ခ်စ္သူက သင့္ကို တသသ လြမ္းလာေစမယ့္နည္းလမ္း (၅) မ်ိဳး..
Zawgyiျဖင့္ဖတ္ရန္
အလြမ္းဆိုတာကလည္း အခ်စ္ေရးတစ္ခု ပိုခိုင္မာဖို႔၊ ပိုၿပီးေလးနက္လာဖို႔ အတြက္လိုအပ္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ခ်စ္သူက ကိုယ့္ကို အရမ္းလြမ္းလာေစမယ့္ နည္းေလးေတြကို ေဖာ္ျပေပးထားပါတယ္။ ဒီထဲကအတိုင္း လုပ္သြားမယ္ဆိုရင္ ခ်စ္သူက သင့္ကို တသသလြမ္းေနၿပီး သင့္ကို ပိုဂ႐ုစိုက္လာမွာျဖစ္ပါတယ္။
(၁) ဖုန္းအရင္ခ်ပါ
တစ္ေယာက္နဲ႔တစ္ေယာက္ ဖုန္းေျပာတဲ့ အခ်ိန္ေတြမွာ ဖုန္းကိုတတ္ႏိုင္သမွ် သင့္ဘက္ကအရင္ခ်ပါ။ သင္ဆက္ေျပာခ်င္ ေနေသးရင္ေတာင္မွ သင့္ဘက္က အရင္ခ်ပါ။ ဒါမွ တစ္ဖက္လူရဲ႕ စိတ္ထဲမွာ ကလိကလိျဖစ္သြားမွာ ျဖစ္ၿပီး သင္ဘာေတြမ်ား လုပ္ေနမလဲ၊ သူ႔ကိုေရာလြမ္းရဲ႕လား ဆိုၿပီး သင့္အေၾကာင္းေတြကို ေတြးၿပီး တျဖည္းျဖည္း လြမ္းလာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဖုန္းအရင္ခ်ဖို႔ မေမ့ပါနဲ႔။
(၂) တစ္ခါတေလ အလုပ္မ်ားခ်င္ေယာင္ေဆာင္ပါ
သင့္ခ်စ္သူက သင့္ကို ေတြ႕ဖို႔ခ်ိန္းတိုင္း ေခါင္းမၿငိမ့္ပါနဲ႔။ တစ္ခါတေလ အလုပ္မ်ားခ်င္ေယာင္ေဆာင္ၿပီး အခ်ိန္မေပးတာ ေကာင္းပါတယ္။ သင့္ကို ခ်ိန္းတိုင္းသြားေနရင္ သင့္ကို လြမ္းမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ တစ္ခါတေလ သင္ဘယ္ေလာက္ ေတြ႕ခ်င္ခ်င္ အလုပ္အရမ္းရႈပ္ခ်င္ေယာင္ေဆာင္ၿပီး မသြားရင္ သင့္ကိုသူ လြမ္းၿပီးသတိရေနမွာပါ။
(၃) ပစၥည္းေလးေတြခ်န္ခဲ့ပါ
သူ႔အိမ္ ဒါမွမဟုတ္ သူ႔ကားလိုေနရာမ်ိဳးမွာ သင့္ရဲ႕ တိုလီမုတ္စ ပစၥည္းေလးေတြကို ခ်န္ခဲ့ႏိုင္ပါတယ္။ ဥပမာ ႏႈတ္ခမ္းနီ၊ ေခါင္းစည္းႀကိဳး၊ ပုဝါလို မ်ိဳးဟာေလးေတြပါ။ သင္နဲ႔ မေတြ႕တဲ့ အခ်ိန္ေတြမွာ အဲဒီ့ပစၥည္းေလးေတြကို ေတြ႕သြားၿပီး သင့္ကို အရမ္းလြမ္းေနမွာပါ။ ၿပီးရင္ သင့္ကိုေတြ႕ဖို႔ ခ်က္ခ်င္းခ်ိန္းမွာပါ။ ပစၥည္ေလးေတြအစား စာတိုေလးေတြကို သူျမင္ေလာက္တဲ့ ေနရာေလးေတြမွာ ခ်န္ထားခဲ့လို႔လည္းရပါတယ္။
(၄) သူမပါပဲသူငယ္ခ်င္းေတြနဲ႔ေလွ်ာက္သြားပါ
သူ႔အနားမွာပဲ တစ္ခ်ိန္လုံးမေနပါနဲ႔။ အဲဒါဟာ ၿငီးေငြ႕စရာေကာင္းပါတယ္။ အဲဒီ့အစား မိန္းကေလးေတြခ်ည္းပဲ တစ္ရက္ေလာက္ သူမပါပဲ ေလွ်ာက္သြားလိုက္ပါ။ ဒါဆိုရင္ သင့္ကိုသူ အရမ္းလြမ္းေနမွာပါ။ သူမဆက္သြယ္ႏိုင္တဲ့ ေနရာေတြဆိုရင္ ပိုေတာင္ေကာင္းပါေသးတယ္။ သင့္ကို သူပိုၿပီးေတာ့ေတာင္ လြမ္းေနဦးမွာပါ။ တစ္ခါတေလ သူမပါပဲ ေနၾကည့္လိုက္ပါ။ သူနဲ႔ေဝးေလေလ သင့္တန္ဖိုးကို ပိုၿပီး နားလည္လာေလေလ ပိုလြမ္းလာေလေလျဖစ္မွာပါ။
(၄) သင္ႀကိဳက္တဲ့သီခ်င္းကိုထပ္ခါထပ္ခါဖြင့္ပါ
သူနဲ႔ အတူတူ ကားစီးတဲ့အခ်ိန္တို႔၊ အိမ္မွာေနတဲ့ အခ်ိန္မ်ိဳးေတြမွာ သင္ႀကိဳက္တဲ့ သီခ်င္းတစ္ပုဒ္ကို ထပ္ခါထပ္ခါဖြင့္ပါ။ ၿပီးရင္ ဒီသီခ်င္းကို သင္အရမ္းႀကိဳက္တယ္ဆိုတာကို ခဏခဏေျပာေျပာေပးပါ။ တစ္ခါတစ္ခါ သီခ်င္းနဲ႔အတူ လိုက္ကတာတို႔ လိုက္ေအာ္ဆိုတာတို႔ လုပ္လိုက္ပါ။ သင္မရွိတဲ့ အခ်ိန္ အဲ့သီခ်င္းကို သူနားေထာင္လိုက္ရင္ သီခ်င္းနဲ႔အတူ သင့္ရဲ႕ အမူအရာေလးေတြကိုပါ အမွတ္ရသြားၿပီး သင့္ကို အရမ္းလြမ္းလာေတာ့မွာပါ။
(၅) သူအရင္ဆက္သြယ္ပါေစ
သင့္ဘက္ကခ်ည္းပဲ သူ႔ကိုစၿပီး မဆက္သြယ္ပါနဲ႔။ သင္တို႔အၿမဲ ထိေတြ႕ေနတယ္ဆိုရင္ သူသင့္ကို လြမ္းႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္ကိုသူ လြမ္းလာေစဖို႔အတြက္ လိုအပ္တဲ့ အခ်ိန္အတိုင္းအတာ တစ္ခုေရာက္တဲ့ အထိ သူ႔ကို ဘယ္ေလာက္ လြမ္းလြမ္း လုံးဝမဆက္သြယ္ပါနဲ႔။ သူ႔ကိုသင္ မဆက္သြယ္ပဲ ေနတာၾကာသြားတဲ့အခါ သင့္ကိုသူ တျဖည္းျဖည္းလြမ္းလာမွာျဖစ္ၿပီး သူ႔ဘက္ကေနစၿပီး ဆက္သြယ္လာပါလိမ့္မယ္။ အဲဒီ့ေတာ့မွ သင့္ရဲ႕ တန္ဖိုးနဲ႔ သင္ဟာ သူ႔အတြက္ အရမ္းအေရးပါတယ္ဆိုတာကို သူသိလာမွာပါ။
Em
Credit;Zombie(LoveMedia)
Unicodeဖြင့်ဖတ်ရန်
ချစ်သူက သင့်ကို တသသ လွမ်းလာစေမယ့်နည်းလမ်း (၅) မျိုး..
အလွမ်းဆိုတာကလည်း အချစ်ရေးတစ်ခု ပိုခိုင်မာဖို့၊ ပိုပြီးလေးနက်လာဖို့ အတွက်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူက ကိုယ့်ကို အရမ်းလွမ်းလာစေမယ့် နည်းလေးတွေကို ဖော်ပြပေးထားပါတယ်။ ဒီထဲကအတိုင်း လုပ်သွားမယ်ဆိုရင် ချစ်သူက သင့်ကို တသသလွမ်းနေပြီး သင့်ကို ပိုဂရုစိုက်လာမှာဖြစ်ပါတယ်။
(၁) ဖုန်းအရင်ချပါ
တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောတဲ့ အချိန်တွေမှာ ဖုန်းကိုတတ်နိုင်သမျှ သင့်ဘက်ကအရင်ချပါ။ သင်ဆက်ပြောချင် နေသေးရင်တောင်မှ သင့်ဘက်က အရင်ချပါ။ ဒါမှ တစ်ဖက်လူရဲ့ စိတ်ထဲမှာ ကလိကလိဖြစ်သွားမှာ ဖြစ်ပြီး သင်ဘာတွေများ လုပ်နေမလဲ၊ သူ့ကိုရောလွမ်းရဲ့လား ဆိုပြီး သင့်အကြောင်းတွေကို တွေးပြီး တဖြည်းဖြည်း လွမ်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းအရင်ချဖို့ မမေ့ပါနဲ့။
(၂) တစ်ခါတလေ အလုပ်များချင်ယောင်ဆောင်ပါ
သင့်ချစ်သူက သင့်ကို တွေ့ဖို့ချိန်းတိုင်း ခေါင်းမငြိမ့်ပါနဲ့။ တစ်ခါတလေ အလုပ်များချင်ယောင်ဆောင်ပြီး အချိန်မပေးတာ ကောင်းပါတယ်။ သင့်ကို ချိန်းတိုင်းသွားနေရင် သင့်ကို လွမ်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခါတလေ သင်ဘယ်လောက် တွေ့ချင်ချင် အလုပ်အရမ်းရှုပ်ချင်ယောင်ဆောင်ပြီး မသွားရင် သင့်ကိုသူ လွမ်းပြီးသတိရနေမှာပါ။
(၃) ပစ္စည်းလေးတွေချန်ခဲ့ပါ
သူ့အိမ် ဒါမှမဟုတ် သူ့ကားလိုနေရာမျိုးမှာ သင့်ရဲ့ တိုလီမုတ်စ ပစ္စည်းလေးတွေကို ချန်ခဲ့နိုင်ပါတယ်။ ဥပမာ နှုတ်ခမ်းနီ၊ ခေါင်းစည်းကြိုး၊ ပုဝါလို မျိုးဟာလေးတွေပါ။ သင်နဲ့ မတွေ့တဲ့ အချိန်တွေမှာ အဲဒီ့ပစ္စည်းလေးတွေကို တွေ့သွားပြီး သင့်ကို အရမ်းလွမ်းနေမှာပါ။ ပြီးရင် သင့်ကိုတွေ့ဖို့ ချက်ချင်းချိန်းမှာပါ။ ပစ္စည်လေးတွေအစား စာတိုလေးတွေကို သူမြင်လောက်တဲ့ နေရာလေးတွေမှာ ချန်ထားခဲ့လို့လည်းရပါတယ်။
(၄) သူမပါပဲသူငယ်ချင်းတွေနဲ့လျှောက်သွားပါ
သူ့အနားမှာပဲ တစ်ချိန်လုံးမနေပါနဲ့။ အဲဒါဟာ ငြီးငွေ့စရာကောင်းပါတယ်။ အဲဒီ့အစား မိန်းကလေးတွေချည်းပဲ တစ်ရက်လောက် သူမပါပဲ လျှောက်သွားလိုက်ပါ။ ဒါဆိုရင် သင့်ကိုသူ အရမ်းလွမ်းနေမှာပါ။ သူမဆက်သွယ်နိုင်တဲ့ နေရာတွေဆိုရင် ပိုတောင်ကောင်းပါသေးတယ်။ သင့်ကို သူပိုပြီးတော့တောင် လွမ်းနေဦးမှာပါ။ တစ်ခါတလေ သူမပါပဲ နေကြည့်လိုက်ပါ။ သူနဲ့ဝေးလေလေ သင့်တန်ဖိုးကို ပိုပြီး နားလည်လာလေလေ ပိုလွမ်းလာလေလေဖြစ်မှာပါ။
(၄) သင်ကြိုက်တဲ့သီချင်းကိုထပ်ခါထပ်ခါဖွင့်ပါ
သူနဲ့ အတူတူ ကားစီးတဲ့အချိန်တို့၊ အိမ်မှာနေတဲ့ အချိန်မျိုးတွေမှာ သင်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါဖွင့်ပါ။ ပြီးရင် ဒီသီချင်းကို သင်အရမ်းကြိုက်တယ်ဆိုတာကို ခဏခဏပြောပြောပေးပါ။ တစ်ခါတစ်ခါ သီချင်းနဲ့အတူ လိုက်ကတာတို့ လိုက်အော်ဆိုတာတို့ လုပ်လိုက်ပါ။ သင်မရှိတဲ့ အချိန် အဲ့သီချင်းကို သူနားထောင်လိုက်ရင် သီချင်းနဲ့အတူ သင့်ရဲ့ အမူအရာလေးတွေကိုပါ အမှတ်ရသွားပြီး သင့်ကို အရမ်းလွမ်းလာတော့မှာပါ။
(၅) သူအရင်ဆက်သွယ်ပါစေ
သင့်ဘက်ကချည်းပဲ သူ့ကိုစပြီး မဆက်သွယ်ပါနဲ့။ သင်တို့အမြဲ ထိတွေ့နေတယ်ဆိုရင် သူသင့်ကို လွမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုသူ လွမ်းလာစေဖို့အတွက် လိုအပ်တဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့ အထိ သူ့ကို ဘယ်လောက် လွမ်းလွမ်း လုံးဝမဆက်သွယ်ပါနဲ့။ သူ့ကိုသင် မဆက်သွယ်ပဲ နေတာကြာသွားတဲ့အခါ သင့်ကိုသူ တဖြည်းဖြည်းလွမ်းလာမှာဖြစ်ပြီး သူ့ဘက်ကနေစပြီး ဆက်သွယ်လာပါလိမ့်မယ်။ အဲဒီ့တော့မှ သင့်ရဲ့ တန်ဖိုးနဲ့ သင်ဟာ သူ့အတွက် အရမ်းအရေးပါတယ်ဆိုတာကို သူသိလာမှာပါ။
Em
Credit;Zombie(LoveMedia)


မှတ်ချက်များ