျတယ်။ ရုပ်ချောတာက ကောင်းတယ်လို့ ယူဆကြတယ် မလား။ တကယ်တော့ ရုပ်ရည်ချောမောခြင်းကလည်း လူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အခက်အခဲ တစ်ခုပါပဲ။ နေ့စဉ်နဲ့ အမျှ ရုပ်ချောတဲ့သူတွေက ဒီဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
(၁) လူတကာရဲ့ စိတ်ဝင်စားမှုကို ခံစားရတယ်(မလုံခြုံဘူး)
ရုပ်ရည်ချောမောနေတဲ့အတွက် ဘယ်သွားသွား လူတွေက လိုက်ကြည့်နေတတ်ပါတယ်။ ကိုယ့်ကို လိုက်စောင့်ကြည့်နေသလို ခံစားရတာ တကယ်တော့ မကောင်းပါဘူးနော်။ တစ်ခါတစ်လေများဆိုရင် ဝိုင်းငေးတာ ခံရလို့ ကိုယ့်ရဲ့ Privacy ပျောက်ဆုံးသလိုတောင် ခံစားရပါတယ်။
(၂) အပြစ်တင်ခံရတယ်
ရုပ်ချောတာက ကောင်းတယ်လို့ပဲ လက်ခံကြတာမလား။ ဒါပေမဲ့ ရုပ်ချောတဲ့သူတွေဆီမှာ ရုပ်ချောတာကို အပြစ်တစ်ခုလို ခံစားရတဲ့အချိန်တွေ ရှိပါတယ်။ စာမရတဲ့အချိန်၊ တစ်ခုခု အမှားလုပ်မိတဲ့အချိန်၊ ဒေါသထွက်မိသွားတဲ့အချိန် စတာတွေမှာ ရုပ်လေးကချောပြီး ဆိုပြီး အစချီကာ လူတွေ ဝိုင်းအပြစ်တင်တာ ခံနေရပါတယ်။ လူတိုင်း အမှားမကင်းကြပေမဲ့ ရုပ်ချောတဲ့သူတွေက ထူးပြီးတော့ အပြောခံရပါတယ်။
(၃) ဘဝင်မြင့်တယ် စွပ်စွဲခံရတယ်
တကယ်လို့ တစ်ယောက်ယောက်က သီးသန့် နေတတ်တဲ့ ခပ်အေးအေးတည်တည်နေတတ်တဲ့သူဆိုရင် ဘာမှကိစ္စမရှိပါဘူး။ ရုပ်ချောတဲ့သူဆိုရင်တော့ ရုပ်ချောတာကို အကြောင်းပြပြီး ပတ်ဝန်းကျင်က ပြစ်တင်သံတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တဖုံ ကြားနေရမှာပါ။ ရုပ်ချောတိုင်း ဘဝင်မြင့်နေတယ်။ ရုပ်ချောတိုင်း သူများတွေကို အဖက်မလုပ်ဘူး။ သူနဲ့ မတန်ဘူးများ ထင်နေလား မသိဘူး စသဖြင့် မျိုးစုံအောင် ကြားနေရလို့ စိတ်ရှုပ်နေကြရတာပါ။
(၄) ဆန့်ကျင်ဘက်လိင်ဆီက ချဉ်းကပ်ခံရမှု ပိုးပန်းခံရမှုတွေ များတယ်။
ကိုယ့်ကို တစ်စုံတစ်ယောက်က စိတ်ဝင်စားတယ် ချစ်တယ် ဆိုတာကို လူတွေရဲ့ သဘာဝအရ သဘောကျလေ့ ရှိပါတယ်။ ဒါပေမဲ့ ရုပ်ချောတဲ့သူတွေအဖို့တော့ စိတ်ညစ်ပြီး ထွက်ပြေးချင်မိတဲ့အထိ ခံစားနေရတာပါ။ အတည် လာသဘောကျတဲ့သူတွေ ရှိသလို ရမလားဆိုပြီး လာစမ်းတဲ့သူတွေလည်း ရှိပါတယ်။ လာပြီးချဉ်းကပ်တဲ့သူတွေကို ဘာမှမတုံ့ပြန်ရင် မာနကြီးတယ် အပြောခံရသလို တုံ့ပြန်ရင်လည်း နောက်တမျိုး အပြောခံရပါတယ်။ ငြင်းလိုက်တဲ့အခါမှာလည်း သူ့လောက် ရုပ်မချောလို့ ငြင်းတယ် ဆိုတာမျိုး အသံက ကြားရပါသေးတယ်။
(၅) စုတ်စုတ်ပြတ်ပြတ် နေမိတဲ့အခါ
တစ်ခါတစ်ခါကျ လူတွေ သတိထားမိလွန်းလို့ ရုပ်ချောတဲ့သူတွေက ပေတိပေစုတ် နေတတ်ကြပါသေးတယ်။ ဒါပေမဲ့လည်း ရုပ်ကလေးက ချောပြီး နေတော့ စုတ်ပြတ်နေတာပဲ လို့ အပြောခံရပြန်ရော။ တစ်ခါတစ်လေ အိမ်က မိဘကတောင် ကိုယ့်ကို အဲ့လိုနေရမလား ဆူပူပါသေးတယ်။
(၆) သူငယ်ချင်းတွေကို အားနာရတယ်(မျက်နှာငယ်ရတယ်)
ရုပ်ချောလို့ မျက်နှာငယ်ရတယ်ဆိုတာ ရုပ်ချောတဲ့သူတွေပဲ နားလည်တာပါ။ ကိုယ်နဲ့ တွဲနေတဲ့ သူငယ်ချင်းတွေက ကိုယ့်လိုပဲ ရုပ်ချောနေရင် အကြောင်းမဟုတ်ပေမဲ့ ကိုယ့်လောက် ရုပ်မချောတဲ့အခါ ကိုယ်က ကွဲထွက်နေသလို ခံစားရပြီး အမြဲ အားနာနေရတာပါ။ သူငယ်ချင်းတွေ အပြင်အတူသွားပြီဆိုရင်လည်း လူတွေက ကိုယ့်ကို ကွက်ကြည့် ကွက်ကြည့် ဖြစ်နေလို့ သူငယ်ချင်းတွေပါ ရောပြီး စိတ်အနှောင့်အယှက်ဖြစ်လို့ အမြဲ မျက်နှာငယ်ပြီး အားနာနေရတဲ့သူတွေ ဖြစ်ပါတယ်။ပုံမှန် ရုပ်ရည်လေးက အကောင်းဆုံးနော်……ရုပ်ချောရတာ အရမ်းပင်ပန်းတယ်
Credit: Aunty may


မှတ်ချက်များ